Showing posts with label လင္းလက္တာရာ. Show all posts
Showing posts with label လင္းလက္တာရာ. Show all posts

Tuesday, June 18, 2013

မာက်ဴရီမီးလွ်ံေတြကျပင္းအား နွွစ္ဆ ကူးစက္ဗိုင္းရပ္စ္ေတြက ဖလန္းဖလန္း ျမန္နွဳန္းျမင့္ ဆိုရွယ္အသစ္က်ပ္ခြ်တ္ၾကီးက ၉ ေလာက္ရွိတယ္

ျဖစ္ေနက်ဟာ ပ်က္ေနက် တကၠနစ္ၾကီးထဲကေန မလြတ္ေျမာက္နိုင္
ဒီေန ့နားေထာင္မိတဲ့ မဟာဆန္သူ က ဦးတိုးၾကီးမဟုတ္ဘူး အပူပိုင္းမုန္တိုင္း
ပ်က္စီးႏိုင္ဖြယ္အလားအလာရွိေသာ အသက္အိုးအိမ္မ်ား ေန႔စဥ္သတင္းခန္႔မွန္းခ်က္ စိုးရိမ္ေရအမွတ္မ်ား
ေလတုိက္ႏႈန္း တစ္နာရီ မိုင္(၆၀) Emergency အေရးေပၚ လတ္တေလာ အနိဌာရံု တိုက္ရိုက္တင္ဆက္ျပသခ်က္မ်ား
လူမွဳေရးအရွဳပ္ေတာ္ပံုၾကီးက မီးခဏခဏပ်က္ေနတယ္ ေဗ်ာက္ထေနတဲ့ ခ်န္နယ္ေပၚကေန ရီမုတ္ဟာ ေရြ ့မရဘူး
ၿမိ့ဳ ၿပ သစ္ကိုင္းၾကီးေပၚမွာ တစ္ခုခုကို ထိုးသုတ္ဖို ့အသင့္အေနအထား ၾကီးမိုက္ေတြ
ေငြနံ ့ဟာ လူၾကိဳက္မ်ားတဲ့ ေရေမႊး ေခတ္ေပၚယဥ္ေက်းမွဳ ဓါးသြားမ်ိဳးစံု နယ္ျခားစည္းေတြ တရၾကမ္းခ်ိဳးဖ်က္
ေခတ္အျမိဳက္ၾကီးထဲ အရွိန္ျပင္းျပင္းထိုးေဖာက္၀င္ေရာက္လာ
လူၾကီး၊လူငယ္၊လူမ်ိဳးဘာသာမေရြး အသင့္စားသံုးႏိုင္ မဖြယ္မရာ ေအာ္ဂလီဆန္မႈမ်ား အဆင့္ျမင့္မ်ိဳးပြားႏႈန္းျမင့္တက္
ေလေကာင္းေလသန္ ့နဲ ့ေခတ္ေကာင္း ေခတ္သန္ ့ကို ဆာေလာင္ငတ္မြတ္ၾကသူေတြခ်ည္းပဲ
စိတ္တြင္းနက္ၾကီးထဲ အဖိတ္အစင္မ်ားမ်ား အညစ္အေၾကးမ်ားမ်ား
အဆင့္ျမင့္အိမ္ယာထဲက လူ ့အခြင့္အေရး ခ်ိဳးေဖာက္မွဳေတြ  လိုကယ္ နဲ ့ ဗီအိုင္ပီ နဲ ့ ငစိန္နဲ ့ ေပၚဆန္ေမႊးနဲ ့
အာဏာရွင္စနစ္ရဲ့ ဖြားဖက္ေတာ္ဟာ ေဟာ့ဒီေလ်ာ္မရဖြတ္မရတဲ့ အနီေရာင္ ကင္းဗက္စ္ၾကီးပဲ
ေလ်ာက်ပြန္းပဲ့ပါးလ်လာတဲ့ လူမွဳ ဆက္ဆံေရးေတြ ေရေပၚဆီ အေရးတယူမွဳေတြ
ေသြးေတြ တစက္စက္က်လာတဲ့အထိ လက္ဆြဲနွဳတ္ဆက္လိုက္ၾက
ျပည္သူေတြရဲ႕မ်က္ရည္ပူပူနဲ ့ေျခာက္ကပ္ကပ္လက္ခုပ္သံေတြ ေဖ်ာ္စပ္ထားတဲ့ အက်ိဳးတူပူးေပါင္းျခင္းေကာ္ဖီခြက္
အစြန္းေရာက္မွဳဟာ ကင္ဆာထက္ ဆိုးတယ္ ေအ့စ္ထက္ သာတယ္ ေနာက္ဆံုးေပၚ မေကာင္းဆိုးဝါး
တစ္ဖက္ပိတ္ဂူၾကီးထဲ လူ ့ယဥ္ေက်းမွဳေတြ ပိတ္မိေနတယ္
ဆႏၵျပပြဲ အငွားလိုက္သည္ တဲ့ ရယ္ရတယ္ ငိုရတယ္ ေစးကပ္ပ်စ္ခဲလာတဲ့ ရုပ္နာမ္အစုအေဝးၾကီး
မလူးသာမလြန္႔သာ ဆုတ္ကပ္ ဆိုက္ကပ္ေတြ တစ္ကပ္ၿပီးတစ္ကပ္ တစ္ကဒ္ၿပီးတစ္ကဒ္ တဖ်တ္ဖ်တ္
အာရံုခံစားမႈက ဘိန္းစားတစ္ေယာက္သာသာ ေခတ္ႀကီးရဲ႕ေသြးေၾကာထဲ
မူးယစ္ရီေ၀ျခင္းေတြ အေတာင့္လိုက္ထိုးသြင္းရင္း social ေတြ တျဖည္းျဖည္းက် တ၀ုန္း၀ုန္းက်
က်သထက္က် က်ပ္သထက္က်ပ္ လွ်ပ္ေပၚေလာလီမႈဟာ ဖံုးမရဖိမရတဲ့ အက္ကြဲေၾကာင္းႀကီးျဖစ္လာ
ပညာကို FEC နဲ ့ဝယ္ရ ဦးေနွာက္ထဲ စက္ရုပ္အေတြးအေခၚေတြ အနည္ထိုင္ ေက်ာက္ျဖစ္
ခ်စ္လွစြာေသာ ျမစ္ၾကီးရဲ့ က်န္းမာေရးကလည္း ခ်ဴခ်ာ အလင္းဟာ ပိန္လာတယ္ ပိန္းလာတယ္ ပိတ္လာတယ္
ရီဆိုင္ကယ္ ဟာ မည္းမည္းျမင္ရာ ထည့္ၾကိတ္ေနေတာ့တာပဲ ေျခခ်င္းလိမ္ေနတဲ့အရႈပ္ထုပ္မ်ား
ေပၚပင္ဆန္ဆန္ လူအခြင့္အေရးမ်ား အာဏာ/နာ လွ်ာနာခြာနာမ်ား ေထြးမရအန္မရ ၿမိဳခ်မရ freedom ၾကီး
'စစ္'တုရင္ ေပၚမွာ နယ္ရုပ္ေလးေတြ တစ္ကြက္တက္တာနဲ႔ တစ္ခါအစားခံလုိက္ရ တစ္လွမ္းတိုးတာနဲ႔ တစ္ခါမ်ိဳးကန္းရ
ဒီအေရးလား ဒို႔အေရးလား သူ႔အေရးလား ခပ္တည္တည္ ေရးလိုက္ၾက demo လိုလို homo လိုလို ဟိုလိုလုိ ဒီလိုလို
ခ်ည္မ်ွင္ အရွဳပ္အေထြးၾကီးထဲ ဝမ္းေရးေတြ လိမ္ပတ္ ေပ်ာ္ရႊင္မွဳ စစ္စစ္ဟာ စစ္ေတြ စနစ္ေတြထဲမွာ
သေႏၶ ခဏခဏ ပ်က္က်တယ္ effect ေတြထူလပ်စ္နဲ ့ကမၻာ ရမၼက္ခိုးေတြ အရည္ထြက္ေနတဲ့ ကမၻာ
ခ်စ္ျခင္းေမတၲာဟာ ပိုင္းစစိတ္ျမႊာခံနိုင္ဆံုးစာသားပဲ  ဆိုက္ကိုလိုဂ်ီ အေဆာက္အအံု
အနုပညာစိုက္ခင္း အသစ္နံ ့ေတြအူထြက္ေနတဲ့ လူငယ္ ပြေယာင္းေယာင္း ေဖာင္းကားကား လိင္ယဥ္ေက်းမွဳ
ထိတ္လန္ ့့ဖြယ္ရာေတြ ဒလေဟာစီးဆင္း ျမိ့ဳၿပေရတံခြန္အတုၾကီး
ဦးေနွာက္အတု နွလံုးသားအတု မ်က္လံုးအတု နားအတု စိတ္အတု ဆီလီကြန္ျမိ့ဳႀကီးထဲ
တစ္စစီ တစ္မွဳန္ ့စီ တစ္ခဲစီ တစ္ခ်ပ္စီ တ ဆစ္ ဆစ္ ကိုက္ခဲေနတဲ့ အနာေဟာင္းႀကီးလုိ ညွီစို ့စို ့
မွဳတ္ဝဲစုပ္ဝဲေတြနဲ ့ဖြဲ ့စည္းတည္ေဆာက္ထားတဲ့ လူ ့ကြန္ယက္ေရစီးေၾကာင္းၾကီး
နိုင္ငံေရးဆိပ္ကမ္းမွာ ဆိုက္ကပ္မွဳစိတ္ေတြ ကန္းလို ့မျဖစ္ဘူး စ္ိုက္ထားတဲ့ပန္းေတြ ရင္ေျမသားအျပည့္ 

 လင္းလက္တာရာ& ေရႊဆက္
 (14.5.2013)

Tuesday, March 12, 2013

ဘာသာစကားသစ္ပင္မွာ လူတို ့ အလြယ္တကူ မဆြတ္ခူးနိဳင္တဲ့ အသီးအပြင့္ေတြ


အေရျပားထဲ အေရးေပၚထိုးစိုက္ သတင္းမီးက်ည္စေတြ တေငြ ့ေငြ ့ ဝါစိမ္းနီ live show နဲ ့ၿမိ့ဳၾကီး
ေလာက္မ်ား ဗိုင္းရပ္စ္မ်ား ပိုးမႊားမ်ား   ကူးစက္အခင္းအက်င္းအသစ္ဟာ    အသင့္အေနအထား
ညထဲ   ေခါက္ထည့္ထားတဲ့ညကို  ညက   အတင္း အဓမၼ   အတြင္းခံလုပ္   ဝတ္သြား     ပြဲေတာ္
အသားစိုင္ေတြက   အသားဆိုင္ရိွရာ ေဘးကိုေဘးကို    ေခါင္းေလာင္းခ်ိဳခ်ိဳေလးက  ဘယ္ေစ်းလဲ
ေလ်ာ့ရဲေပ်ာ့ၿပဲေက်ာက္တံုး  ေတာင့္တင္းမာခဲရယ္သံ  လေရာင္ဟာ  ေလၿဖတ္   အေၾကာေသ  ရြဲ ့
ေစာင္း ဒရြတ္တိုက္ စိတ္အက္ေၾကာင္းထဲ ေၿမာင္းပုပ္ၾကီးစီးဝင္ ခႏၥာကိုယ္ၾကီးသည္အဆီယစ္လွ်က္
ရိွရာမွ  အသက္ရွဴသံကို  ရုတ္တရက္  ခလုတ္ပိတ္ခ်လိုက္၏   ေအဘီေသြးရိွလား   ေအ ဘီ  ေသြး
အစြဲအလမ္းဟာ လမ္းေပၚလိုင္းေၿပာင္းၿပန္  wi-fi အေရးတၾကီးလိုအပ္  ၿပဳၿပင္ဆဲယာဥ္မ်ားသာ ရပ္
နားရန္ ကြ်န္ေတာ့္ကို အၿမွဳပ္ထြက္တဲ့  အထိ  ခေလာက္ပါ  ပံုေနာက္မွာ  မ်ဥ္းေစာင္းခံ    လက္မွတ္
အလန္းစားနဲ ့လူငယ္  ဒီနံရံကိုေဖာက္ၿပီးရင္  ေနာက္နံရံကို ေရာက္ၿပီဗ်  လူသားဆန္မွဳဟာ   ဘယ္
ၿဂိဳလ္မွာ စစ္သားေလးရဲ့ေမေမ သို ့မဟုတ္ ဘုရားပန္းအိုးေလးထဲ ဆုေတာင္းေလးတစ္ပြင့္ထိုးစိုက္သူ
အာရွတိုက္ၾကီးကိုက အက်အေပါက္မ်ားေနတာ အေသခံ ဗံုးခြဲသမားရဲ့ ႏွလုံးသားဟာ လြန္ခဲ့တဲ့ ၃ နွစ္
ကတည္းက   ေသဆံုးေနေၾကာင္း  please try again   နွိပ္လိုက္တိုင္း  ကီးေၾကာင္ေနတဲ့   လက္ေဗြ
နစ္ေရွးနဲ ့ဘုရားသခင္ ဒူးရႊန္ ့နဲ ့အိမ္သာခြက္ ေဘာ္လ္တဲယား ငံု ့ၾကည့္ခဲ့တဲ့ တြင္းနက္ၾကီးနဲ  ့လူမ်ား
သကၠရာဇ္မ်ား သမိုင္းမ်ား ေန ့ထူးေန ့ၿမတ္ေတြကို ဆင္ဆာၿဖတ္ဦးမွာလား ကမၻာ့သားအိမ္ၾကီးထဲသို ့
သူလွ်ိဳေတြ အလွ်ိဳလွ်ိဳေရာက္ရိွ သေႏၥခ မစၥစၥပီတံတားၾကီးက်ိဳးက်တုန္းက ငါက ေမွာ္ဝန္းေခ်ာင္းထဲမွာ
ငါးမွ်ားေနတာ ကဗ်ာထဲကို ကလစ္တစ္ခ်က္ ”ငါ့ညေနေလးကို ဝယ္မလား” နံၾကား ဒါမွမဟုတ္ ေနာက္
ေက်ာထဲကို  ကလစ္တစ္ခ်က္   “ပိုင္ရွင္မဲ့ဦးေခါင္းေတြ ့ရိွ“  ငယ္နာမည္  ခ်စ္ၿခင္းေမတၱာ  ၿဖစ္ေၾကာင္း
ေထာက္ခံစာ ေဘထုပ္ေလးမွာလည္း သူ ့ကိုယ္သင္းရနံ ့နဲ ့သူ အနုပညာ ေငြေၾကး ဂုဏ္သိကၡာ ပညာ
အာဏာ ကိေလသာ ပြတ္ၾကည့္လိုက္တိုင္း ဒီအပြင့္ေတြခ်ည္းပဲ ဂ်ာေအး  ကြ်န္မကို တစ္ညေလာက္ပဲ
ၿဖစ္ၿဖစ္ ေသြးသားေၿဖေဖ်ာက္ ေပးသြားစမ္းပါဂြ်န္ မီးအလင္းအေမွာင္က ဒီေနရာမွာ စကားေၿပာသြားၿပီ
အ / ထူး / ၿပဳ / လုပ္ / ခ်က္ / ရုပ္ေသး/ ရုပ္ေသ/ ရုပ္ရွင္ မီတာတကၠစီက ဒီအဝိုင္းၾကီးကိုခ်ည္းပတ္ေန
တာ ၃ေခါက္ ဟိုးထားၾဆာ နိုင္ငံေရးပါတယ္ ေတာက်ီးကန္းေလးက တစ္ေကာင္တည္း ဆင္ပုပ္ၾကီးက
အုပ္လိုက္ သမုဒၵရာ  ၿဖစ္နိုင္ရင္   မင္း     ကို    ဝမ္း    နဲ  ့   လြယ္   ထား   ခ်င္   တယ္   ရန္   ကုန္


လင္းလက္တာရာ
၉၊၃၊၂၀၁၃

Tuesday, January 8, 2013

လူသားဟာ စက္ရုပ္နဲ ့ သားစပ္ထားတဲ့ အသားစိုင္ၾကီး ဘယ္လို ဘယ္လိုအသားစိုင္ၾကီးဟာ စက္ရုပ္နဲ ့သားစပ္ထားတဲ့ လူသား


space ဟာ တၿဖည္းၿဖည္း  speed ၿမန္လာ
အသက္ရွင္ရတာ ခ်ိဳလား အခြံၾကီးသက္သက္ဟာ ခါးသက္သက္ၾကီး
ဆိုပါစို ့ အနဳပညာဟာ ခ်က္ေရာင္းလို ့ေကာင္းတဲ့ အရာ ဟုတ္မဟုတ္
ခ်က္ေက်ာက္ေၿပာင္ေၿပာင္ေတြ လူေတာ တိုးမတိုး
ေယာင္ဝါးဝါးကိုပဲ ဝါးေနရံုနဲ ့အရသာ မၿပီးၿပည့္စံုေသး
လမ္းမႊာေတြကို နွီးၿဖာသလို ၿဖာၾကည့္
ေညွာ္ေဆာ္နံေအာင္ေရးရင္ ေညွာ္ေစာ္နံမွာပဲ
ညဥ့္သံုးယံစလံုး ေခါင္းမီးေတာက္မိတဲ့ အခါ
အေရးအသားေတြ လြတ္ထြက္သြားမယ္ ဘာသာစကားေတြ အဖိတ္အစင္မ်ားမယ္
ေက်ာတစ္ခင္းစာက နားနားေနေနကို မသိဘူး
တစ္ဝမ္းတစ္ခါးက စိမ္ေၿပနေၿပကို နားမလည္ဘူး
ေၾကာ္ၿငာကို ေၾကာ္ၿငာေပးရတာေလာက္ စိတ္ပိန္စရာ ရိွဦးမလား
ရိွ ကာလေဒသအလိုက္ ေကာလာဟလ ဆိုတာ ရိွ
စိတ္ကူးလိုက္ရံုနဲ ့ စိတ္ကူးေတြ သမ္းေဝသြား
ေမးလိုက္ “ငါ့စိတ္ကူးစိတ္သန္းကို စနက္တံ လာတပ္တာ ဘယ္သူလဲ” လိုု ့
ဟစ္ေဟာ့ပ္ လိုက္ဆိုရံုနဲ ့ေခတ္မီေရာလား
တက္တူးထိုး ဆံပင္အနီ ဆိုးလိုက္ရံုနဲ ့ေခတ္မီေရာလား
ေၿပာလိုက္ အားေကာင္းေမာင္းသံေတြ မိန္းမရည္ၿခံဳေနၿပီ
မ်က္စိေနာက္စရာကလည္း ဒုနဲ ့ေဒး မ်က္နွာပ်က္စရာကလည္း ဒလေဟာ
ရိုးရာအစားအစာေတြ ယင္နားေနတာ တဝီဝီ
အေရးအေၾကာင္းဆို ဟြန္းနက္ၾကီး တတီတီနဲ ့ ခြီးမွပဲ
ကိုယ္ခ်င္းစာတရားကို မူၾကိဳေက်ာင္းသားေလးဆီက သြားသင္လိုက္ဦး
သမားရိုးက်ေတြကို အေရခြံ ခြာဖို ့သမားေတာ္ လိုမလို
မိွဳတက္ေနတဲ့ အာရံုခံစားမွဳေတြကို မီးရိွဳ ့ပစ္လိုက္
ေခါင္းစဥ္ေအာက္မွာပဲ မကြ်တ္မလြတ္ကူးခတ္ေနရတာ လက္ပမ္းမက်ေသးဘူးလား မိတ္ေဆြ+အသင္း
ၿပိဳက်ၿပန္ ့ၾကဲေနတဲ့ အပိုင္းပိုင္း အၿပတ္ၿပတ္ေတြကို အကိုးအကားမဲ့မဲ့ တြဲစပ္
ကိုယ့္နံနက္ခင္းနဲ ့ကိုယ့္ေကာ္ဖီခြက္ပဲ
ဒီနွာေခါင္းထဲက ထြက္လာတဲ့ေလဟာ ဟိုနွာေခါင္းထဲ ဝင္သြား
သားေကာင္ဟာ သားသားနားနား မုဆိုးဟာ စုတ္စုတ္ၿပတ္ၿပတ္
မူယာမာယာဟာ မူလီစုပ္ထားတဲ့ အတိုင္း အၿငိမ္
လုပ္ၿပံဳးၾကီးဟာ လူအုပ္ထဲ အတင္းကာေရာ ေမာင္းဝင္လာၿပန္
မဂၤလာပါ ေသၿခင္းတရားခင္ဗ်ား
ၾကိဳက္နွစ္သက္ရာ အေၾကာင္းၿခင္းရာမ်ားကို အခ်ိန္မေရြး စိတ္ၾကိဳက္ ေရြးခ်ယ္စားသံုးနိဳင္ပါၿပီ
အခ်စ္သည္ တေစၦ သို ့မဟုတ္ သူလွ်ိဳ သို ့မဟုတ္ ေသြးစုပ္ဖုတ္ေကာင္ သို ့မဟုတ္ တစ္စံုတရာ တစ္ခုခု
တစ္ေန ့ထက္တစ္ေန ့ “တစ္ေန ့သ၌” ေတြ ရိုးအီလာ
ေခတ္က ဘာသာစကား အသစ္တတ္မွ လူရာဝင္တယ္လား
မင္းေၿပာေတာ့ ဂလိုဘယ္လ္လိုက္ေဇးရွင္း အိုင္တီက စကားနည္းနည္းေၿပာၿပီး မ်ားမ်ားေတြးေခၚၿခင္းဆို
ခု လူမွဳဆက္ဆံေရး live show မွာ မုသားဟာ နားဝင္အခ်ိဳဆံုး သီခ်င္းပဲ
ၿမိ့ဳၾကီးၿပၾကီးဟာ ေမတၱာတရားကို ၾကိဳးရွည္ရွည္နဲ ့လွန္ထားတယ္
ပုထုဇဥ္ဟာ ပုထုဇဥ္ပီပီ ပုထုဇဥ္
ဝဋ္ဒုကၡကို စမတ္က်က် ဝတ္ဆင္လို ့ အကုသိုလ္ကို နိဳင္ငံၾကီးသားပီပီ hello! how are you?ဘာညာ
မိေမြးတိုင္းဖေမြးတိုင္း ၿပန္သစ္ခ်င္တယ္ဆိုတဲ့ ကေညာ့ခ်က္မွာ ကြန္မန္ ့ေတြ ဗံုးေပါလေအာ
လူၿဖစ္ရတာတန္သလား ေခြးၿဖစ္ရတာေရာ မတန္ဘူးလား
ေက်ာသားရင္သားမခြဲၿခားေတာ့ပါဘူး ဆိုတဲ့ ဖြင့္ဆိုခ်က္ဟာ ပလုတ္ပေလာင္းသံၾကီး
ဆာေလာင္ေနတဲ့ ေၾကာင္ဟာ ဆာေလာင္ေနတဲ့ အစာအိမ္ထဲ ဘယ္လိုဘယ္လို
ရွင္ဖို ့သက္သက္ ေသတြင္းကိုနက္နက္တူး
ၿဖစ္သလို ဆြဲစိထားတဲ့ ေသေကာင္ေပါင္းလဲေတြ
ရွင္ဖို ့သက္သက္ ေသတြင္းကိုနက္နက္တူး
ဆာေလာင္ေနတဲ့ ေၾကာင္ဟာ ဆာေလာင္ေနတဲ့ အစာအိမ္ထဲ ဘယ္လိုဘယ္လို
ေက်ာသားရင္သားမခြဲၿခားေတာ့ပါဘူး ဆိုတဲ့ ဖြင့္ဆိုခ်က္ဟာ ပလုတ္ပေလာင္းသံၾကီး
လူၿဖစ္ရတာတန္သလား ေခြးၿဖစ္ရတာေရာ မတန္ဘူးလား
မိေမြးတိုင္းဖေမြးတိုင္း ၿပန္သစ္ခ်င္တယ္ဆိုတဲ့ ကေညာ့ခ်က္မွာ ကြန္မန္ ့ေတြ ဗံုးေပါလေအာ
ဝဋ္ဒုကၡကို စမတ္က်က် ဝတ္ဆင္လို ့ အကုသိုလ္ကို နိဳင္ငံၾကီးသားပီပီ hello! how are you?ဘာညာ
ပုထုဇဥ္ဟာ ပုထုဇဥ္ပီပီ ပုထုဇဥ္
ၿမိ့ဳၾကီးၿပၾကီးဟာ ေမတၱာတရားကို ၾကိဳးရွည္ရွည္နဲ ့လွန္ထားတယ္
ခု လူမွဳဆက္ဆံေရး live show မွာ မုသားဟာ နားဝင္အခ်ိဳဆံုး သီခ်င္းပဲ
မင္းေၿပာေတာ့ ဂလိုဘယ္လ္လိုက္ေဇးရွင္း အိုင္တီက စကားနည္းနည္းေၿပာၿပီး မ်ားမ်ားေတြးေခၚၿခင္းဆို
ေခတ္က ဘာသာစကား အသစ္တတ္မွ လူရာဝင္တယ္လား
တစ္ေန ့ထက္တစ္ေန ့ “တစ္ေန ့သ၌” ေတြ ရိုးအီလာ
အခ်စ္သည္ တေစၦ သို ့မဟုတ္ သူလွ်ိဳ သို ့မဟုတ္ ေသြးစုပ္ဖုတ္ေကာင္ သို ့မဟုတ္ တစ္စံုတရာ တစ္ခုခု
ၾကိဳက္နွစ္သက္ရာ အေၾကာင္းၿခင္းရာမ်ားကို အခ်ိန္မေရြး စိတ္ၾကိဳက္ ေရြးခ်ယ္စားသံုးနိဳင္ပါၿပီ
မဂၤလာပါ ေသၿခင္းတရားခင္ဗ်ား
လုပ္ၿပံဳးၾကီးဟာ လူအုပ္ထဲ အတင္းကာေရာ ေမာင္းဝင္လာၿပန္
မူယာမာယာဟာ မူလီစုပ္ထားတဲ့ အတိုင္း အၿငိမ္
သားေကာင္ဟာ သားသားနားနား မုဆိုးဟာ စုတ္စုတ္ၿပတ္ၿပတ္
ဒီနွာေခါင္းထဲက ထြက္လာတဲ့ေလဟာ ဟိုနွာေခါင္းထဲ ဝင္သြား
ကိုယ့္နံနက္ခင္းနဲ ့ကိုယ့္ေကာ္ဖီခြက္ပဲ
ၿပိဳက်ၿပန္ ့ၾကဲေနတဲ့ အပိုင္းပိုင္း အၿပတ္ၿပတ္ေတြကို အကိုးအကားမဲ့မဲ့ တြဲစပ္
ေခါင္းစဥ္ေအာက္မွာပဲ မကြ်တ္မလြတ္ကူးခတ္ေနရတာ လက္ပမ္းမက်ေသးဘူးလား မိတ္ေဆြ+အသင္း
မိွဳတက္ေနတဲ့ အာရံုခံစားမွဳေတြကို မီးရိွဳ ့ပစ္လိုက္
သမားရိုးက်ေတြကို အေရခြံ ခြာဖို ့သမားေတာ္ လိုမလို
ကိုယ္ခ်င္းစာတရားကို မူၾကိဳေက်ာင္းသားေလးဆီက သြားသင္လိုက္ဦး
အေရးအေၾကာင္းဆို ဟြန္းနက္ၾကီး တတီတီနဲ ့ ခြီးမွပဲ
ရိုးရာအစားအစာေတြ ယင္နားေနတာ တဝီဝီ
မ်က္စိေနာက္စရာကလည္း ဒုနဲ ့ေဒး မ်က္နွာပ်က္စရာကလည္း ဒလေဟာ
ေၿပာလိုက္ အားေကာင္းေမာင္းသံေတြ မိန္းမရည္ၿခံဳေနၿပီ
တက္တူးထိုး ဆံပင္အနီ ဆိုးလိုက္ရံုနဲ ့ေခတ္မီေရာလား
ဟစ္ေဟာ့ပ္ လိုက္ဆိုရံုနဲ ့ေခတ္မီေရာလား
ေမးလိုက္ “ငါ့စိတ္ကူးစိတ္သန္းကို စနက္တံ လာတပ္တာ ဘယ္သူလဲ” လိုု ့
စိတ္ကူးလိုက္ရံုနဲ ့ စိတ္ကူးေတြ သမ္းေဝသြား
ရိွ ကာလေဒသအလိုက္ ေကာလာဟလ ဆိုတာ ရိွ
ေၾကာ္ၿငာကို ေၾကာ္ၿငာေပးရတာေလာက္ စိတ္ပိန္စရာ ရိွဦးမလား
တစ္ဝမ္းတစ္ခါးက စိမ္ေၿပနေၿပကို နားမလည္ဘူး
ေက်ာတစ္ခင္းစာက နားနားေနေနကို မသိဘူး
အေရးအသားေတြ လြတ္ထြက္သြားမယ္ ဘာသာစကားေတြ အဖိတ္အစင္မ်ားမယ္
ညဥ့္သံုးယံစလံုး ေခါင္းမီးေတာက္မိတဲ့ အခါ
ေညွာ္ေဆာ္နံေအာင္ေရးရင္ ေညွာ္ေစာ္နံမွာပဲ
လမ္းမႊာေတြကို နွီးၿဖာသလို ၿဖာၾကည့္
ေယာင္ဝါးဝါးကိုပဲ ဝါးေနရံုနဲ ့အရသာ မၿပီးၿပည့္စံုေသး
ခ်က္ေက်ာက္ေၿပာင္ေၿပာင္ေတြ လူေတာ တိုးမတိုး
ဆိုပါစို ့ အနဳပညာဟာ ခ်က္ေရာင္းလို ့ေကာင္းတဲ့ အရာ ဟုတ္မဟုတ္
အသက္ရွင္ရတာ ခ်ိဳလား အခြံၾကီးသက္သက္ဟာ ခါးသက္သက္ၾကီး
space ဟာ တၿဖည္းၿဖည္း  speed ၿမန္လာ


                         လင္းလက္တာရာ
                            ၁၅၊၁၂၊၂၀၁၂

Tuesday, December 25, 2012

ဆိုလိုတာက လိုဂို ေတြ ေၿခခ်င္းလိမ္ေနတဲ့ ဂလိုဘယ္လ္


ဖြင့္ခ်လိုက္တာလား သို ့မဟုတ္ ဖဲ့ထုတ္လိုက္တာလား အေရြ ့ဟာ ပေစာက္ေကြ ့မွာ ဘြားခနဲ
ဒီသစ္ရိုင္းသားကေန ဒီအနဳပညာကို ဒီအတိုင္းၾကီး ထြက္က်လာတာေတာ့ မဟုတ္ဘူး မဟုတ္ဘူး
ဟုတ္တယ္ loading ဟာ ဒီလိုင္းမွာ လာစိုက္ေနတာ တန္းလန္းၾကီး  ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို
ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို နံနက္ခင္းအသစ္ေလးကို ေအာ္ေခၚေနတာ လွ်ာတိုေနၿပီ
စိတ္ၾကီးဝင္မွဳကို ဧည့္ခန္းထဲကေန ေနာက္ေဖးေပါက္ထဲ ကန္ထည့္ပစ္လိုက္တယ္
ကီးဘုတ္ကေန ရိုက္ခ်လိုက္သမွ် စခရင္ေပၚ ေပ်ာ္ေပ်ာ္ၾကီး ေပၚမလာနိဳင္ေသးတဲ့ ေန ့စြဲေတြ
လိင္စိတ္ဟာ ဟိုလူ ့ကိုလိမ္ ဒီလူ ့ကို ေခါက္ ၿပီးေတာ့ ဂိုးေပါက္ထဲ ဒိုင္းခနဲ ၿဖစ္တည္မွဳဟာ
ေၾကး/ ဂ်ီးအထပ္ထပ္ ပ်ိဳ ့အန္ခ်င္စရာ အေငြ ့အသက္ေတြနဲ ့ အသက္ရွဴသံကို အသစ္လဲလွယ္
တပ္ဆင္ၾကည့္ရင္ ဘယ္လိုေနမလဲ ကြန္ပ်ဴတာကို ဖြင့္လိုက္ ဝင္းဒိုးဟာ ဝမ္းအူသံၾကီးနဲ ့တက္လာ
ထမင္းတစ္နပ္ ေမ့ထားတဲ့ ရန္ကုန္ၾကီးကို ေလးစားပါတယ္ က်ကြဲလုလု သတိေလးကို မနည္းၾကီး
ၿပန္ဆြဲထားလိုက္ရ ငါ့နွလံုးသားကို လာလွဳပ္ခတ္ေနတဲ့ ငလ်င္မေလးေရ အစစအရာရာအဆင္ေၿပရ့ဲလား
ေက်ာပိုးအိတ္ကို ပိတ္လိုက္ေတာ့ မိသားစု ဓါတ္ပံုေလး ဇစ္ညပ္သြားတယ္ ၂၁ရာစု အေဟာင္းတန္းမွာ
လူစည္ကားေနတုန္းပဲ တံဆိပ္အတုေတြကို အထင္တၾကီး ဆက္ဆံေနရတာ ညံ့တာပဲ  ေညွာ္တယ္
ငါတို ့ရွဴရိွဳက္ေနရတဲ့ ေဆာ့ဝဲလ္ၾကီးက ေတာ့္ေတာ့္ကို ေညွာ္တာပဲ ဖုန္းနံပါတ္ေလးတစ္လံုးရတာနဲ ့
ေၾကာင္မယ္ဆိုတဲ့ ေၾကာင္ေတြက တေညွာင္ေညွာင္ သိန္း၅၀တန္ဆိုလို ့ ကလစ္နိွပ္ၾကည့္လိုက္တာ
ၿဖစ္ရင္လည္း ၿဖစ္နိဳင္ပါတယ္ မၿဖစ္ရင္လည္း ၿဖစ္နိဳင္ပါတယ္ ပန္းဆိုးတန္းက ငါ့ကို မ်က္စပစ္ၿပဖူးတာ
မေမ့ဘူး  ေၿမြတစ္ေကာင္လိုခဲထားတဲ့ ေငြ စကၠဴေတြ ငိုေနတာကလည္း ရယ္စရာ ရယ္ေနတာကလည္း
ငိုစရာ  ၿမိ့ဳၾကီးကိုက အေတာင္းအရမ္း ထူထပ္လြန္းပါတယ္ နည္းပညာဟာ ငါတို ့ကို ဝါးၿမိဳ ငါတို ့ကို
ေထြးထုတ္ တရံွဳ ့ရံွဳ ့ငိုေနတဲ့ ေလၿပည္ေလးကို ဘယ္လိုေခ်ာ့ရမလဲ  ပါဝါထူလာတဲ့ ေလာကၾကီးကပဲ
ဝါးတားတား လုပ္ေနတာလား အိုင္တီစိုက္ခင္းမွာ စက္ရုပ္ေတြ ေဖြးေဖြးလွဳပ္ပြင့္လို ့ကိုယ့္ေခြ်းကိုယ္ စစ္မစစ္
ၿပန္ၿမည္းၾကည့္ရတဲ့ အထိ စိတ္လံုျခံဳမႈဟာ ေစာင္ေခါင္းျမီးျခံဳလိုက္ရံုနဲ႕ ေရာက္မလာဘူး ေငြသံေၾကးသံမ်ား
တခြ်င္ခြ်င္ ခုတ္/ျဖတ္/တိုး/တိုက္ ပြဲကမျပီးေသးဘူး မီးက ခဏခဏေသတယ္ တအိအိျပိဳဆင္းလာတဲ႕
လိုခ်င္တပ္မက္မႈေတြ တံတားဟာက်ိဳးက်သြားခဲ့ရျပီ္ မနက္ခင္းဟာ  အိပ္မက္ေတြကို သတ္ပစ္ဖို ့
ေစာင့္စားေနတယ္ ေက်ာပိုးအိတ္အေဟာင္းေလးကို လႊတ္ခ်လိုက္ဖို ့မျဖစ္ဘူး က်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့
အကၡရာေတြကိုဘယ္ကစားကြက္နဲ႕ခ်ခင္းရမလဲ လိုင္းေတြတဝီဝီပ်ံသန္းလာျပီ  နားခိုရာကို သိမႈေဗဒေတြ
ဝါးျမိဳပစ္လိုက္ၾကတယ္ ကိုယ္တို ့ဟာ ျခံနဲ႕ ဝန္းနဲ႕ အိမ္နဲ႕ ယာနဲ႕ ခ်ည္တိုင္နဲ ့ေလွာင္ခိ်ဳင့္နဲ႕ေျဖာင့္ျဖဴးျခင္းဟာ
လမ္းေတြရဲ႕အျပစ္ အနာ အဆာပဲ ကြ်န္ေတာ့္ကို ေစ်းေကာင္းေပးပါ  ေကာင္ေလးဟာေရသန္႔ဘူးကို
အခြံပဲလိုခ်င္တယ္ဆိုတာဟုတ္ပါ့မလား ေရာက္မလာမယ့္ရထားကို ေစာင့္ေနရတာကိုပဲ သစၥာတရားလို ့
ခ်ေရးေပးလိုက္ရမလိုလို  မေသခ်ာတာေတြအားလံုးေပါင္းစုလိုက္ ေသခ်ာျခင္းတစ္ခုကေစာင့္ၾကိဳေနတယ္
ပန္းတိုင္ကေတာ့ စပ္ကူးမက္ကူး ပန္းဖူးေလးဟာပြင့္ဖို ့ေခါင္းစဥ္ၾကီးၾကီးရွာေနတယ္ အရက္ဟာ
ပုလင္းထဲမွာေနေနေသးသမွ် အရက္မမည္ဘူး ကြ်န္ေတာ့္ကိုေမာ့ေသာက္လိုက္ပါ  ကြ်န္ေတာ့္ကို
ေစ်းေကာင္းေပးပါ  ပို ့လႊတ္လိုက္တဲ႕အီးေမးထဲမွာ အမွန္တရားဟာ စာလံုးေပါင္းအမွားၾကီး ေဘာင္ထဲမွာ
ပန္းခ်ီကားဟာ ေသေနျပီ ဘာကိုမွမျမင္ခ်င္ေတာ့တဲ့အခါ မ်က္မွန္ကိုခြ်တ္ထားလိုက္တယ္။

                               လင္းလက္တာရာ ၊ လင္းေဝအိမ္
၂၃၊၁၂၊၂၀၁၂

Monday, December 24, 2012

ေပ်ာ္က်ေနတဲ့ မေပ်ာ္ရႊင္မႈထဲ ေပ်ာ္ဝင္ေနတဲ့ အေရးအသား



ရင္နဲ ့တူးေနတဲ့လမ္းက ဥယ်ာဥ္ပန္းမန္ သစ္သီးဝလံ နဲ ့မဟုတ္ဘူး
မီးကြ်မ္းေနတဲ့ ေပါင္မုန္ ့ေၿခာက္ၾကီးနဲ ့မ်က္နွာေပါက္ခပ္ဆင္ဆင္
ဘဝဟာဒီေနရာေလးမွာ ေပရပ္မေနခ်င္လို ့ဟိုေနရာေလး နည္းနည္းတိုးၾကည့္တဲ့ သေဘာ
အလြတ္ရၿပီးသား စားသားေတြကိုပဲ ဗားရွင္းေၿပာင္းဆိုရံုနဲ မလံုေလာက္ေသး
ကာယေလ့က်င့္ခန္းလုပ္သလို တစ္မ်ိဳးေၿပာင္း
မေက်နပ္ေသးရင္ ေနာက္တစ္မ်ိဳး ထပ္ေၿပာင္း
ပင္မေရစီးေၾကာင္းကေန ၿဖာတြက္လတၱံ ့ရိွေသာ ၿမစ္လက္တက္မ်ား
ရုပ္ရွင္ထဲက ဒိုင္ယာေလာ့ဂ္ေတြေတာင္ ေဆာ္ေတြ ေစာက္ေတြနဲ ့အလံုးအရင္း လြတ္/ေရြ ့လာ
အသံဗလံေတြကို သံတစ္ေခ်ာင္းလို  ၿမဳပ္ဝင္ေအာင္ ရုိက္ထည့္ထားတဲ့ ၿမိ့ဳၾကီး
ကားတစ္စီးက ကားတစ္စီးကို လမ္းေတာင္းတယ္
လူတစ္ေယာက္က လူတစ္ေယာက္ကို ထမင္းဖိုးေတာင္းတယ္
ေကာသလ အိပ္မက္ေတြက ေကာလာဟလမဟုတ္ဘူး
ေခတ္ကာလရဲ့ သားပ်ိဳ သမီးပ်ိဳေလးေတြက အထူးဝန္ေဆာင္မွဳေပးေနပါသည္
စပြန္ဆာကို စမူဆာလို အခ်ည္ရည္နဲ ့တို ့စားနည္း  ၿမိန္ေရယွက္ေရ
ေၿမာင္းထဲက ၿခင္ေတြက တစ္ရပ္ကြက္လံုးကို ကုတ္ေသြးစုပ္ ေနပါၿပီ
လမင္းၾကီးဟာ ဘဏ္ကဒ္ထဲမွာပဲ သာတတ္သလား
သာတူညီမွ်ဟာ တစ္ဖက္တည္းကိုပဲ ေစာင္းၿပီးနင္းေနတယ္ လီဗာၿပင္းၿပင္း
ပလက္ေဖာင္းေပၚေမာင္းတက္လာတဲ့ကားကို အခ်ိန္မီ ကန္ခ်ပစ္လိုက္ခ်င္တဲ့စိတ္
ကြ်န္ေတာ္လည္း ဘရိတ္ေပါက္ေနတဲ့လူ တစ္ေယာက္ပါ
မတရားမွဳဟာ  တစ္ခ်က္တည္းနဲ ့က်င္းဝင္သြားတယ္
ကယ္ဆယ္ေရးစခန္းေတြကို zoon ဆြဲၾကည့္ရေအာင္
အေမရိကန္နဲ ့တရုတ္စစ္တုရင္ကစားေနသည္
လိုအပ္ခ်က္ အရ မလိုအပ္တာေတြ ထိုးေကြ်းေနတဲ့ ဗ်ဴဟာ
အခုတေလာ ရခိုင္မုန္ ့တီက လည္ပင္းတည့္တည့္မွာ နင္ေန
ေတာင္ကိုရီးယား နဲ ့ေၿမာက္ကိုရီးယား တစ္ဂိုးစီ သေရက်သြားတာ အထူးၿပဳလုပ္ခ်က္ တစ္ခုလား
ဦးေနွာက္ကို သံေခ်းတက္ေစသူဂုဏ္သေရရိွ ကယ္လ္ကူလိတ္တာၾကီးငဲ့
ကမၻာၾကီးဟာ နည္းပညာရ့ဲ လက္ဝါးၾကီးအုပ္မွဳကို ေခါင္းငံု ့ခံေနရရွာပါတယ္
မဂၤလာေလဆိပ္ၾကီးက ေခတ္သစ္ကြ်န္ေတြကို အိမ္တိုင္ရာေရာက္ လိုက္လံ ပို ့ေဆာင္ေပးေနပါသည္
ေငြေရ မင္းခ်ဳပ္ကိုင္ခ်ယ္လွယ္လို ့ဝရင္လည္း လူ ့ယဥ္ေက်းမွဳ ကြန္ယက္ၾကီးထဲကေန
အၿပီးအပိုင္ ထြက္ခြာသြားပါေတာ့

လင္းလက္တာရာ
Faces Magazine, Feb 2012