နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေဟန်ပါပဲနေအေဒီ
ညင်သာစွာ အဆုံးသတ်ချိန်က တံခါးတွေကိုဖွင့်ပြီး အဝေးကိုထွက်သွားတယ်
လာလာနားခိုနေတဲ့ နာမ်ချည်းသက်သက် စိတ်အကျိုးအပဲ့ တွေအပေါ်
ဝေ့၀ိုက်လို့  တစ်ခါတစ်လေမှမဟုတ်ဘူး ခဏခဏတွေးနေမိတယ်
သွေးလိုပန်းထွက်နေတဲ့  အိပ်မက်မြစ်ထဲ အနက်ရှိုင်းဆုံးဆိုတဲ့ နေရာကို
ဘယ်တက္ကနိသုံးလို့ အရောက်သွားနိုင်မယ်ထင်နေတာလဲ
ချစ်မေတ္တာရယ် အွန်လိုင်းပေါ်တက်ပြီး ဆွေးနေစရာလား
သစ်ရွက်ခြောက်လေးတွေလည်း ပြန်ရှင်သန်ကောင်းပါရဲ့ 
ငါမေးမယ် ဆက်ဆက်ပြန်လာမှာလား ပြောခဲ့ 
တယ်လီဖုန်းရုံလေးထဲ အသံတိတ် ဆူပွက်နေခဲ့ ရတယ်
မင်းကငါ့ရဲ့ စိတ်ဆုံမှတ် ရလဒ်(၄၀)တိတိ အောင်မှတ်ရရုံပျော်ခဲ့ မိတာပဲ
ခံစားမှုနာဗ့် ကြောတွေ ထုံထိုင်းလို့ မင်းဆီ အကွာအဝေးက ဖုန်းခေါ်သံတွေလိုရှည်လျားလာတယ်
စိုးရိမ်ဒီရေတွေ မြင့်တက်လို့ အသွေးအသားတွေဟာ
သူတစ်ပါးထိပါးဖို့ အတွက်မဟုတ်ရပါဘူး
ဦးနှောက်ထဲ ငွေဒင်္ဂါးတွေ သိပ်ပြီးအလုပ်လုပ်တတ်ကြပါရဲ့ 
ချောက်ထဲကရေတံခွန်ဆီ မရောက်ခင်မှာပဲ အဆင်ပြေသွားနိုင်တယ်
အခွင့်အရေးက အချစ်ရေ မေ့ထားလိုက်တော့ဆိုတဲ့ ပုံစံမျိုး
အခန်းထဲ လင်းတစ်ဝက်မှောင်တစ်ဝက် ထိုင်နေမိတော့တယ်
အပျင်းပြေစစ်တိုက်တမ်းကစားတတ်တဲ့ လူတွေက
သံသယဘီးလုံးတွေကို ဇွတ်လှိမ့်နေကြတော့တာပဲ
စိတ်တိုင်းကျ ငါ့မော်လီကျူးတစ်ရှူးတွေနဲ့ သန့် စင်သုံးစွဲပါ ထို့ နောက်လွှင့်ပစ်ခဲ့ ပါ
နာကျင်မှုမြင့်မားတဲ့ အရှိန်ကို စက္ကူပန်ကာလေးက ရယ်နေခဲ့ တယ်
အနီရောင်မင်းနာမည်ကို ခန်းမမျက်နှာကျက်မှာ ခြယ်သလို့ 
နာကျင်မီးသီးလေးထဲ ၀င်ရောက်လောင်ကျွမ်းပစ်လိုက်ရတော့မှာ။ ။
ွှTranslated Prose
Showing posts with label နေအေဒီ. Show all posts
Showing posts with label နေအေဒီ. Show all posts
Tuesday, December 25, 2012
လက်ဝဲဘက်ခြမ်းမှာ ဒဏ်ရာဖဲပြားကိုချည်နှောင်မိလို့ ဆွေးးးး
Monday, December 24, 2012
လူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ ကြောက်နေလို့ ပါ
အဝေးက အလင်းနှစ်သန်းပေါင်းများစွာ
ငါမသိတဲ့ အာ၇ုံတွေ ကပ်ညှိလို့ 
ရှင်သန်နေရတဲ့  စိတ်ကမ္ဘာ
မင်း နဲ့ မင်းရဲ့ အသက်သွေးကြောတွေမှာ ကိုယ်ဟာ လူတစ်ယောက်အဖြစ်အသက်ရှင်နေပါတယ်
နာကျင်မှုရဲ့ အနက်အဓိပ္ပာယ်ကို သိုဝှက်ထားတယ် နားထဲမှာ သီချင်းသံတွေ မကြားရတော့ဘူးဆိုရင် ရှော့ခ်တွေကို မရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ
လက်ကျန်သွေးကြောတွေကို ဘယ်နေရာမှာဖောက်ချပစ်ရမလဲ
ငါ့စိတ်ငါ့ကမ္ဘာမှာ အခါခါသေတယ်
အနီရောင်တွေ ပြန့် ကျဲသွားတဲ့ ငါရဲ့ စိတ္တဇတွေကို
ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်က မော့သောက်ပစ်လိုက်စေချင်တယ်
ကိုယ် လွတ်နေတယ်
သဘာဝမကျမှုတွေ နဲ့ မတော်တဆတွေ ကိုယ့်ကို လွတ်နေတယ်
ဟာသပဲ ရယ်ရတယ် ကိုယ့်စိတ်ကိုယ် အထူးပြုရင်း
မရှာဖွေဘဲ ရလာတဲ့ အရာအားလုံးက အရာအားလုံးကို တိုက်စားသွားတယ်
မင်းရဲ့ ကျယ်ပြန့် မှုထဲ ပြန်ပြန်မျှားနေတဲ့ မင်းရဲ့ စိတ် ဘယ်မှာဆုံးမလဲ
အဝေးကြီးက လာတဲ့ အသံတွေက ကိုယ့်စိတ်ကို မပြတ်မသားဖြစ်စေတယ် ။
မင်းရဲ့ နေရာမှာ ဘယ်သူနေရာဝင်ယူလဲ။
အဝေးကြီးမှာလည်း ပန်းတွေပွင့်နေတယ်
စိတ်အရောင်ခြယ်ထားတဲ့ ပန်းတွေ
ငါဝေခွဲမရဘူး တွေဝေခြင်းရနံ့ တွေရတယ်
လမ်းဘေးမှာ အိပ်ဆေးတွေ ထွက်ကျသွားတယ်
စိတ်ပျက်စရာ လူမှုအသိုင်းအ၀ိုင်း နဲ့ အောင်မြင်မှုတွေ ကြားထဲမှာ ကိုယ်ရှင်သန်နေရတယ် ၊
ကိုယ်ချင်းစာပါ ။ မလိုအပ်တဲ့ရှင်သန်မှုတွေထဲက အောက်ဆီဂျင်တွေ မုန်းတယ်
ဘာမှမလုပ်ဘဲနဲ့ ဘာဖြစ်လို့ လုပ်တယ်လို့ ထင်နေရတာလဲ ။
မယုံကြည်ရင် မင်းရဲ့ လက်ဖျံသွေးကြောစိမ်းစိမ်းလေးတွေကို ပြန်မေးကြည့်ပါလား
သွေးကြောစိမ်းစိမ်းလေးတွေက ပါ ကိုယ့်ကို သတ်နေကြတယ်
လက်ထဲလာလာထည့်ပေးတဲ့ ဆေးရောင်စုံအပိုင်းအစလေးတွေ
စိတ်ပျက်ညစ်ညူးစရာဆိုတာမေ့လျော့နေတဲ့ အိပ်ချိန်တွေထဲကုန်ဆုံးသွားပြန်တယ်
ကဗျာရယ် နင်ရှိရင် မသိစိတ်ထဲလည်း ငါနေတတ်ပါတယ်
ကိုယ် ကဗျာတွေကို မုန်းလာပြီ ။ အဲလို ကိုယ့်ကိုယ်ကိုယ်ညာတယ် ။မင်းကိုလည်း ညာချင်ပါတယ်
မင်းမျက်ဝန်းထဲက ကြယ်လေးကောင်းကင်ကြီးထဲ ပျော်နေပါစေ
မင်းပျော်နေရင် ပြီးတာပဲ ။ ဘာပဲဖြစ်နေဖြစ်နေ မင်းပျော်နေပါ ။ လိုအပ်ရင် မင်းရယ်လိုက်ပေါ့ ။
ကိုယ့်ကို ရောဂါဖြစ်နေတဲ့အစိတ်အပိုင်းတခုအဖြစ် ခွဲစိတ်ပစ်လိုက်ပါ ။
နောက်တစ်နေရာကို မင်းရောက်အောင်သွားပြီး တစ်ခုခုကို စွန့် အ နေလိုက်ပါ ကွာ
တစ်ယောက်တည်းပဲလို ခံစားမှုကို မကြိုက်ဘူး ။ ဘာမှမတတ်နိုင်ဘူး ။
ကိုယ်ခုချိန်ထိ အောက်တိုဘာနဲ့ နိုဝင်ဘာထဲကမထွက်သေးဘူး
နေ့စွဲအလဂျစ်တွေ ကိုယ့်ကိုဆွဲဆောင်ထားတုန်းပဲ
မလိုအပ်တဲ့ အတိတ်တွေဆိုတာ မေ့ပစ်လိုက်ရတယ် ။
တိတ်ဆိတ်လွန်းတဲ့ညနေတွေဟာ အလကားပဲ ။ ကိုယ့်ရဲ့နှစ်သက်မှုတွေကို ကိုယ်ပြန်မေ့နေရတယ်။
အနုပညာသမားတစ်ယောက်ဖြစ်နေတော့ နာကျင်မှုကို သာမန်လူတွေထက် နာကျင်တတ်တယ်
အမှားချည်းပဲ ပေးခဲ့တယ် ။ ကိုယ့်ကို ဘာဖြစ်စေချင်လို့လဲ ။
ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုမရှိသော ကော်ဖီဆိုင်လေးမှာ ညနေခင်းဟာ သူ့ကိုယ်သူ ဆူဆိုက်ဒ် လုပ်ဖို့ ကြံရွယ်နေတယ်
အဝေးဆုံးမှာ ရယ်ပြနေတဲ့ လူတချို့က ကိုယ့်နားရောက်တော့ ပျောက်ကွယ်သွားတယ် ။
ညဘက်တွေမှာ တစ်ယောက်တည်း အထီးကျန်ဆန်လွန်းတဲ့အခါ အထီးကျန်ခြင်းကို သတိရတယ် ။
ပြဿနာက ကိုယ့်အနီးဆုံးတိုးကပ်လာတယ်
ရုပ်ရှင်ထဲက လိုအပြင်မှာ တကယ်ဖြစ်တော့မယ် လူသားမျိုးရိုးဗီဇစမ်းသပ်မှုတွေထဲက မတော်တဆမှားယွင်းမှုတွေထဲကနေ လူအချင်းချင်းစားသောက်ချင်ဖြစ်ပေါ်လာကြတော့မယ်။
မင်း ပုန်းနေပါကွာ ။
ကိုယ် နဲ့ မင်း ရည်းစားသက်တမ်းတစ်လျှောက်လုံး စောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရားကို မင်းပုန်းနေလိုက်ပါ
Gynophobia / Trauma အားလုံးက ကိုယ့်စိတ်ဝိညာဉ်အမည်းရောင်အစက်အပျောက်တွေ။ မင်းဘယ်လိုလဲ မလိုအပ်ရင်မေ့ထားပစ်လိုက်
မေ့ပစ်ခြင်းအစိတ်အပိုင်းတွေက ဦးနှောက်ရဲ့ လက်ဆောင်ပဲမဟုတ်လား။
အေးချမ်း ၊ နေအေဒီ

ကျောက်ကပ်တစ်ခြမ်းနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အနာဂတ်ဝှက်ဖဲတစ်ချပ် (၀r ) BULIMIA ဆာလောင်ရောဂါ
ကျောက်ကပ်တစ်ခြမ်းနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အနာဂတ်ဝှက်ဖဲတစ်ချပ် (၀r ) BULIMIA ဆာလောင်ရောဂါ
by Khine Pyae Sone on Thursday, June 2, 2011 at 10:33am ·
မျှော်လင့်မီးပွားတွေ တောက်လောင်လို့ အကြွင်းအကျန် ရယ်မောခြင်းတွေက ရုန်းထလာခဲ့ပြီ
ခင်ဗျားနဲ့ ခင်ဗျားစိတ်ကို ခွဲခွဲခြားခြားကွဲပြားစွာမြင်လိုက်ရတယ်ကမ္ဘာ့ရဲ့ အခြားဒေသများမှာလို ပုံမှန်ရှင်သန်လာနိုင်ပါ့မလား ဆိုက်ဘေးရီးယားရယ်
တတ်လည်းတတ်နိုင်တာပဲဆိုတာ အဖွင့်အပိတ်ဆိုတဲ့  SHUTTER
အတွေးတွေ အဆွေး BLACK HOLE ထဲ တဝေါဝေါစီးဆင်းလျက် ရောထွေးသွားတဲ့ 
အဓိပ္ပါယ်ကို ငြင်းဆန် ခေါင်းမာ
ကျောက်တုံးပေါ်ကအလင်း လော့ခ်ရဲ့ TABULA RASA ဆိုတဲ့ သဘော
အရောက်လှမ်းတဲ့ စိတ်ခြေလှမ်းတွေက ခပ်စိတ်စိတ် ထပ်ကျော့မိလည်း
မေ့မေ့လျော့လျော့ programming process သော့မရှိတဲ့ စိတ္တဇဆိုက်ကလုန်း
တစ်ခါတစ်လေ ချိုတဲ့ဘလက်ကော်ဖီခါးခါးတစ်ခွက် ပိတ်ထားတဲ့တံခါးတွေပွင့်လာပါ့မလားကွယ်
သိမှုကိုသိတာနဲ့  အမှန်တရားက ခရီးဦးကြိုဆိုသူပေါ့
ဆွဲလိုက်တဲ့ မျဉ်းတစ်ကြောင်းဟာ point of consciouness ခရီးသွားမှတ်တမ်းတစ်ခု
ကန်ထဲက ငါးကလေးတစ်ကောင်ရဲ့  စကြဝဠာ imagination ရေမှော်ပဉ္စလက်ပန်းပွင့်
အရှိန်သေနေတဲ့  အလင်းရောင် ဖျော့ဖျော့ တွေအကြား အပျင်းပြေ လေဒီဂဲလ်လေးရဲ့ sweet 0r sexy
မေးခွန်းတချို့  ပြန်လည်ဖြေကြားခြင်းရပ်ဝန်း ပျက်ဆီးတာမှာ ကမ္ဘာကြီး
စိတ်ဓာတ် လူပြောသူပြောများနေတဲ့  အတုအပချစ်ခြင်းမေတ္တာ
ပူစီလေးငါးကြော်ကိုမုန်းနေတဲ့ စိတ်အခြေအနေ အားလုံးကိုရိပ်မိနေတဲ့ လူ
အူတူတူပါပဲ
အမျိုးသမီးကြီးငယ်မရွေး သုံးစွဲနိုင်
အမျိုးသားကြီးငယ်မရွေး သုံးစွဲနိုင် လာတဲ့ 
ဖောင်းပွတန်ဖိုးလျော့ရဲမှုများ negative 0r positive space များ
စကြဝဠာထဲက လာတယ်ဆိုပြီး စကြဝဠာထဲကိုပဲပြန်သွားချင်နေတဲ့ ကိုကိုတစ်ယောက်
စိတ်ထဲကအတေးအမှတ်တွေအားလုံးက cancer 0r deleteမင်းသိဖို့ အသေအချာကောင်းတယ် ကိုယ်တစ်ယောက်တည်း နှုတ်ခမ်းသားထက်က
ဆဲလ်အသေကြမ်းတွေကို ကိုက်ထုတ်ပစ်ခဲ့ တဲ့ ကိစ္စ ဘာဆိုဘာမှမဟုတ်
ဂဲသြမေထရီ အလိုအရ ဒြပ်မဲ့ စိတ်ကူးသက်သက်များ
ဒေးကတ်ကတော့ I THINK , THEREFORE I EXIST ဆိုပဲ ကိုယ့်လူတို့ ခေါင်းညိမ့် 0r ခေါင်းခါ
သြော်....0R ဒီလိုနဲ့ ပဲ လျှော်ပစ်လိုက်တော့လေ
နေအေဒီ
Subscribe to:
Posts (Atom)