Tuesday, June 18, 2013
ခင်ဗျားတို့က ဦးနှောက်ကို Rape လုပ်ခံလိုက်ရတဲ့ သနားစရာ Victim တွေ
Religionကို လူတွေမကွဲပြားကြတော့ဘူး ယုံကြည်မှုက dogma…
မပြောခင်ကိုယ့်အသိဥာဏ်ကိုယ် ပတ်စာခွာဖျာလိပ်သွားလိုက်ပါ
ကိုယ့်အထာနဲ့ကိုယ်နေအူကြောင်ကြောင်မမေးနဲ့  Profile မှာအတိအကျတင်ထားတယ်…မာရ်နတ်
ကျွန်မကနာမည်ကြီးဟိုဌာန၀န်ထမ်း ခေတ်အဆက်ဆက်အသုံးတော်ခံ ရှင်ကြိုက်တဲ့ပိုစ့်ပုံစံပြောလေ
အိုခေ…ကိုယ်အကြိုက်ဆုံးကDoggie Style…B-Side လည်းစားမယ်စိတ်ချ…ရမ္မက်ဘက်တော်သား
ခေါင်းထဲမှာတစ်နေ့တစ်နေ့ ဘာကြောင့် ငွေစက္ကူအကြောင်းတွေ လွှမ်းမိုးနေတာလဲ ဖြေရှင်း
သမီးအသက်၁၃-နှစ်၊ အမေက တစ်နေ့ ၅ထောင်မရရင် ပြန်မလာနဲ့တဲ့..Fight Against HumanTrafficking!
တဖြည်းဖြည်းအငွေ့ပျံထွက်မသွားအောင်ဆုပ်ကိုင်ရ…အသက်၊အရာအားလုံးက ငြီးငွေ့စရာ
ကိုယ့်နောက်ကသိပ်ကပ်မလိုက်နဲ့အရေးကြုံရင် မင်းကိုလည်းထားခဲ့မှာ…တစ်ကိုယ်ကောင်းဆန်ဝါဒ
အောက်ပိုင်းကစ်တွေသိပ်ခေတ်စား…ခင်ဗျားတင်ပဆုံပေါက်ကွဲအားယုံကြည်မှလာကန်
ကိုယ့်အသစ်ကလေးအကြောင်းကိုယ်စဉ်းစားဖို့အချိန်ရှိသေးရဲ့လားကိုယ့်လူ
လက်မခံတဲ့အရာလာပေးနေရင်အဲဒါ ခင်ဗျားပစ္စည်းပဲဖြစ်နေဦးမှာ….
ကိုယ်ဆန့်ကျင်ဖောက်ဖျက်သမျှဦးနှောက်ထဲ Save နိုင်မှ ကဗျာကိုဆက်လက်ဖတ်ရှုခံစားပါ
တစ်ခုခုဆို ကွန်မြူနစ်ပဲ.... ခေတ်စားတာ ဆိုရှယ်လစ်နဲ့ရေမရောတဲ့အရေခြုံဒီမိုကရေစီစစ်စစ်
ခရမ်းလွန်ရောင်ခြည်မြင့်တက်၊ သိပ်လင်းလွန်းတဲ့နေ၊လူတွေခံနိုင်ရည်မရှိ အမှောင်မှာ အသားကျကုန်ပြီ!!!
စားရမှာကြောက်တာ ရက်လွန်အသီး၊ အဆိပ်…HIV နဲ့ ကင်ဆာ၊ ပစ္စည်းတွေတော့အိမ်ကိုပို့လိုက်
ပြဿနာက အခုမှစပြီ….ဒုက္ခပဲရေရွတ်နေရုံနဲ့ပြီးသွားရင် အကြိမ် Infinity ရွတ်မယ်
ထွက်ပြေးလွတ်မြောက်မှုကို ကိုယ်မလိုချင်၊ ကိုယ်လိုချင်တာFreedom
တောက်တောက်ပြောင်ပြောင် အ၀တ်အစားတွေက ကိုယ်ပိုင်အတွေးအခေါ်မဟုတ်ဘူး
အမှန်တရားများလာတဲ့အကြောင်း နားလည်မှုလွဲ၊ ရယ်စရာ…ရှော့ခ်အကြီးကြီး
လူ့အဖွဲ့အစည်းနဲ့စကားပြောရင် ၀ါကျတွေကို အကာအစွပ်သုံးဖို့ သတိရပါ..
ပြောတိုင်းယုံ/ခေါင်းညိတ်တာ Aphaw Condom Billboard ထဲက ဦးထုပ်ဆောင်းပုတ်သင်ညို
“လွတ်လပ်ရေး”အဓိပ္ပါယ်က အရင်းတုတ်ပြီး အဖျားရှူးသွားတာလား???
ဟေ့…စနစ်က ခင်ဗျားတို့စိတ်/ဦးနှောက်ကို Rapeလုပ်တာမသိသရွေ့၁၂ရာစုစရိုက်ကို ကြိတ်ခိုက်နေဦးမှာပဲ။
အောင်သက်နှင်း
 3_5-5-2013(53း5PM)
*Dogma -ဘာသာတရားကို မစူးစမ်းမလေ့လာဘဲ လက်ခံယုံကြည်မှု၊ တယူသန်
အားလုံးအတိုအစတွေပဲ ။ ငါ့အခန်းထဲ ငါးမန်းတစ်ကောင်နဲ့ စည်သွပ်ဗူးနဲ့ အော်မကြားခေါ်မကြား Emergency နဲ့
ဦးနှောက်ထဲ မြူတွေသိပ်ဆိုင်းလွန်းတဲ့ နှစ်တွေဘယ်သူက ထိုးချေကြေမွ
ကြေမွသွားတဲ့ သတင်းစာပေါ်မှာ မနက်ဖြန်များစွာ အစီအရီ
ရီလိုက်တော့မှ အနာသက်သာသွားတယ်ထင်ရတဲ့ တမင့်မေ့ပစ် အချစ် က ကြွပ်ဆတ်
ဆတ်ခနဲ လှည့်အထွက်မှာ ၀ဲသွားတဲ့ ဆံပင်တွေ နဲ့ ဇာတာမကောင်းခြင်းဆန်းစစ်ချက်များ
တွေ့ရှိမှုမှာ ကိုလံဘတ်စ်၊ အက်ဒီဆင် virus အသစ်အဆန်းများနဲ့ နာကျင်နေနှုတ်ခမ်းများ
တဆတ်ဆတ်တုန်ရီ သွေးခဲနေတဲ့ဆောင်းရာသီ အကြွင်းအကျန်များအောက်
မဝေးရတော့ဘူးထင်တဲ့ပန်းပွင့်လေး ဟာ အက်ကြောင်းမှာ ထပွင့်သွား
*သွားရင် မတားဖူးနော်* ဆိုတဲ့ စာသား(text) ဟာ ၃ ကြိမ်မြောက်ခုန်ဆင်းလာခြင်း
အောက်ကမြေပြင်ဟာရောဂါပိုးမွှားများနဲ့ လေထီးဟာ မပွင့်တော့ဘူး။
အမှန်တရားဟာ ထင်သာမြင်သာရှိတဲ့ ဆီလီကွန်အနည်းငယ်သွတ်သွင်းထားမှုဆီကနေ
စိန်ပန်းပြာပြာတွေ ကျဆင်းလာတဲ့ ထိုင်ခုံအိုပေါ်အထိ ဘုရားကျောင်းကခေါင်းလောင်းသံတွေ
ချိုပါစေ နှုတ်ခမ်းဖျားများရဲ့ ပထမဦးဆုံး အနမ်းဟာ ပိုးစိုးပက်စက်ကျကွဲ
တဆစ်ဆစ်မြို့လေးမှာ အဝေးရောက်သူတို့နဲ့ပြန်လည်ပြည့်နှက် ကောက်ရိုးမျှင်များ
အရေပြားအောက်မှာ မီးလောင်နေတဲ့ အာရုံခံစားမှု နာမ်စွန်းများ  စနစ်တကျမှားယွင်း
အမှားမှားအယွင်းယွင်းနဲ့လူသားဖြစ်တည်မှုကို အံကြိတ်ပြီး အသာထိုးသွင်းလိုက်မိတဲ့
ကျောအနောက်ကဓါးများ စိန်တွေလိုအရောင်တလက်လက် မျက်လုံးတွေ အာသာငမ်းမရ
စွဲလမ်းစိတ်ကြောင့် အသက်ရှင်လျှက်နဲ့သေသွားတဲ့လူတွေဆီ ပြေးထွက်သွားတဲ့မေးခွန်းများ
ဖြေတိုင်းမပြေ အဆွေးများသက်သက် စာသားများ ပလူပျံဝဲတက် လေတံခွန်လို
ကြိုးများပြတ်တောက်သွားပြီ ဝေးကြမှာ သီချင်းတွေ ဆိုပြီး ငိုနေရတာ သိလား
သိမှုနယ်ပယ်ထဲမှာ ကလေးသာသာရယ် စကားသံတိတ်ဆိတ်ပြီး အဝေးကိုငေးကြည့်
အပူလှိုင်းများတစ်ရာသီပြီး တစ်ရာသီဖြတ်သွား တစ်ဝက်တိတိဆူပွက်နေတဲ့ ရေကန်မှာ
ရှင်သန်မှုအတုနဲ့ ရွှေဝါရောင် ငါးလေးများကူးခတ် အဆီအငေါ်မတည့်မျက်လုံးများ ပူစီပေါင်းတွေလို
ရေမျက်နှာပြင်ပေါ်ဝေ့တက်လာတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား အာရုံသိများ
ဓာတ်ကြိုးပေါ်ကခိုတွေ ကိုမျှော်ကြည့်ပြီး အကြီးအကျယ်တစ်ယောက်တည်း သေဆုံးမှုသတင်း
ငါတစ်ယောက်တည်းကြားရပြီး ငါတစ်ယောက်တည်းနားလည်နေတဲ့ ဘာသာစကား
စကားတစ်ခွန်းမှမပြောခြင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ် ဆန့်ကျင်ဖက်လေးတွေ
ဝင်ရိုးစွန်းတစ်ဖက်ဆီကနေ ကိုယ်ပိုင်အယူဝါဒလေးတွေကို စမ်းချောင်းထဲ ခြွေချရင်းရတဲ့ပျော်ရွှင်မှု
ဆွဲလက်စ ပန်းချီကားအရောင်ဖျော့တယ် မထင်မရှား ။
ရင်ခွင်ရှိန်း
င့ါလက်နက်ကိုင်များ
ချစ်မေတ္တာခေါင်းစီးနဲ့
ငါ့လက်နက်ကိုင်များဟာ မြင်မြင်ရာ
အချုပ်ခန်းသောံကို မမိတမီလှမ်းဆွဲနေတယ်
ကာလအားဖြင့် ညဉ့်သုံးယံစလုံးကျိုးနေတဲ့ငါဟာ လှမ်းဆွဲနေတယ်။
*ချစ်သူနှစ်ဦး အခန်းကျဉ်းလေးရဲ့အလယ်မှာ အနမ်းပေးဖို့ ကျည်ဆန်တွေပလူပျံနေတဲ့အထဲ လာလာ လာ
ငါရပ်နေသေးတယ် ခြေထောက်မရှိတော့ဘူး မြင်မြင်ရာ
မိသားစုဓာတ်ပုံဟာ နံရံမှာ ကျည်ပေါက်ရာတွေနဲ့
ဓာတ်ပုံအပြင်ဘက်မှာတော့ ငါ အသေလိုရပ်နေတယ် သွေးသံရဲရဲ
ဘာရယ်လို့မမြင်နိုင်တဲ့ မီးခိုးမှိုင်းထဲ ငါသေတော့မယ် အကြင်နာ။
စွန့်စားပါ ပညာဥာဏ်ရင့်ကျက်ပါ နေမ၀င်အင်ပါယာ စသော
နံရံက ဖတ်လို့ရသမျှ ကွက်တိကွက်ကျား စာသားတွေပါမကျန်ဘူး ငါ့လက်နက်ကိုင်များဟာ
မြင်မြင်ရာ၊
သောက်ရေးမပါတဲ့ ငါ့တစ်လောကလုံးရဲ့အရေးအသားတွေ နံရံနဲ့ကဗျာကို ဆုတ်ဖြဲလိုက်ကြ။
အေးလိုက်တာမေမေရယ် ဆိုတဲ့စာသား
သွေးပျက်ထိတ်လန့်ဖွယ့် Vamp ရယ်သံ လေးလေးကြီးတွေ
လူ့ဘ၀= beauty & the beast
မချန်ဘူး ခံစားတတ်တဲ့နှလုံးသားဆိုတာလားဘာလား အဲဒါလည်းမချန်ဘူး
သူတို့ဟာမြင်မြင်ရာ၊မမြင်နိုင်တဲ့ ငါ့မျက်လုံးများကိုပါထပ်မံလို့
အချုပ်ခန်းသော့ဟာ ပိုလို့ပိုလို့  ယူဇနာထောင်ချီဝေးသွားရဲ့ အကြင်နာ
သွေးရူးသွေးတန်းအမှောင်မှာ ငါ့လက်နက်ကိုင်တွေကြားထဲ
ငါမှေးမှိတ်သွားပေါ့ စပယ်ပန်းရောင်းသူလေးရယ်
အေးစက်ပျံဝဲနေတဲ့ အမှန်တကယ်သေဆုံးခြင်းဆိုတာတို့
ချစ်ခြင်းမေတ္တာအကြောင်း မရွံမရှာ တစ်ဘ၀လုံးပြောခဲ့တဲ့ ငါ့ပါးစပ် အသံထွက်အင်္ဂါ
နီကယ်ရောင်တောက်တောက် ငါ ရိုဘော့
ရော်ဘာလို ပျင်းတွဲ့တွဲ့ အသက်ရှင်ရပ်တည် နေ့ရက်များ
ငါ၏ဆန့်ကျင်ဘက်လိင်
ဆက်တင်ကိုအချိန်းမှာ ဒင်္ဂါးပြားတစ်ဖက်ဆီက ငါမမျှော်လင့်ခဲ့ဖူးသော သာယာလှပ နှင်းနွေဦး
ပစ်သာချလိုက်တော့ ငါချစ်သော ငါ့လက်နက်ကိုင်များးးးးးးးးးးးး။             ။
*21 Guns (Greenday vedio track)
ပြေးထွက်သွားတယ် ။ တတိယကမ္ဘာဟာ ပါလက်စတိုင်းကလေးငယ်တွေနဲ့
8.5.2012 အပေါ်ယံအရေပြားတွေကို အနူးညံ့ဆုံးတပ်ဆင်ကြတယ် ။
နောက်ဆုံးမျှော်လင့်ချက်တွေဟာ အသံတခုအနေနဲ့ ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေကို စိမ့်ဝင်တယ် ။
သာမန်ဖြစ်ရပ် သေးသေးလေးတွေကနေ သာမန်ထက်ပိုတယ်ဆိုတဲ့ နားလည်မှုမျိုးကိုယ့်ကို လာတွေ့ တယ် ။
ဘာမှမတတ်နိုင်ဘူးဆိုတာ အ မာ ရွ တ် လှ လှ လေး တွေ …၊
အဝေးကြီးမှာနေရတဲ့အခါ ပေးပြီးသားပစ္စည်းကို ပြန်လိုချင်မိတယ် ..
လိုင်းတွေ ၊ စာသားတွေ ၊ စာကြောင်းတွေ အဲ့ဒါတွေက အသုံးမကျတဲ့ဖန်တီးမှုဆိုတာကို ကျော်လွန်နေပြီး  မဟာလူသားဝါဒ (သို့ ) လူသားဆန်ခြင်း အဲ့တခုခုနဲ့ ငြိစွန်းသလိုလို အသိကိုရစေချင်ဟန်ရှိတယ် ။
၂၀၀၇ တုန်းက အငွေ့ အသက်မျိုးကိုယ်ပြန်ရတယ် ။ဘာဖြစ်လို့ သူစိမ်းလိုရင်းနှီးမှုမျိုး ငါ့ကို ပေးတာလဲ။
ငွေကြေးက အေးချမ်းမဟုတ်ဘူး ။ အရုပ်ပါပဲ လက်ဖျံသွေးကြောထဲမှာလဲ ရိုဘော့တွေနဲ့ … ။
မနက်ဖြန်ဆိုသေရတော့မယ်ဆိုတဲ့ အသိနဲ့ ညဘက်တွေဆို မအိပ်ဖြစ်တော့ဘူး ..
လူတယောက်ရဲ့ အသိဥာဏ်ကို ကန့် သတ် ထားတဲ့ အရာလေးတွေကို ကိုယ့်မေ့နေတယ်
စိတ်ပိုင်းဆိုင်ရာကျိုးပဲ့မှုတွေ ကိုယ့်ကိုလာရိုက်သတ်နေကြတဲ့အချိန်မှာလည်း မင်းအသံက မပြောင်းလဲဘူး ။
ပင်ကိုဗီဇကိုက အသိဥာဏ်ထဲကို ၄၈ % လောက်စိုက်ဝင်နေခဲ့ပြီးသား … အရမ်းနီရဲ နေပြီ  ။
အရမ်းရင်းနှီးတယ်ဆိုတဲ့အသိမျိုး နဲ့ တစိမ်းဖြစ်သွားတဲ့အေးစက်မှုတွေ ..။
ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကို ဆန့် ကျင်တိုက်ခိုက်နေသလို အဲ့လိုနှစ်ခြိုက်မှုမျိုးနဲ့ အသက်ပေးတယ် ။
တစုံတယောက်ကြောင့် အသက်ရှင်နေခဲ့ရတာက ၃ နှစ် ။
ကိုယ်က စက်ရုပ်မဟုတ်တော့ နာကျင်မှုတွေကို အမှတ်စဉ်တပ်ပြီးပြောမပြတတ်ဘူး ။
ဝါရှင်တန်မြို့ ရဲ့ တိုက်ခန်းတွေမှာတော့ လူသားခြင်းစာနာထောက်ထားမှုဆိုတာတွေ အနည်းငယ်ရှိလိမ့်မယ် ပေါ့ ။
မလိုအပ်ဘူးပြောလို့ လွှတ်ပစ်ခဲ့ပြောလို့  အရူးအမူးစွဲလန်းခဲ့မိတဲ့တက်တူးလေးကို ဖျက်လိုက်ပြီလား လို့ ။
ငြီးငွေ့ နေတဲ့ လက်ချောင်းတွေ အရမ်းစိုးရိမ်တဲ့စိတ်နဲ့  ကော်ဖီခွက်ကို ပွတ်သက် နေလိုက်ရတာ ။
မိုးတွင်းဆိုတော့ မိုးကရွာတယ်လေ ။
မင်း နဲ့ အတူ ပါလက်စတိုင်းကလေးငယ်တွေဟာ အနောက်ကမ္ဘာကို ထွက်သွားကြတော့မယ် ။
ချစ်ခြင်းမေတ္တာကြောင့် လွင့်သွားတဲ့လိပ်ပြာလေးတွေကို သနားလိုက်တာ ။
* ကိုယ်ဟာ တိမ်တွေလိုပဲ လွင့်တော့မလို့  *
နားကြပ်က သီချင်းသံဟာ တိုးလွန်းတဲ့အခါ အားစိုက်ပြီး ထပ်နားထောင်ရပြီရော …..။
///  ငါ့ကို စက္ကူတွေနဲ့ တည်ဆောက်ထားတာ …/// ရင်းရင်းနှီးနှီးဆိုလို့ အုတ်နံရံတွေပဲ ရှိတော့တာ ။
ပြောလိုက်တဲ့စကားတွေဟာ အုတ်နံရံပေါ်စိမ့်ဝင်သွားပြီး အငွေ့လိုမျိုး ၀ိညာဉ်တွေ ။
ကိုယ်ပြောမယ် ချစ်ခြင်းမေတ္တာဟာ ပိရမစ်တွေထဲမှာ ပိတ်မိနေပြီ
ထပ်ပြောမယ် စာသားတွေ ၊ ဖုန်းနံပါတ်တွေ ၊ အသုံးဆောင်တွေ ၊ ပျော်ရွင်မှုတွေ ၊
ချစ်ခြင်းမေတ္တာဟာ ပိရမစ်ထဲမှာ ပိတ်မိနေတာ  … ။
လူတွေဟာ သူတို့ ပေးဆပ်လိုက်ရတယ်လို့ အရသာခံပြောချင်လို့ တခုခုကို ရယူလိုက်ကြတယ် ။
ကိုယ်ဟာ အရက်သမား / ကိုယ်ဟာ ရူးနေတာ  / ကိုယ်ဟာ စိန်ပန်းပင်တွေကို ကြောက်နေလိုက်ရတာ ။
ခြင်ထောင်ထဲဝင်လာတဲ့ ခြင်တကောင်ရဲ့ သွေးဆာမှုဟာ လဲကျမှုသက်သက်  ။
ကိုယ်နဲ့ ဘာမှမသက်ဆိုင်တဲ့ ဘောလုံးအသင်းတွေအောင်မြင်တာလောက် မင်းဟာ ကိုယ့်ကို မပျော်ရွင်စေတော့ မလိုအပ်တဲ့ချစ်ခြင်းမေတ္တာဆိုတာ သွေးဆာမှု ဒါမှမဟုတ် သွေးဆာခံရမှုပဲ ပေါ့ ။
စိတ်လေ့ကျင့်ခန်းတွေကို ဂရုတစိုက်လုပ်ပါ ။ တိုက်ကြီးကြီးမှာနေပါ ။ တရက်ကို ငါ နဲ့ ဖုန်း ၂ နာရီလောက်ပြောပါ ။
The Messeger သီချင်းက မင်းကို ထိခိုက်စေမှာမဟုတ်ဘူး ။
တိပ်နဲ့ အပတ်ခံနေရသလို အရသာပြောင်းလဲခြင်းမျိုး    ။။။
* …*          --- သီချင်းစာသား
/// ….///     --- နေ့ သစ် ရဲ့  ဆိုက်ပရက်စ်ပင်များကဗျာမှ စာသား
ေ အး ချ မ်း
မြ န် မာေ ခ တ်ေ ပါ် က ဗျာ သ စ်ေ ကြ ညာ စာ တ မ်း ( ၂ ၀ ၀ ၇ )
၂၀၀၇ မတ် ၂၁ ရက် ကမ္ဘာ့ကဗျာနေ့တုန်းက ကဗျာဆရာ မိုဃ်းဇော်၊ ပိုင်၊ အောင်ရင်ငြိမ်း၊ တိုးနှောင်မိုးနဲ့ ၀ိုင်ချိုတို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ နီယိုမော်ဒန်ကဗျာကြေညာစာတမ်း ဖြစ်ပါတယ်။ ကြေငြာစာတမ်း ပထမစာမျက်နှာ စာပုဒ် ၅ မှာ ပါဝင်တဲ့ " လူထုခံစားမှုကို ထင်ဟပ်သော " ဆိုတဲ့ စကားစုဟာ ကဗျာဆရာ မိုဃ်းဇော်ရဲ့ စာသားဖြစ်ပြီး ကျန်စာသားအားလုံး ကျွန်တော့် အရေးအသားတွေ ဖြစ်ပါတယ်။ ကြေညာစာတမ်းကို မဖတ်ရသေးတဲ့၊ဖတ်ဖူးချင်တယ် ဆိုတဲ့ ကဗျာမိတ်ဆွေတွေအတွက် ဒါ့အပြင် အွန်လိုင်းမှတ်တမ်းအနေနဲ့  ပြန်တင်ပေးတာ ဖြစ်ပါတယ်။  နီယိုမော်ဒန် ကြေညာစာတမ်းကို ကိုနရီမင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်တဲ့  ၂၀၀၇ ခုနှစ် မေလထုတ် ဟန်သစ်မဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာ ကဗျာဆရာ မိုဃ်းဇော်က သူ့ နာမည်ကို ပြန်ဖြုတ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တဲ့အတွက် ကိုနရီမင်းဆီ ဖုန်းဆက်သွယ်ပြီး သူ့ နာမည်ကို ပြန်ဖြုတ်ပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ အချိန်ကာလ ၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ကြေညာစာတမ်းပါ ကဗျာအယူအဆတွေနဲ့ လက်ရှိ ကျွန်တော့် ကဗျာအယူအဆတွေကြားမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ရှိကောင်း ရှိနေနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ပြီးတော့ ကြေညာစာတမ်းမှာ  နီယိုမော်ဒန် အခြေခံ အယူအဆတွေ ပါဝင်ပေမဲ့ သွင်ပြင်လက္ခဏာနဲ့ ကဗျာနည်းစနစ်ပိုင်းတွေကို နောက်ပိုင်း ဆောင်းပါးတွေ ကျမှသာ ဆက်လက်တည်ဆောက်ဖြစ်ခဲ့တယ်ဆိုတာရယ် အခုလို လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်မှု မရှိသေးတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသေးတဲ့ စစ်အစိုးရလက်ထက်မှာ ရေးသားခဲ့တဲ့ ကြေငြာစာတမ်းဖြစ်တယ်ဆိုတာရယ်ကိုလည်း သတိပြုမိစေချင်ပါတယ်။
###
မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)
# # #
( စာမျက်နှာ-၁)
၂၀၀၇ ခုနှစ် ခေတ်ပြိုင်မြန်မာကဗျာ ရေစီးကြောင်း
                    ၁၉၇၀ခုနှစ်မိုးဝေကဗျာလှုပ်ရှားမှုနှင့်အတူ မွေးဖွားခဲ့ပြီး၁၉၉၀ ပြည့်နှစ်များမှစရ်ျအရွယ်ရောက်လာခဲ့သော မြန်မာခေတ်ပေါ်ကဗျာသည် ၂၀၀၆ ခုနှစ်အတွင်း ပင်မရေစီးမှတစ်ဆင့်လမ်းကြောင်းမြွှာများ ဖြန့်ကားခွဲထွက်လာသည်ကို ကဗျာဆရာများ အားလုံးအသိ ဖြစ်ပါသည်။
ယနေ့ခေတ်ပြိုင် မြန်မာကဗျာရေစီးတွင် ခေတ်ပေါ်ကဗျာ၊ ဘာသာစကားကဗျာ၊ ပို့စ်မော်ဒန်ကဗျာ၊ စမ်းသပ်ကဗျာ၊ ပါဖောင်းမန့်စ် ကဗျာ၊ စကားပြေကဗျာ စသည်ဖြင့် ပုံသဏ္ဍာန်နှင့် အမျိုးအစားမတူသော ရေစီးကြောင်းများ အပြိုင်စီးဆင်းလျက် ရှိပါသည်။ လက်ရှိခေတ်ပြိုင်အခြေအနေတွင် ကဗျာအမျိုးအစားများ စုံလင်သည်နှင့်အမျှ ကဗျာဗေဒ အယူအဆများ ရှုပ်ထွေးထွေပြားကာ ကဗျာအတုအစစ် ပြသနာများ၊ အနုပညာ ဖြစ်မဖြစ် ဆွေးနွေး ငြင်းခုံမှုများ၊ လက္ခဏာ ရောထွေးမှုများ စသည့် သံသယဖြစ်ဖွယ်ရာ ပဋိပက္ခများ ပေါ်ပေါက်နေပါသည်။ ထို အခြေအနေများကြောင့် ခေတ်ပေါ်ကဗျာအပေါ် အမြင်မရှင်းလင်းခြင်း၊ အယုံအကြည် ကင်းမဲ့ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေပါသည်။
မြန်မာခေတ်ပြိုင်ကဗျာလောကတွင် ကဗျာဆရာတချို့၏ ဘာသာပြန်မိတ်ဆက်မှုကြောင့် အမေရိကန်၊ ဥရောပ အစရှိသည့် အနောက်နိုင်ငံများမှ ကဗျာဗေဒ အမြင်များ စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီး ထို အယူအဆများအောက်တွင် သြဇာခံနားဝင်နေသည့် ကဗျာဆရာအချို့က " ကဗျာအသစ် " ဟု ကြွေးကြော်ခြင်းများ ရှိနေပါသည်။ ကျွန်တော်တို့ အမြင်ကို ပြောရလျှင် ထို ကဗျာဗေဒ/ ကဗျာအမျိုးအစားများသည် မြန်မာကဗျာစစ်စစ်များ၊ ကိုယ်ပိုင်အယူအဆများ မဟုတ်ဘဲ အနောက်တိုင်းကဗျာဗေဒများကို မိတ္တူကူးယူ ဆင့်ပွားထားသော အရာများသာ ဖြစ်ပါသည်။ ဥပမာဆိုရလျှင် အမေရိကန်ပန်းချီဆရာ Jackson Pollock ၏ ပန်းချီနည်းစနစ်များအတိုင်း ခံယူရေးဆွဲထားသော မြန်မာပန်းချီဆရာများ၏ လက်ရာများ၊ အမေရိကန်အဆိုတော် Eiminem ၏ သီချင်းများကို သံစဉ်ယူ/စာသားသွင်းထားသော မြန်မာအဆိုတော်တစ်ဦး၏ ကော်ပီတေးသွားများကဲ့သို့သာ ဖြစ်ပါသည်။
မြန်မာခေတ်ပေါ်ကဗျာသည် ဆက်လျှောက်ရမည့် အနာဂတ်လမ်းကြောင်းသစ်ကို သမိုင်းခေတ်နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲ ရွေ့လျားရန် အချိန်တန်နေပြီဟု ထင်မြင်မိပါသည်။ ခေတ်ပြိုင်ရေစီးထဲက အခြားကဗျာ အမျိုးအစားများနှင့် သီးခြားကွဲပြားမှု ရှိစေရန်၊ မြန်မာခေတ်ပေါ်ကဗျာသစ် ( Neo- Modern Poetry ) ဧ။်လက္ခဏာများ၊ ဘာသာဗေဒအမြင်များ၊ အခြေခံအတွေးအခေါ် အဆောက်အအုံများကို တည်ဆောက်သင့်သည်ဟု ထင်မြင်မိပါသည်။ သို့မှသာ မြန်မာခေတ်ပေါ်ကဗျာသစ်နှင့် အခြားကဗျာများ ကွဲပြားခြားနားကြောင်း မျိုးဆက်သစ်လူငယ်များ သိမြင်နားလည်ပြီး အနာဂတ်ကဗျာလမ်းကြောင်းကို မှန်ကန်ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မည်။
မြန်မာခေတ်ပေါ်ကဗျာသစ်( Neo- Modern Poetry ) ဆိုသော ဝေါဟာရသည် ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်မှ ယနေ့အထိ ပင်မရေစီးကြောင်း မြန်မာခေတ်ပေါ်ကဗျာကို အခြေခံရ်ျ အသစ်ဖြစ်အောင် အထူးပြုဖန်တီးထားသော၊ လူထုခံစားမှုကို ထင်ဟပ်သော ခေတ်ပေါ်ကဗျာများ၊ စကားပြေကဗျာများကို ရည်ညွှန်းဆိုလိုပါသည်။ အဆိုပါဝေါဟာရဧ။် အနက်အဓိပ္ပာယ်တွင် အခြားခေတ်ပြိုင်ကဗျာအမျိုးအစားများ ဖြစ်သည့် ဘာသာစကားကဗျာ၊ စမ်းသပ်ကဗျာ၊ ပါဖောင်းမန့်စ်ကဗျာများ မပါဝင်ပါ။ မြန်မာခေတ်ပေါ်ကဗျာသစ်နှင့် ထို အခြားကဗျာများဧ။် ကဗျာဗေဒများသည်လည်း တိုက်ဆိုင်တူညီခြင်း မရှိပါ။ (အီ) နေရာတွင် အခြားကဗျာများကို အသိအမှတ်မပြု၊ လက်မခံခြင်းမျိုး မဟုတ်ဘဲ သီးခြားသဘောဆောင်နေခြင်းကို ထင်ရှားစေလိုရ်ျ ဖြစ်ပါသည်။
( စာမျက်နှာ-၂ )
ခေတ်ပေါ်ကဗျာဆရာမှန်သမျှသည် " ဟောင်းနွမ်းရ်ျ အစွဲအလမ်းကြီးသော မော်ဒန်ကွန်ဆာဗေးတစ်များ " မဟုတ်ပါ။ သမိုင်းခေတ်နှင့်အညီ စစ်မှန်သော မြန်မာကဗျာသစ် ကောင်းကင်ဆီ ဦးတည်ပျံသန်းလိုသော အနုပညာလင်းယုန်ငှက်များသာ ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် အနာဂတ်တွင် ဆက်လက်လျှောက်လှမ်းသွားမည့် ခေတ်ပေါ်ကဗျာသစ် အယူအဆများကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
(အီ) မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)ပါ အချက်အလက် အယူအဆများသည် ကဗျာအနုပညာဧ။် လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ဘဲ မျက်မှောက်ခေတ် အခြေအနေတွင် ဖရိုဖရဲ ကမောက်ကမ ပြိုကွဲပျက်စီးနေသော အတွေးအခေါ်များ၊ သဘောထားအမြင်များ၊ အနုပညာတန်ဖိုးစံနှုန်းများကို ပြန်လည်စုစည်းတည်ဆောက်လိုက်ခြင်းသာ ဖြစ်ပါသည်။ ယခု မြန်မာခေတ်ပေါ်ကဗျာသစ်ကြေညာစာတမ်းကို အခြေခံရ်ျ မြန်မာခေတ်ပေါ်ကဗျာသစ် ( Neo- Modern Poetry) ဧ။် တန်ဖိုးအသစ်များကို ဆက်လက်ဆင့်ပွား တည်ဆောက်သွားကြရန် ဖြစ်ပါသည်။
လေးစားစွာဖြင့်
မိုဃ်းဇော်၊ ပိုင်၊ အောင်ရင်ငြိမ်း၊ တိုးနှောင်မိုး၊ ၀ိုင်ချို
ရက်စွဲ၊ ၂၀၀၇ခုနှစ် မတ်လ (၂၁)ရက်
ကမ္ဘာ့ကဗျာနေ့
နေရာ၊ ရန်ကုန်မြို့
( စာမျက်နှာ-၃)
ခေတ်ပြိုင်ကဗျာ အခင်းအကျင်း
ဒီနေ့ မြန်မာခေတ်ပေါ်နဲ့ နှောင်းခေတ်ပေါ်ကဗျာ အခင်းအကျင်းအပေါ် ဘယ်လို အမြင်ရှိသလဲ။
 ဒါဟာ ကဗျာစိတ်ဝင်စားသူတွေကြားမှာ ရေပန်းစားနေတဲ့ မေးခွန်းတစ်ခုပါ။ မေးခွန်းက တိုတောင်းကျစ်လျစ်တယ်။ ဒါပေမဲ့ စိတ်ကျေနပ်လောက်ဖွယ်ရာ အဖြေကို ပေးနိုင်ဖို့ အတော် မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပါတယ်။ မေးခွန်းဟာ ရှုပ်ထွေးထွေပြားတဲ့ ကဗျာဆယူအဆတွေ၊ ချဉ်းကပ်ဝေဖန်ဖို့ ခက်ခဲတဲ့ ကဗျာအရေးအသားတွေ၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုယဉ်ကျေးမှု အရှုပ်အထွေးတွေကြားထဲက မြစ်ဖျားခံလာပြီး အဖြေကလည်း အဲဒီအရာတွေကြားထဲမှာပဲ ရောထွေးပုန်းကွယ်နေပါတယ်။
အနုပညာ အစစ်အမှန်တွေနဲ့ အတုအယောင်တွေကလည်း ရောနှောနေကြတာဆိုတော့ အဖြေမှန်ကို လက်ညှိုးထိုးပြဖို့ မဖြစ်နိုင်ဘူး။ လက်ညှိုးထိုးပြနိုင်တယ်ဆိုရင်တောင် သဘောတူလက်ခံသူ ရှိသလို ဆန့်ကျင်ငြင်းဆန်သူတွေလည်း ရှိနေဦးမှာ မဟုတ်လား။ ဒီနေ့ခေတ်ကာလကြီးထဲမှာ အမှန်တရားဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ ဘယ် အမှန်တရားမှ အကြွင်းမဲ့ ပြီးပြည့်စုံ မှန်ကန်ခိုင်လုံမှု မရှိဘူး။ လူတစ်ယောက်ရဲ့ အမှန်တရားဟာ အခြားလူတစ်ယောက်အတွက် အမှားအယွင်း ဖြစ်နေနိုင်တယ်။ အမှန်တရားဆိုတာ ကိုယ် ထင်ရာမြင်ရာ ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တစ်ခုပဲ။ ဒီတော့ အဖြေမှန် ရဖို့ဆိုတာထက် ဒီနေ့ ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းကို အမြင်ကြည်လင်ပြတ်သားမှုနဲ့ ချဉ်းကပ်ရှုမြင်နိုင်ဖို့ပဲ ဦးတည်ဆွေးနွေးကြရမှာပါ။
ခေတ်ပေါ်ကဗျာနှင့် ခေတ်ပေါ်အာရုံခံစားမှု
ခေတ်ပေါ်ကဗျာကို ကိုယ် အာရုံလာတဲ့ အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ တင်ပြပုံတွေနဲ့ စိတ်ကြိုက်ရေးဖွဲ့နိုင်ပါတယ်။ ခေတ်ပေါ်ကဗျာမှာ အကြောင်းအရာ၊ ပုံသဏ္ဍာန် ကန့်သတ်မှု မရှိပါဘူး။ အကြောင်းအရာ အထူအပါး၊ အမှိန်အဖျော့၊ ပုံသဏ္ဍာန်အလှအပ၊ ရွက်ကြမ်းရေကျို၊ ရွဲ့ရွဲ့စောင်းစောင်း စိတ်ကြိုက်ဖန်တီးနိုင်တဲ့ လွတ်လပ်ခွင့် ရှိတယ်။ ခေတ်ပေါ်ကဗျာဖန်တီးသူတစ်ယောက်အနေနဲ့ သတိထားရမှာတစ်ခုက အဲဒီ လွတ်လပ်ခွင့်ကို အလွဲသုံးစား မလုပ်မိစေဖို့ပါပဲ။ အနုပညာလွတ်လပ်ခွင့်ဆိုရာမှာ အနုပညာရဲ့ ဒီမိုကရေစီသဘောကို နားလည်တန်ဖိုးထားပြီး အခွင့်အရေးတွေကို အတိုင်းအဆနဲ့ သုံးစွဲဖို့ လိုပါတယ်။
ခေတ်ပေါ်ကဗျာလို့ပြောရင် ခေတ်ပေါ်အကြောင်းအရာနဲ့ ခေတ်ပေါ်ပုံသဏ္ဍာန် ဖြစ်နေဖို့ လိုမယ်။ ခေတ်ပေါ်အာရုံခံစားမှုကို ခေတ်ပေါ်အာရုံခံစားပုံနဲ့ ချဉ်းကပ်ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ဖို့ လိုမယ်။ ခေတ်ပေါ်အာရုံခံစားမှုဆိုတာ ဒီနေ့ခေတ်ပြိုင် လူ့အဖွဲ့အစည်းထဲမှာ ကြုံတွေ့ခံစားနေရတဲ့ ခေတ်ပေါ်အာရုံခံစားမှု အစုအဝေးကို ဆိုလိုပါတယ်။ ဒီနေ့ ခေတ်ပြိုင် လူ့အဖွဲ့အစည်းမှာ ခေတ်ပေါ်အာရုံခံစားမှုနဲ့ နှောင်းခေတ်ပေါ်အာရုံခံစားမှုတွေ ရောထွေး ဖြစ်တည်နေကြတယ်။ ခေတ်ပေါ်အာရုံခံစားမှုရဲ့ လက္ခဏာတချို့ကို တင်ပြခဲ့ဖူးပါတယ်။
(၁) ရုပ်ဝတ္ထုများ/ နည်းပညာများဧ။် ကျေးကျွန်ဖြစ်ခြင်း
(၂) အပေါ်ယံ အရေပြားဆန်ခြင်း
(၃) လူသားဧ။် အဇ္ဈတ္တတန်ဖိုးများ လျော့နည်းပြိုကွဲလာခြင်း
(၄) လူ့တန်ဖိုးများအား ပြက်ရယ်ပြုခြင်း( အမှန်တရား၊ ချစ်ခြင်းမေတ္တာ စသဖြင့်)
(၅) အာမခံချက်များ ပျောက်ဆုံးနေခြင်း
(၆) အနာဂတ် မသေချာမှု
(၇) ပစ္စုပ္ပန် ဖြစ်တည်မှု အခြေအနေမှ လွတ်မြောက်လိုခြင်း
(၈) အမှားအမှန် ရောထွေးနေခြင်း
စာမျက်နှာ(၄)
(၉) အပြောင်းအလဲ၊ စိန်ခေါ်မှုများနှင့် စီးချင်းထိုးနေရခြင်း
(၁၀) ငွေကြေးနောက်သို့ အပြေးအလွှား လိုက်နေရခြင်း
(၁၁) ပေါ့ပ်ယဉ်ကျေးမှုဧ။် သားကောင်ဖြစ်ခြင်း
(၁၂) လူသားဧ။် အမှတ်လက္ခဏာများ ပျောက်ဆုံးသွားခြင်း
(၁၃) စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ နောက်တန်းရောက်သွားခြင်း
(၁၄) အတ္တ ဗဟိုပြုဝါဒ ထွန်းကားလာခြင်း
(၁၅) အတွေးအခေါ် သူရဲကောင်းဝါဒ ကျဆုံးခြင်း
(၁၆) ယုံကြည်မှုများ ပြိုပျက်သွားခြင်း
(၁၇) စံပြုပုဂိုလ် ကွယ်လွန်ခြင်း
ခင်ဗျားဟာ အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်မယ်ဆိုရင်၊ ငွေကြေးပြည့်စုံတဲ့ ဘူဇွာတစ်ယောက်ဖြစ်မယ်ဆိုရင်၊ ပညာရပ်သီဝရီတွေနောက်ကိုပဲ စွတ်လိုက်နေတဲ့ ပညာတတ်တစ်ယောက် ဖြစ်မယ်ဆိုရင်၊ ဒီနေ့ခေတ်ရဲ့ သဘာဝအတိုင်း ရူးချင်ယောင်ဆောင်နေတတ်တဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီလက္ခဏာတွေကို သဘောတူချင်မှ တူနိုင်ပါလိမ့်မယ်။ ခေတ်ကို အပေါ်ယံ ရှပ်ကြည့်ပြီး မျက်နှာလွှဲထားမယ်ဆိုရင် အမှန်တရားရဲ့ အတွင်းသားကို မြင်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။
ဆိုလိုတာက ဒါကို သားစိမ်းငါးစိမ်းလို အတုံးလိုက် အတစ်လိုက် ခုတ်ထစ်ပြီး ချပြဖို့ မဟုတ်ပါဘူး။ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ ဖြတ်သန်းရင်း ခေတ်ပေါ်အာရုံခံစားမှုတွေရဲ့ ရိုက်ခတ်မှုကို ခေတ်ပေါ်ကဗျာမှာ အရိပ်အငွေ့ ထင်ဟပ်ဖော်ပြနိုင်ဖို့ ပြောတာပါ။ ခေတ်ကို ခင်ဗျား ဘယ်လို မြင်သလဲ။ ခေတ်ကို ခင်ဗျား ဘယ်လို တုံ့ပြန်မလဲ။
ဒီနေရာမှာ ခေတ်ပေါ်အာရုံခံစားပုံရဲ့ အခန်းကဏ္ဍ ရောက်လာပါပြီ။
ခေတ်ပေါ်အာရုံခံစားမှု အပိုင်းအစတွေ အဆက်အစပ်မဲ့တည်ဆောက်ပြတာကို ခေတ်ပေါ်အာရုံခံစားပုံလို့ ယူဆထားရင် ခင်ဗျားဟာ Fragmentation Theory မှာ ရပ်တန့်နေသူပဲ ဖြစ်နေဦးမယ်။ ခင်ဗျားဟာ သီဝရီကြိုးဆွဲရာ ကနေရတဲ့ အနုပညာရုပ်သေးရုပ်တစ်ရုပ်ပဲ ဖြစ်နေလိမ့်မယ်။
ခေတ်ပေါ်အာရုံခံစားပုံဟာ ကျွန်တော်တို့ရဲ့ သိမြင်မှု ပုံစံတွေ၊ သဘောထားတွေ အချိုးပျက်ယွင်းသွားမှုကို အခြေခံထားတယ်။ ဒီမှာ အလေးအနက် ထပ်ပြောလိုတာက အနုပညာသီဝရီနဲ့ ပုံသဏ္ဍာန်တွေ အချိုးပျက်ယွင်းမှုကို ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ သဘောထား၊ ယုံကြည်မှု၊ သိမြင်မှု ပုံစံတွေကို သီးသန့်ပြောချင်တာ။
ကျွန်တော်တို့ကို အဆိုးမြင်ဝါဒီတွေလို့ ခင်ဗျား ပြောချင်နေပြီလား။
ပြီးခဲ့တဲ့ အတိတ်ကာလတွေတုန်းက အစဉ်အလာတန်ဖိုးထားခဲ့တဲ့ လူမှုရေးနှုန်းစံ၊ ယဉ်ကျေးမှုတန်ဖိုးတွေဟာ ပြိုပျက်သွားခဲ့ကြပြီ။ အရင်တုန်းက အမှန်တရား၊ သစ္စာတရားဆိုတာကို ကျွန်တော်တို့ ဦးထိပ်ပန်ဆင် ကိုးကွယ်ခဲ့ကြတယ်။ အခု သစ္စာဆိုတာကို လှောင်ပြောင်ရယ်မောစရာ ပန်းတစ်ပွင့်အဖြစ် မြင်တယ်။ ပန်းပွင့်ကို ပလတ်စတစ်နဲ့ ပြုလုပ်ထားသလို အမှန်တရားကို အနှစ်သာရမရှိတဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့ စကားလုံးတွေနဲ့ ပြုလုပ်ထားတယ်။ အရင်တုန်းက ချစ်ခြင်းမေတ္တာဟာ လူတွေ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးတစ်မျိုးပဲ။ အခုခေတ်မှာ ချစ်ခြင်းမေတ္တာဟာ တန်ဖိုးသတ်မှတ်လို့ ရတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်သွားပြီ။
ခေတ်မီတိုးတက်တဲ့ နည်းပညာလူ့အဖွဲ့အစည်းကြီးထဲမှာ ရုပ်ဝတ္ထုယဉ်ကျေးမှုတွေ မြင့်မားလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေ ပြိုကွဲလျော့နည်းလာနေတယ်။ လူတွေရဲ့ ဘ၀အမြင်၊ လူမှုဝန်းကျင်အပေါ် သဘောထားနဲ့ ပုဂလျက သိမြင်မှုပုံစံတွေဟာ ဖရိုဖရဲ ပျက်ယွင်းနေကြတယ်။
ဒီနေ့ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ ခေးအော့စ်( Chaos)၊ အချိုးဖျက်ခြင်း(Distortion) သီဝရီတွေနဲ့အညီ
( စာမျက်နှာ-၅)
ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာ/ အာရုံခံစားမှုတွေ အများကြီး ရှိပါတယ်။ ခင်ဗျား အာရုံခံစားနိုင်စွမ်း ရှိရင် ရှိသလောက် မြင်နိုင်လိမ့်မယ်။ ခေတ်ပေါ်ကဗျာဟာ ထွေပြားတဲ့ ခေတ်ပေါ်အာရုံခံစားမှုတွေကို ပျက်ယွင်းနေတဲ့ ခေတ်ပေါ်အာရုံခံစားပုံတွေနဲ့ ချဉ်းကပ်တင်ပြဖို့ လိုတယ်လို့ မထင်မိဘူးလား။ ရှုမျှော်ခင်းဖွဲ့တွေ၊ ဘ၀အလွမ်းအမောတွေ ထားခဲ့လိုက်ပါတော့။ အသည်းကွဲဝေဒနာတွေ၊ ဆန့်ကျင်အနုပညာတွေ နားထားလိုက်ပါတော့။
တချို့လူငယ်ကဗျာဆရာတွေကတော့ ခေတ်ပေါ်အာရုံခံစားမှုဆိုတာကို ဖတ်မှတ်လေ့လာထားတဲ့ သီဝရီတွေအရပဲ နားလည်လက်ခံထားကြတယ်။ ခေတ်ပေါ်၊ နှောင်းခေတ်ပေါ် အနုပညာနည်းစနစ်တွေနဲ့ ညီအောင် လုပ်လိုက်ရင်ပဲ ခေတ်ပေါ်အာရုံခံစားပုံ ဖြစ်ပြီလို့ ယူဆနေကြတယ်။ ခေတ်ပေါ်/နှောင်းခေတ်ပေါ်ကဗျာကို Modern& Postmodern Sensibility အတွင်းအနှစ်သာရဆီ ရောက်အောင် မချဉ်းကပ်ဘဲ အပေါ်ယံ ဘာသာစကားအသွင်ပြောင်းလဲမှု လုပ်ဖို့ပဲ ကြိုးစားနေကြတာ တွေ့ရတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး မော်ဒန်/ ပို့စ်မော်ဒန်ဝါဒီတွေ အယူလွဲမှားနေကြတာတွေလည်း ရှိပါတယ်။
ခေတ်ပေါ်ကဗျာနှင့် ဘာသာစကား
ဘာသာစကားဟာ အာရုံခံစားမှုတွေ၊ အနက်အဓိပ္ပာယ်တွေကို တည်ဆောက်ပြဖို့ လူတွေ တီထွင်ဖန်တီးထားတဲ့ မီဒီယမ်တစ်မျိုးပါ။ ဘာသာစကားဟာ သင်္ကေတ အဆောက်အအုံ၊ ပညတ်သဘော၊ တရားဓမ္မကို ပုံဖော်ထားတဲ့ အသွင်သဏ္ဍာန်ဆိုတာ ဘာသာစကားကို အထူးပြုသုံးစွဲနေကြတဲ့ အနုပညာသမားတိုင်း သိကြပါတယ်။ ဘာသာစကားမှာ ပင်ကို အနှစ်သာရ တန်ဖိုးမရှိ၊ ယုံကြည်စရာ အကြောင်းသဘာဝ မရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ဘာသာစကားကို လူတွေ၊ အနုပညာသမားတွေ မီဒီယမ်အဖြစ် သုံးစွဲနေကြတာဟာ အာရုံခံစားမှုတွေ၊ အနက်အဓိပ္ပာယ်တွေကို ရွှေ့ပြောင်းဖျက်ဆီးပစ်ဖို့ မဟုတ်ဘူး။ အနုပညာရှင်တစ်ယောက်ကနေ လူတွေဆီ ဆက်သွယ်ပြောဆိုလိုတဲ့ အာရုံခံစားမှုတွေ၊ အနက်အဓိပ္ပာယ်တွေဟာ ဘယ်လောက်ပဲ အဆက်အစပ်မဲ့၊ ဖရိုဖရဲ၊ ပဋိပက္ခ ဖြစ်နေပါစေ။ အဲဒီ စိတ်အခြေအနေတွေကို ပရိသတ်ဆီ တိုက်ရိုက်/သွယ်ဝိုက် ရောက်ရှိသွားစေဖို့ ဘာသာစကားကို ကြားခံပစ္စည်းအဖြစ် သုံးစွဲနေကြရတာပါ။
အနုပညာရှင်ဟာ ဘာ အာရုံခံစားမှုတွေကို ဘယ်လို အာရုံခံစားနေရတာလဲ။
What & How.
ဒီ အခြေအနေကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဘာသာစကား အသုံးပြု တည်ဆောက်ပြနိုင်ဖို့ လိုပါတယ်။ ဘာသာစကားရဲ့ အခြေခံရင်းမြစ်ဖြစ်တဲ့ အညွှန်းပြုစကားလုံး( Signifier) တွေဟာ မရေရာ မသေချာ/ ထွေပြားမြားမြောင်တဲ့ အညွှန်းခံ အနက်အဓိပ္ပာယ် ( Signified) တွေကို ညွှန်းဆိုနေတယ် ဆိုတဲ့ အတွေးအခေါ်ကို သူ့အတိုင်း ထားလိုက်ပါ။ ရည်ညွှန်းလိုတဲ့ Signified တွေကို ဖော်ပြနိုင်မယ့် Signifier တွေကို ရှာဖွေ တွဲစပ်တင်ပြရမှာ ကဗျာဆရာ/ စာရေးဆရာရဲ့ အလုပ်ပဲ။
အဲဒီလို စကားလုံး( Signifier) တွေကို မရှာဖွေဘဲ မျောလွင့်နေတဲ့ အဓိပ္ပာယ်( Signified) တွေရဲ့ နောက်ကို လိုက်နေမယ်ဆိုရင် ခင်ဗျားဟာ ဘာသာစကား နိုင်နင်းသူ တစ်ယောက် ဖြစ်မလာဘဲ ဘာသာစကား မကျွမ်းကျင်သူ တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ Modern/ Postmodern ဆိုတဲ့ အနှစ်သာရနဲ့ ကိုယ် တည်ဆောက်ပြနေတဲ့ ဘာသာစကားအဆောက်အအုံရဲ့ အနှစ်သာရ လွဲချော်နေမယ်ဆိုရင် အစစ်အမှန် ဖြစ်မလာဘဲ အတုအယောင်ပဲ ဖြစ်နေလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အမည်တံဆိပ် တပ်ထားတာ လွဲချော်နေရင် ရှက်စရာ ကောင်းပါတယ်။
ခေတ်ပေါ်ကဗျာသစ်ရဲ့ လမ်းကြောင်း
ဒီနေ့ ခေတ်ပေါ်ကဗျာဟာ ရိုးအီငြီးငွေ့စရာ ကောင်းလောက်အောင် ဟောင်းနွမ်းစ ပြုနေပြီဆိုတာ
စာမျက်နှာ(၆)
ဝန်ခံပါတယ်။ ခေတ်ပေါ်ကဗျာ ဆက်လျှောက်ရမယ့် လမ်းကြောင်းကလည်း ရှုပ်ထွေးလွန်းနေတယ်။ နာမည်ကြီး ကဗျာဆရာတွေရဲ့ သြဇာခံပြီး လိုက်လံတုပရေးသားနေကြတဲ့ ဆင်တူယိုးမှား ကဗျာတွေ၊ ခေတ်ပေါ်ကဗျာ ပီပီပြင်ပြင် မဖြစ်တဲ့ ဆီမီမော်ဒန်ကဗျာတွေ၊ ပုံသဏ္ဍာန်အသစ်စွပ်ပြီး အစစ်ဟန်ဆောင်ထားတဲ့ ကဗျာအတုတွေ၊ ခေတ်ကို မျက်နှာလွှဲထားတဲ့ သီဝရီကဗျာတွေကြားမှာ စစ်မှန်အားကောင်းတဲ့ ခေတ်ပေါ်ကဗျာဟာ ရောထွေးေ၀၀ါးနေပါတယ်။
ခေတ်ပေါ်ကဗျာသစ် လမ်းကြောင်းကို ဘယ်လို ဆက်လျှောက်ကြမလဲ။
တချို့က အမေရိကန်က လာတဲ့ ဘာသာစကားကဗျာ( L.P) ကို ခေတ်ပေါ်ကဗျာ အချိုးအကွေ့၊ နှောင်းခေတ်ပေါ်ကဗျာ လမ်းကြောင်းသစ်လို့ ယူဆပြီး နောက်ကျမကျန်ရအောင် ခါတော်မီ ပြေးလိုက်နေကြတယ်။ တချို့က ဘာသာစကားကဗျာကို ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ လမ်းကြောင်းမြွှာတစ်ခုလို့ပဲ သဘောထားပြီး ကိုယ့် မူလလမ်းကြောင်းကိုပဲ အသစ်ရွေ့လျားနိုင်အောင် စဉ်းစားနေကြတယ်။ ခေတ်ပေါ်ကဗျာကို ခေတ်ပေါ်ကဗျာသစ် လမ်းကြောင်းဆီ ရွေ့လျားမယ်ဆိုရင် ဘယ်လို တွန်းကန်အား/ ဦးတည်ချက်နဲ့ မောင်းနှင်ကြမလဲ။
ကျွန်တော်တို့ ခေတ်ပေါ်အာရုံခံစားပုံဆိုတာကို အလေးအနက်ထားပြီး မျက်ခြည်မပြတ်အောင် ဂရုစိုက်ဖို့ လိုမယ်။ ပို့စ်မော်ဒန် သီဝရီ/ နည်းစနစ်တွေထဲက ကိုယ့် ခေတ်ပေါ်ကဗျာသစ်နဲ့ အဆင်ပြေမယ့် တက္ကနိက တချို့ကို အသုံးပြုသင့်ရင် ပြုရမယ်။ ခေတ်ပေါ်ကဗျာရဲ့ မျက်မြင်ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ထက် အတွင်းသား အမြင်( ခေတ်ပေါ်အာရုံခံစားပုံ) ပြောင်းလဲဖို့ လိုမယ်။ ကိုယ် အသုံးပြု တင်ဆက်နေတဲ့ ဘာသာစကား အကွက်အဆင်တွေကို ပြောင်းပြီး ကိုယ်ပိုင်ဟန် အသစ်ဖြစ်အောင် အားထုတ်ရမယ်။ ဟောင်းနွမ်းနေတဲ့ စကားလုံးတွေကို စွန့်ပစ်ပြီး ဘာသာစကားထဲက ကိုယ် မသုံးစွဲဖူးသေးတဲ့ စကားလုံး အသစ်တွေကိုလည်း ရှာဖွေရမှာပေါ့။ အဲဒီမှာ သတိလက်လွတ် မဖြစ်ရမှာက ခေတ်ပေါ် အာရုံခံစားမှု၊ အနုပညာမြောက်မှုနဲ့ ကဗျာဓာတ်ဆိုတဲ့ ရုပ်လွန်ဂုဏ်ရည်တွေပါပဲ။
ခေတ်ပေါ်ကဗျာသစ်ကို အတုနဲ့ အစစ်၊ ဆင်တူယိုးမှား အရောရော အထွေးထွေး မဖြစ်စေဖို့ ခေတ်ပေါ်ကဗျာကျွမ်းကျင်သူတွေက တန်ဖိုး/စံနှုန်း အသစ်တွေ သတ်မှတ်သင့်ရင် သတ်မှတ်ပေးရမယ်။ ဒါဟာ ခေတ်ပေါ်အနုပညာကို စံနှုန်း/တန်ဖိုးတွေနဲ့ ကန့်သတ်ချုပ်နှောင်ထားလိုတဲ့ အနုပညာအာဏာရှင်ဆန်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ မဖြစ်စေရဘူး။ ခေတ်ပေါ်ကဗျာသစ်ကို ဆင်တူယိုးမှားတွေနဲ့ ခွဲခြားနားလည်နိုင်ဖို့၊ သူ့ရဲ့ တန်ဖိုးအမှန်ကို အကဲဖြတ်ရွေးချယ်/ ခံစားနိုင်ဖို့ပဲ ဖြစ်သင့်တယ်။ ဒီနေ့ မျက်မှောက် ခေတ်ပြိုင်ကာလမှာ စာပေ၊ ယဉ်ကျေးမှု၊သမိုင်းဖြစ်ရပ်၊ လူမှုရေး အလေ့အထ၊ ဘာသာရေး ယုံကြည်မှု၊ အနာဂတ်သဘောထား၊ အတွေးအမြင် စတဲ့ နယ်ပယ်အသီးသီးက တန်ဖိုးစံနှုန်းတွေ ဖရိုဖရဲ၊ အပိုင်းအစ စိတ်မြွှာပြန့်ကျဲနေတာကို ကျွန်တော်တို့ တစ်စစီ ပြန်လည်စုစည်း တည်ဆောက်သင့်နေပြီ ထင်ပါတယ်။
ဒီနေ့ ပို့စ်မော်ဒန် ခေတ်ကာလ အပိုင်းအခြားအတွင်းမှာ လူ့အဖွဲ့အစည်းကို ထိန်းကွပ်ထားတဲ့ ယဉ်ကျေးမှု နှုန်းစံတန်ဖိုးတွေ အားလုံး ဖရိုဖရဲ ရောထွေး/ ပြိုကွဲ/ ဆက်စပ်နေကြပြီလို့ ပညာရှင်တော်တော်များများက အသံကျယ်ကျယ် အော်ဟစ်နေကြတယ်။ ကျွန်တော်တို့ဆီက စာပေနဲ့ ဒသနပညာရှင် လူကြီးမင်းတွေကတော့ သံယောင်လိုက် အော်ရုံက လွဲပြီး တခြား ဘာမှ လုပ်တတ်တဲ့ ပုဂိုလ်တွေ မဟုတ်ကြပါဘူး။ ဒီကြားထဲ သူများက ပို့စ်မော်ဒန်ဆိုရင် ပစ္ဆမော်ဒန်၊ သူများက L.P ဆိုရင် ဘာမှန်း ညာမှန်းမသိ လိုက် " P " နေကြတဲ့ လူကြီးလူကောင်းတွေလည်း ရှိသေးတယ်။
ခေတ်ပေါ်ကဗျာဗေဒနဲ့ ပတ်သက်ပြီး နှလုံးသွင်းပုံမစင်ကြယ်သေးတဲ့၊ အယူအဆရေးရာ ၀မ်းစာ မပြည့်ဝသေးတဲ့ တော်ရုံတန်ရုံလူငယ်တွေဟာ အဲဒီ ပုဂိုလ်တွေရဲ့ စကားကို မျက်လုံးစုံမှိတ်ကိုးကွယ်လိုက်ကြတာ များတယ်။ အဲဒီလူတွေကို ပုဂိုလ်ရေး ကိုးကွယ်ဆည်းကပ်ပြီး သူတို့ အယူအဆတွေကို ဘာသာရေးလို ကိုးကွယ်တတ်ကြတယ်။ သူတို့ ဘာသာပြန်တင်ပြလာတဲ့ သီဝရီ/ သဘောတရားတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆန်းစစ်ဆင်ခြင်မှု ပြုလေ့ မရှိကြဘူး။ အဲဒီထဲမှာ ကဗျာဆရာတွေ ကိုယ်တိုင် ပါဝင်နေတာ စိတ်မကောင်းစရာပါပဲ။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာအတိုင်း အင်္ဂလိပ်စာတတ်ပုဂိုလ်တွေကို အထင်ကြီး ကိုးကွယ်တတ်တဲ့
စာမျက်နှာ( ၇)
လူမှုရေးအလေ့အကျင့်ရဲ့ အားနည်းချက်တစ်ခုပေါ့။ အမှန်က ဘယ်လို အတွေးအခေါ်/ အယူဝါဒမျိုးကိုမဆို မျက်လုံးစုံမှိတ် မယုံကြည်ဘဲ ကိုယ်တိုင် ဆန်းစစ်ဆင်ခြင်မှု လုပ်ပြီးမှ လက်ခံသင့်တဲ့အရာကို လက်ခံ၊ ငြင်းဆန်သင့်တဲ့ အရာကို ငြင်းဆန်ပြီး ကိုယ် လျှောက်ရမယ့် လမ်းကို စဉ်းစားရွေးချယ်ရမှာ မဟုတ်လား။
လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးနှုန်းစံတွေ ပြိုကွဲနေပြီဆိုရင် အဲဒီလို ပြိုကွဲနေတဲ့အကြောင်းကို ကဗျာဆရာက မီးမောင်းထိုးပြနိုင်ဖို့ လိုပါတယ်။ ပြိုကွဲနေတဲ့ တန်ဖိုးနှုန်းစံတွေရဲ့ ရိုက်ခတ်မှုကို ကဗျာဆရာက ဘယ်လို ခံစား/ တုံ့ပြန်သလဲဆိုတာ သူ့ကဗျာမှာ အရိပ်အငွေ့ ထင်ဟပ်ဖော်ပြနိုင်ရမယ်။ တခြား ခေတ်ပြိုင် လူမှုရေးဒသနပညာရှင်၊ ရသဗေဒပညာရှင်တွေနဲ့အတူ (ဖြစ်နိုင်ရင်) လူ့အဖွဲ့အစည်းအတွက် သင့်လျော်မှန်ကန်တဲ့ တန်ဖိုးနှုန်းစံအသစ်တွေကို အနုပညာနဲ့ အနုပညာမြောက်အောင် သွယ်ဝိုက် တည်ဆောက်ပြနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့ ခေတ်ပေါ်ကဗျာ Modern Poetry ကနေ ခေတ်ပေါ်ကဗျာသစ် Neo-Modern Poetry လမ်းကြောင်းဆီ ဦးတည်ရွေ့လျားဖို့ အချိန်တန်နေပါပြီ။ ဒီ လမ်းကြောင်းသစ်ပေါ် ရွေ့လျားမယ့် ကဗျာဆရာတွေဟာ ခေတ်ပေါ်ကဗျာသစ်အပေါ် ရိုးသားယုံကြည်မှုနဲ့ အယူအဆရေးရာ အမြင်စင်ကြယ်မှု ရှိဖို့တော့ လိုမယ်။ ကိုယ့် အနုပညာကို လူပြောသူပြောများရုံ၊ ပေါ်ပြူလာဖြစ်ရုံ၊ ထူးဆန်းထွေလာဖြစ်ရုံ၊ အံ့ဖွယ်သရဲ ပဉ္စလက်ဆန်ရုံ၊ စကားလုံး အင်စတော်လေးရှင်းပြုလုပ်ရုံ ဖန်တီးရင်တော့ အပေါစား ပေါ့ပ်ကဗျာဆရာအဖြစ် သတ်မှတ်ခံယူကြရမှာပဲ။ ခေတ်ပေါ်ကဗျာဗေဒကို စိတ်ဝင်စားတဲ့ ကဗျာဆရာ/ ကဗျာဖတ်သူတွေ အနေနဲ့လည်း ဖီလိုဆိုဖီ အမြင်စင်ကြယ်မှု ရှိရေးအတွက် ခေတ်ပေါ်ကဗျာဆိုင်ရာ ဆွေးနွေးဖလှယ်မှုတွေ ၀ိုင်းဝန်းပြုလုပ်ကြဖို့ ဆန္ဒပြုပါတယ်။
ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာသစ် သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အနုပညာအမှိုက်သရိုက်တွေကို သုတ်သင်ရှင်းလင်းမှု စတင်လိုက်ပါပြီ။ တစ်ခုတော့ ရှိပါရဲ့။ ဒီနေ့ ပို့စ်မော်ဒန်ခေတ်ကာလကြီးထဲမှာ ဟိုအရင် ဆရာမောင်သာနိုး၊ ဆရာအောင်ဝေးတို့ ခေတ်တွေကလို ခေတ်ပေါ်သဘောတရားရေးရာ သူရဲကောင်းဝါဒ ကျဆုံးပြိုကွဲသွားပါပြီ။ ဒီနေ့ခေတ်မှာ အမှန်တရားဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ ဘယ် အမှန်တရားမှ အကြွင်းမဲ့ ပြည့်စုံခိုင်မာမှု မရှိပါဘူး။ လူတစ်ယောက်ရဲ့ အမှန်တရားဟာ အခြားလူတစ်ယောက်အတွက် အမှားအယွင်း ဖြစ်နေနိုင်ပါတယ်။
ကျွန်တော်တို့ နားလည်လက်ခံထားတာ တစ်ခု ရှိပါတယ်။
အနုပညာဆိုင်ရာ အမှန်တရားဆိုတာ ကိုယ် ထင်ရာ မြင်ရာ ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ် တစ်ခုပါပဲ။
ခေတ်ပေါ်ကဗျာ အမှန်တရားများ အပြိုင်းအရိုင်း ဖူးပွင့်နိုင်ပါစေ။
စာမျက်နှာ(၈)
မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)
၁။ ပင်မရေစီး ခေတ်ပေါ်ကဗျာ၏ ရေးဖွဲ့တင်ပြပုံ၊ ဟန်ပန်၊ လေသံ၊ အာရုံခံစားမှုများကို ကျော်လွန်ရ်ျ အသစ်ဖြစ်သော ကဗျာဟန်ပန်၊ အမူအရာများဆိ ပြောင်းလဲ ရွေ့လျားရမည်။
၂။ ခေတ်ပြိုင် လူ့အဖွဲ့အစည်း၏ လူမှုရေး၊ယဉ်ကျေးမှု၊ အတွေးအခေါ် အခြင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေများကို ကိုယ်စားပြုနိုင်သည့် ခေတ်ပေါ်အာရုံခံစားမှု ပေါ်လွင်စေရမည်။
၃။ ခေတ်ပေါ်/ နှောင်းခေတ်ပေါ် အတွေးအခေါ်ကို အခြေခံထားသည့် သီဝရီ၊ နည်းပညာများကို အလျဉ်းသင့်သလို သုံးစွဲခွင့်ရှိသည်။ သို့သော် ခေတ်ပေါ်အာရုံခံစားပုံ/မှု ၊ နှောင်းခေတ်ပေါ် အာရုံခံစားပုံ/မှု များနှင့် လွတ်ကင်းခြင်း မဖြစ်သင့်။
၎။ ခေတ်ပေါ်ကဗျာသစ်တွင် အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ နည်းပညာ အကန့်အသတ်မရှိ။ ကဗျာဘာသာစကား၊ အရပ်သုံး  အပြောဘာသာစကား နှစ်မျိုးစလုံးဖြင့် လွတ်လပ်စွာ ရေးဖွဲ့နိုင်သည်။ သို့သော် ဆိုလိုရင်း၊ အဓိပ္ပာယ်များ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း၊ စကားလုံးသုံးစွဲပုံ လော်မာခြင်း၊ မနိုင်မနင်း ဖြစ်ခြင်းများကို ခေတ်ပေါ်ကဗျာ၏ " ကြီးလေးသော ဒုစရိုက်မှု" အဖြစ် သတ်မှတ်သည်။
၅။ ခေတ်ပြိုင် အကြောင်းခြင်းရာများကို မျက်နှာလွှဲထားသည့် စာသားများ၊ စကားလုံးဆော့ကစားခြင်းများကို ဆန့်ကျင်သည်။
၆။ အဓိပ္ပာယ် ရှုပ်ထွေးနက်နဲအောင် တမင်ကြံစည်ဖန်တီးထားသော နိမိတ်ပုံ၊ သင်္ကေတများ၊ ဘာသာစကား ဆက်စပ်တည်ဆောက်မှုများကို ငြင်းဆန်သည်။
၇။ ကဗျာဆရာ၏ တစ်သီးပုဂလခံစားမှုနှင့် ဘ၀အမြင်များ ကိန်းအောင်းမနေသော အရေးအသားများကို အပေါစားများအဖြစ် သတ်မှတ်သည်။
၈။ အာရုံခံစားမှု၊ အနက်အဓိပ္ပာယ်ကို တန်ဖိုးမထားဘဲ သီဝရီ၊ အတတ်ပညာသက်သက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စာသားများ၊ စကားလုံးဒီဇိုင်းများ၊ အကွက်အဆင်များ ခေတ်ပေါ်ကဗျာသစ် စာရင်းထဲ မ၀င်။
၉။ ခေတ်ပေါ်ကဗျာသစ် ကဗျာဆရာများသည် " ကဗျာ " ဆိုသောအရာကို " စာမျက်နှာပေါ်မှ ရုပ်ဝတ္ထုဆန်သော သက်မဲ့သင်္ကေတ အစုအဝေး" အဖြစ် အပေါ်ယံ အမြင်သဘောမျိုး မမှတ်ယူ။ ကဗျာတစ်ပုဒ်တွင် ပါဝင်သည့် စာသားများ၊ စကားလုံးများထက် သူတို့၏နောက်ကွယ်မှ အဓိပ္ပာယ်များ၊ ဆင့်ပွားအနက်များက ပြောပြနေသော အနှစ်သာရကို တန်ဖိုးထား စိတ်ဝင်စားသည်။
၁၀။ ခေတ်ပေါ်ကဗျာသစ်သည်  " အနုပညာမြောက်မှုနှင့် ကဗျာအလှဓာတ်" ကို အလေးအနက်တန်ဖိုးထားသည်။
၁၁။ ခေတ်ပေါ်ကဗျာသစ် ကဗျာဆရာများသည် စမ်းသပ်တီထွင်သော အသစ်ဖန်တီးမှု မှန်သမျှကို လက်ခံသည်။ သို့သော် " အနုပညာ၏ တန်ဖိုးနျင့် ဂုဏ်ရည်" ကို ပျက်စီးယိုယွင်းစေမည့် ကြောင်းကျိုးမခိုင်လုံသော အချိုးဖျက်မှုများ၊ အရူးချေးပန်းတည်ဆောက်မှုများကို " အနုပညာသေကြောင်းကြံစည်မှု" အဖြစ် သတ်မှတ်သည်။
၁၂။ " ကဗျာ အနုပညာ၏ အထက်တန်းကျသော တန်ဖိုးဂုဏ်ရည်များကို ပြက်ရယ်ပြုလိုသော၊ နိမ့်ကျစေလိုသော သဘောဖြင့် မြည်သံစွဲများ၊ ရယ်မောသံများ၊ အာမေဍိတ်စကားလုံးများ ထည့်သွင်းသုံးစွဲခြင်းကို ကန့်ကွက်သည်။
၁၃။ ခေတ်ပေါ်ကဗျာသစ်သည် ဘာသာစကားနှင့် ပတ်သက်ရ်ျ ရုပ်ဝတ္ထုဆန်သော၊ အပေါ်ယံ အရေပြားဆန်သော အတွေးအခေါ်များကို ဆန့်ကျင်သည်။ အမြင်အာရုံဖြင့် ထိတွေ့နိုင်သည့် အပေါ်ယံဘာသာစကားအလွှာများကို မယုံကြည်။ ဘာသာစကားက တစ်ဆင့်ခံ ပြောပြနေသည့် အာရုံခံစားမှုများ၊ အနက်အဓိပ္ပာယ်များ၊ အမှန်တရားများပြိသာ သက်ဝင်ယုံကြည်သည်။ စူးစမ်းလေ့လာသည်။
စာမျက်နှာ(၉)
၁၄။ အပေါ်ယံ မြင်တွေ့ရသော ဘာသာစကားထက် အာရုံခံစားမှုများ၊ ဆိုလိုရင်းများက အဓိကကျပြီး အနှစ်သာရ ရှိသည်။
၁၅။ စကားလုံး၊ ဝေါဟာရ၊ ဘာသာစကားသည် လူသား၏ စိတ်ခံစားမှုများ၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြသရန်၊ လူသားချင်း ဆက်သွယ်ပြောဆို နားလည်ရန်၊ အဓိပ္ပာယ် ပြုရန် တီထွင်ဖန်တီးထားသော သင်္ကေတများသာ ဖြစ်သည်။ ထို သင်္ကေတများကို ကဗျာတွင် မီဒီယမ်အဖြစ် အသုံးပြုရာ( နှိုက်) မှန်ကန်သော နှလုံးသွင်းမှုနှင့် စေတနာ ရှိသင့်သည်။
၁၆။ ဘာသာစကားသည် ပညတ်ချက်မျှသာ ဖြစ်သည်။ ဘာသာစကားက ထွေပြားမြားမြောင်သော အနက်အဓိပ္ပာယ်များကို သယ်ဆောင်လာသည်/ ဖြစ်စေသည်မှာ ပညတ်ချက် သဘော၏ သဘာဝအားနည်ချက်သာ ဖြစ်သည်။ အစစ်အမှန်တရားဆီသို့ ချဉ်းကပ်ရာတွင် ဘာသာစကားကို မီဒီယမ်အဖြစ် အသုံးပြုရသည်။ ဘာသာစကား၏ သဘာဝ အားနည်းချက်ကြောင့် အစစ်အမှန်တရား၊ ဒြပ်မဲ့ အနှစ်သာရ၊ အာရုံခံစားမှု အကြောင်းခြင်းရာများကို မထိခိုက်စေရ။ ကဗျာဆရာ ပြောလိုသည့် " အကြောင်းခြင်းရာများ " ပေါ်လွင်အောင်သာ ဘာသာစကားများကို မီဒီယမ်အဖြစ် သုံးစွဲရမည်။
၁၇။ နဂိုမူလအရင်းခံက အနှစ်သာရမရှိသည့် ဘာသာစကားကို အဓိပ္ပာယ်များ ဖရိုဖရဲဖြစ်အောင် အချိုးဖျက်ခြင်းဖြင့် " အစစ်အမှန်တရား " ဆီသို့ မရောက်ရှိနိုင်။
၁၈။ ခေတ်ပေါ်ကဗျာသစ်သည် ခေတ်ပြိုင်ရေစီးထဲမှ အခြားကဗျာ ပုံသဏ္ဍာန်များကို အသိအမှတ်ပြုသည်။ ခေတ်ပေါ်ကဗျာသစ် ကဗျာဆရာများသည် အမှန်တရားတစ်ခုတည်း အယူအဆကို လက်မခံ။ အမှန်တရား အမြောက်အမြားကို လက်ခံသည့် ဗဟုဝါဒကို ကိုင်စွဲသည်။
၁၉။ (အီ) လောကီကမ္ဘာတွင် မည်သည့် စစ်မှန် ပြည့်စုံ ခိုင်လုံသော အမှန်တရားမျှ မရှိ။ မပြည့်စုံ၊ မခိုင်လုံသော အမှန်တရားများသာ အမြောက်အမြား ရှိနေကြသည်။
၂၀။ မြန်မာခေတ်ပေါ်ကဗျာသစ်သည် မည်သည့် နိုင်ငံရပ်ခြား ကဗျာသစ်၏ သြဇာလွှမ်းမိုးမှုကိုမျှ လက်မခံ။ နိုင်ငံရပ်ခြား ကဗျာများကို မိတ္တူ ဆင့်ပွားကူးယူခြင်း မရှိ။
###
ပြန်လည်တင်ပြသူ
အောင်ရင်ငြိမ်း
၁၈ ဇွန် ၂၀၁၃
Monday, May 13, 2013
ဒီကဗျာမှာ လူ့အဖွဲ့အစည်းဟာ အဓမ္မအကျင့်ခံထားရတဲ့ အနုပညာနဲ့ တစ်သားထဲ ဖြစ်နေတယ်
သွေးရိုးသားရိုး အခြေအနေ ဘာတစ်ခုမှ မရှိတော့ဘူး
ကိုယ်မနေ့ က တိုက်ပွဲမှာ ကမ္ဘာအပြင်ဘက်ကို ခဏထွက်သွားလိုက် တယ်
တစ်ယောက်ယောက်ကို နူတ်ဆက်လိုက်ဖို့တောင် ကိုယ့်သွေးသားတွေဟာ အေးစက်
ဘ၀ဟာ သိပ် ပင် ပန်း ပါ တ ယ်  ထရီဇာ
ကိုယ်ဟာ ရာသီဥတု ဒဏ်ကို ဘယ်လို ပျော်ရွှင်ဖွယ်ရာတွေနဲ့ တောင့်ခံထားရသလဲ
လူငယ်တစ်ယောက် ဟာ ဒဏ်ရာတွေကို ခေါက်ဓါးတစ်လက်လို ဆွဲသိမ်းလိုက်တယ်
ဘယ်လို အကြောင်းအရာတွေကို ကိုယ် ကဗျာအဖြစ် ချရေးလိုက် ရမလဲ
ကိုယ်ဟာ နာကျင်မှုတွေကို ဘ၀မှာ အနူးညံ့ဆုံး သိမ်မွှေ့ပစ်တတ်တဲ့ လူငယ်
သမိုင်းစာအုပ်တွေနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များမှုတွေကို ကိုယ်ကဗျာလုပ်မရေးနိုင်ဘူး
အနုပညာ ဟာ ယုံကြည်မှု၊ ခံနိုင်ရည် ရာခိုင်းနူန်းဘယ်လောက်အတိုင်းအတာမှာ တည်ရှိနေလဲ
အနုပညာဆိုတာ ဗိုလ်ချုပ်အောင်ဆန်း အနုပညာဆိုတာ ဒေါ်အောင်ဆန်းစုကြည်၊
အနုပညာဆိုတာ ဦးသိန်းစိန်၊ ဘာတွေလဲ ၊ ဘာတွေလဲကွာ ဒီကမ္ဘာကြီးဟာ ရွဲ့စောင်းနေပုံ
အနုပညာ ဆိုတာ ရွံ့ရှာဖွယ်ရာကောင်းတဲ့ ဟာသ ပြက်လုံး
အနုပညာဆိုတာ ဖေါ်ချွတ်ဓါတ်ပုံကို မျက်နှာဖုန်းတင်ထားတဲ့ မဂ္ဂဇင်းစာမျက်ပေါ်က
မော်ဒယ်အမျိုးသမီး တစ်ယောက်ရဲ့ အင်တာဗျူးသတင်းခေါင်းစဉ်
အနုပညာဆိုတာ ခပ်ကြောင်ကြောင် ရပ်ပါတစ်ယောက်ရဲ့ မွေးနေ့ပွဲ ၊
အနုပညာဆိုတာ ဘယ်လိုအဓိပါပယ်ဖွင့်ဆိုမှုမျိုးနဲ့ သောက်သုံးနေကြတဲ့ ၀ီစကီအမျိုးအစားလဲ ၊
လက်ခုပ်သံတွေကြားရတိုင်း စင်ပေါ်ပြေးတက်ရအောင် ကိုယ်က ဆပ်ကပ်ဝိုင်းထဲက မျောက်တစ်ကောင်မှ မဟုတ်ဘဲ
ကမ္ဘာကြီးရဲ့ လည်ပတ်နေမှုမှာဘယ်အရာမှ သွေးမှန်သားမှန် မရှိတော့ဘူး၊ ကိုယ့် စွန့်ခွါ.
လူငယ်တစ်ယောက် မသေချာတဲ့ အမှန်တရားကို ခေါက်ဓါးတစ်လက်ကို ဆွဲသိမ်းလိုက်တယ်
ဒီကဗျာမှာ လူ့အဖွဲ့အစည်းဟာ အဓမ္မအကျင့်ခံထားရတဲ့ အနုပညာနဲ့ တစ်သားထဲ ဖြစ်နေတယ်
ကိုယ်ရေးကိုယ်တာ ကိန်းဂဏန်း အချက်အလက် သတင်းခေါင်းစဉ်၊ ရပ်တည်ချက် အရာင်လွင့် ဖိနပ်
တွေးခေါ်စဉ်းစားမှုတွေကနေစပြီး နှလုံးခုံသံတွေအထိ စိတ်ကို ဆင်ခြင်တုံတရား ဘောင်တွေထဲမှာ သော့ခတ်လိုက်တယ်
ကိုယ်ရုန်းထွက်နေတယ် သာမန်အခြေအနေ အခန်းလွတ်များ ၊
လိင် လိုအပ်ချက်က ချစ်ခြင်းမေတ္တာနောက်မှာ အပေါစားဇတ်လမ်းထဲက မုဒိန်းကောင်လို ပြုံးရယ်
ကိုယ်ဟာ သိပ်ရှက်တတ်တဲ့ လူငယ်ပဲ ထရီဇာ ဘယ်လောက် နူးညံ့သိမ်မွှေ့လိုက်သလဲလို့
ကိုယ်ဝန်ဆောင်သည် အမျိုးသမီးငယ်ငယ်တွေ တွေ့တိုင်း စိတ်မှာ လှပ်ခနဲ့ ကြည်နူးတတ်တဲ့ ရင်ခုန်သံတွေနဲ့
ဘယ်လို ဘ၀မျိုးကိုများ တည်ဆောက်ချင် နေတဲ့ လူငယ် လဲ
ဘ၀ဟာ သိပ် ပင် ပန်း ပါ တယ် ထရီဇာ သတင်း အချက် အလက် နေ့စဉ်အမျှ ရှင်သန်မှုဟာ
စက်ရုပ်သွေးနဲ့  သတင်းလူသား၊ ကိုယ့်ကဗျာတွေထဲမှာ နာကျင်မှုတွေကလွဲလို့
ကျေးဇူးပြုပြီး တစ်ခြားဘာကို မှ ရှာဖွေကြည့်မနေပါနဲ့တော့ ၊
မသန့်ရှင်းမှုနဲ့ ရောထွေးဆက်နွယ်မှုတွေကို ချေဖျက်ပစ်ချင်တဲ့ လူငယ်
အရာအားလုံးကို တော်လှန်ချင်နေတဲ့ စိတ်ဟာ သေနတ်မောင်းကို ဖြုတ် ပစ် လိုက်တယ်
ဘ၀ ဟာ သိပ် ပင် ပန်း ပါ တယ် ထရီဇာ ဘာကို မှ မယုံကြည်တတ်တော့တဲ့ စိတ်ဟာ
ပို ပြီး ပင် ပန်း စေတယ် ။ ဒါပေမယ့် ကိုယ် က တော့ ရင်း ရ မှာ ပဲ
လူငယ်တစ်ယောက်ဟာ နာကျင်ရွံ့ရှာမှုကို လူ့အခွင့်အရေးနဲ့ အလျော်အစား လုပ်ပစ်ချင်နေတဲ့ အရသာနဲ့
ကိုယ်ချင်းစာတရားဆိုတာကို ကိုယ်က ရာသီဥတုဒဏ်ကို ဘယ်လောက်ခံနိုင်သလဲ ဆိုတာနဲ့ အဓိပါယ်ဖွင့်ထားတယ်။
မှူးသစ်။
Thursday, May 9, 2013
နီ ယိုေ မာ် ဒ န် ( သို့ မ ဟု တ် ) အ နာ ဂ တ် က ဗျာ
နီယိုမော်ဒန်နိဒါန်း
                  မြန်မာကဗျာသမိုင်းကို သမင်လည်ပြန်လှည်.ကြည်.ရင်ခန်.မှန်းပျမ်းမျှအနှစ်နှစ်ဆယ်လောက်အကြာမှာ တစ်ကြိမ်နှုန်းနဲ.ကဗျာယဉ်ကျေးမှုရှော.ခ်(သို.မဟုတ်)ကဗျာလမ်းကြောင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လေ.၇ှိတာတွေ.၇ပါတယ်။ခေတ်စမ်းကဗျာခေတ်(၁၉၃၄၀န်းကျင်)၊စာပေသစ်ခေတ် (၁၉၅၀၀န်းကျင်)၊တော်လှန်ကဗျာနဲ. မိုးဝေကဗျာခေတ် (၁၉၇၀ ၀န်းကျင်)၊ခေတ်ပေါ်ကဗျာခေတ် (၁၉၉၀၀န်းကျင်)တွေဟာ မြန်မာကဗျာ သမိုင်းမှာ သိသာထင်ရှားတဲ.ကဗျာယဉ်ကျေးမှုရှော.ခ်တွေဖြစ်ပွားခဲ.တဲ.  နှစ်ကာလတွေပါပဲ။
                   ၁၉၉၀ ၀န်းကျင်ကစပြီး  အရှိန်မြှင်.လှုပ်ရှားသက်ဝင်လာတဲ.ခေတ်ပေါ်ကဗျာဟာမြန်မာကဗျာလောကရဲ. ပင်မရေစီးဖြစ်လာခဲ.ကာ ၂၀၀၅ ၀န်းကျင်အထိသြဇာကြီးမားသက်ရောက်နေဆဲဖြစ်ပါတယ်။၂၀၀၅၀န်းကျင်မှာတော. ကဗျာ ဆရာဇေယျာလင်းမိတ်ဆက်တင်သွင်းတဲ. အမေရိကန်ဘာသာစကားကဗျာ(L=A=N=G=U=A=G=E= POETRY)အယူအဆတွေထွက်ပေါ်လာပြီး ဆယ်စုနှစ်တစ်ခုနဲ. တစ်ဝက်နီးပါးထီးနန်းစိုးစံနေတဲ.၊လမ်းဟောင်းအတိုင်းမပြောင်းလဲ တေ၇ွ.ေ၇ွ.စီးဆင်းနေတဲ. ပင်မေ၇စီးခေတ်ပေါ်ကမ်းပါးကို တိုက်စားဖြိုချပစ်လိုက်ပါတယ်။L.Pကဗျာလှုပ်၇ှားမှုကြောင်.ခေတ်ပြိုင် မြန်မာကဗျာလောကမှာ ပို.စ်မော်ဒန်ကဗျာဗေဒ သြဇာယူခဲ.တဲ.ကဗျာဂိုဏ်းနဲ.နိုင်ငံရပ်ခြားကဗျာဗေဒကို ဆန်.ကျင်ငြင်းဆန်ပြီးကိုယ်.နည်းကိုယ်.ဟန်နဲ.အသစ်လုပ်မယ်. နီယိုမော်ဒန်ကဗျာဂိုဏ်းတွေကွဲပြားထွက်ပေါ်လာခဲ.ပါတယ်။
                   အဲဒီကာလတွေမှာ ပင်မရေစီးခေတ်ပေါ်ကဗျာယဉ်ကျေးမှုအဟောင်းနဲ. ဘာသာစကားကဗျာဗေဒယဉ်ကျေးမှုအသစ်အကြား အနုပညာနဲ. အယူအဆရေးရာ ဆန်.ကျင်တိုက်ခိုက်မှု၊ထိတွေ.ပွတ်တိုက်မှု၊ရောယှက်ပေါင်းစပ်မှု စတဲ. ယဉ်ကျေးမှုရှော.ခ်တွေဖြစ်ပွားခဲ.ရာကမြန်မာကဗျာလောကမှာနောက်ထပ် ကဗျာယဉ်ကျေးမှုအသစ်တစ်ခု ပေါ်ပေါက်ဖြစ်ထွန်း လာခဲ.ပါတယ်။
                  အဲဒီ မြန်မာကဗျာယဉ်ကျေးမှုအသစ်ကတော.  နီယိုမော်ဒန်ကဗျာယဉ်ကျေးမှုပဲဖြစ်ပါတယ်။
နီယိုမော်ဒန်ဆိုတာ
                 နီယိုမော်ဒန်ကဗျာအယူအဆတွေဟာ ၂၀၀၇မတ်လ ၂၁ ရက်နေ. ကမ္ဘာ.ကဗျာနေ.မှာ ထုတ်ဝေတဲ.”မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း၂၀၀၇”မှာအစပြုသန္ဓေတည်ခဲ.ပါတယ်။နီယိုမော်ဒန်ဟာပင်မရေစီးခေတ်ပေါ်ကဗျာအာရုံခံစားပုံ၊အာရုံခံစားမှု၊ရေးဟန်၊နည်းစနစ်တွေကိုချဲ.ထွင်ကျော်လွန်ဖို.ကြိုးစားရင်းခေတ်ပြိုင်မြန်မာကဗျာလောကထဲက ပို.စ်မော်ဒန်စာပေအယူတချို.နဲ.ကဗျာအနုပညာလက်ရာတွေကိုဆန်.ကျင်ဝေဖန်ရင်းက အသစ်ဖြစ်ပေါ်လာတဲ. ကဗျာအယူအဆတစ်မျိုးဖြစ်ပါတယ်။
               နီယိုမော်ဒန်ဟာ Neomodernism မဟုတ်ဘဲNew Poetic Concept တစ်မျိုးသာဖြစ်ပါတယ်၊
               နီယိုမော်ဒန်အကြောင်းပြောရင်Neomodern ဆိုတဲ. ဝေါဟာရအသုံးအနှုန်းကိုစတင်ရှင်းလင်းရပါလိမ်.မယ်။နီယိုမော်ဒန်မှာNeo ရှေ.ဆက်စကားလုံးရဲ.အဓိပ္ပာယ်ကိုnew/in the later from ဆိုတဲ. အနက်တွေနဲ.သုံးစွဲထားတာဖြစ်ပါတယ်။LONGMANDictionary of Contemporary English မှာတော. Neo-//based on a style,set ofideas,or political system that existed in the past ;လို.အနက်ဖွင်.ပေးထားပါတယ်။နီယိုမော်ဒန်မှာNeo ရှေ.ဆက်စကားလုံးကို new ဆိုတဲ.အဓိပ္ပာယ်နဲ. အဓိကသုံးစွဲတာဖြစ်ပေမယ်. ဆက်စပ်ချဲ.ထွင်အနက် ဖွင်.ရင်not before /notused before/unfamiliar/recently changed/recently discovered အဓိပ္ပာယ်တွေအထိကျယ်ပြန်သက်ရောက်မှုရှိပါတယ်။
               နီယိုမော်ဒန်ဆိုတာပင်မရေစီးခေတ်ပေါ်ကဗျာကိုupdate/vt /make more;bring up to dateဖြစ်အောင်လုပ်လိုက်တဲ.ကဗျာအမျိုးအစားတစ်မျိုးပါပဲ။
နီယိုမော်ဒန်နောက်ခံအယူအဆနဲ. သွင်ပြင်လက္ခဏာတချို.
               ပင်မရေစီးခေတ်ပေါ်ကဗျာကို ကျော်လွန်ဖို.ကြိုးစားနေတဲ. နီယိုမော်ဒန်မှာခိုင်မာသေချာတဲ. နောက်ခံအယူအဆနဲ.သွင်ပြင်လက္ခဏာတွေရှိပါတယ်။နီယိုမော်ဒန်နောက်ခံအယူအဆနဲ.သွင်ပြင်လက္ခဏာတွေကိုလိုရင်းအချက်အလက်အတိုင်း ဖော်ပြရရင်-
၁။ခေတ်ကိုကိုယ်စားပြုခြင်း၊ခေတ်ရဲ.ပုံရိပ်ထင်ဟပ်ခြင်း
၂။ကဗျာဆရာရဲ.ခံစားမှု/ဘ၀အမြင်ကို အခြေခံခြင်း
၃။ဘာသာစကားကိုမီဒီယမ်အဖြစ်သာအသုံးပြုခြင်း
၎။လူသားရဲ.ကိုယ်ရည်ကိုယ်သွေးပေါ်လွင်ခြင်း၊လူရဲ. ပုဂ္ဂလိကသဘောကို ပြန်လည်ဖော်ထုတ်ခြင်း
၅။ခေတ်ပြိုင်ထဲကModern/Neomodern&  PostmodernSensibility ပေါ်လွင်ထင်ရှားခြင်း
၆။လူအုပ်ကြီးထဲရောနှောပျောက်ဆုံးနေတဲ.Identity ကို ရှာဖွေ တည်ဆောက်ခြင်း
၇။ရေးဟန်နှင်.တင်ပြပုံပြောင်းလဲခြင်း
၈။ရသအပြောင်းအလဲ
၉။အဇ္ဈတ္တခံစားမှုပိုင်းစစိတ်မြွှာခြင်း
၁၀။အတွေးအမြင်များအချိုးပျက်ခြင်း
၁၁။အကြောင်းအရာများရောထွေးထားခြင်း
၁၂။အာရုံခံစားမှု ဗဟိုချက်ကင်းမဲ.ခြင်း
၁၃။လူ/လူအများရဲ.အမြင်နဲ.အာရုံခံစားမှုများ ရောထွေးနေခြင်း၊ပေါင်းစပ်ရေးဖွဲ.ခြင်း
၁၄။နိမိတ်ပုံ၊သင်္ကေတများ လျှော.ချခြင်း
၁၅။အရပ်သုံးဘာသာစကားများရောနှောသုံးစွဲခြင်း
၁၆။ရိုးရှင်းလွယ်ကူသောအဓိပ္ပာယ်၊အနက်ဖွင်.စနစ်များတည်ဆောက်ခြင်း
၁၇။ကဗျာအတွင်းသားအပျော.ထည်(Software)များပြောင်းလဲခြင်း
၁၈။ပေါ်ပြူလာဖြစ်တဲ.အရေးအသား/ဟန်ပန်များကိုရှောင်ကြဉ်ခြင်းတို.ပဲ ဖြစ်ပါတယ်။
(ရည်ညွှန်း။ ။ နီယိုမော်ဒန်နောက်ခံ အယူအဆနှင်.သွင်ပြင်လက္ခဏာအချို.၊  နွယ်နီမဂ္ဂဇင်း)
နီယိုမော်ဒန်သွင်ပြင်လက္ခဏာများ              
                 နီယိုမော်ဒန်ဟာပင်မရေစီးခေတ်ပေါ်ကဗျာကို ချဲ.ထွင်ကျော်လွန်ဖို.ကြိုးစားရာကအသစ်ဖြစ်ပေါ်တဲ.ကဗျာအယူအဆအသစ်တစ်မျိုးလို.ဆိုရင် ပင်မရေစီးခေတ်ပေါ်ကဗျာလက္ခဏာတွေကိုဘယ်လိုဘယ်ပုံ ဆန်.ကျင်ချဲ.ထွင်လာသလဲဆိုတာနှိုင်းယဉ်စဉ်းစားသုံးသပ်ကြည်.ဖို.လိုပါလိမ်.မယ်။မြန်မာကဗျာလောကရဲ.ပင်မရေစီးခေတ်ပေါ်ကဗျာဟာ၁၉၆၉ သပြေညိုဝပ်ရှော.၊ဆရာမြဇင်ရဲ.“ခေတ်ပေါ်ကဗျာကြေညာစာတမ်း”ခေတ်ပေါ်ကဗျာယေဘုယျလက္ခဏာတွေအပေါ်အခြေခံတည်ဆောက်ထားတဲ.ကဗျာအမျိုးအစားဖြစ်ပါတယ်.ခေတ်ပေါ်ကဗျာရဲ. ယေဘုယျလက္ခဏာတွေက-
၁။ထွေပြားတယ်၊ရိုးရိုးစင်းစင်းမဟုတ်
၂။သိပ်သည်းတယ်၊ကျဲတဲတဲမဟုတ်
၃။ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်၊မကျဉ်းမြောင်း
၎။ရိပ်ကာဝဲကာပြောတယ်၊တိုက်ရိုက် မပြော
၅။ဧကန်သဘောတရားများကိုဆောင်တယ်၊ပြုအပ်တဲ.သဘောတရားကိုမဆောင်
၆။အကွက်သဘောကိုဆောင်တယ်၊မျဉ်းသဘောကိုမဆောင်စတဲ. သွင်ပြင်လက္ခဏာတွေဖြစ်ပါတယ်။
                 ဆရာမြဇင်ရဲ. ခေတ်ပေါ်ကဗျာယေဘုယျလက္ခဏာတွေအပြင်ကဗျာလေ.လာသူတစ်ဦးပေါင်းစပ်တင်ပြခဲ.တဲ.အတွင်းစိတ်ခံစားမှု (Inner Feeling)၊စကားပြောရစ်သမ်(Spoken Rhythm)၊လွတ်လပ်စွာဖော်ပြချက်(Freedomof Expression)ဆိုတဲ. ခေတ်ပေါ်ကဗျာအဓိကလက္ခဏာတွေလည်း ရှိပါသေးတယ်။
                 နီယိုမော်ဒန်မှာတော. ပင်မရေစီးခေတ်ပေါ်လက္ခဏာတွေနဲ.ဆန်.ကျင်ကွဲလွဲနေတဲ.လက္ခဏာအသစ်တွေကို တွေ.မြင်လာရပါတယ်။နီယိုမော်ဒန်ရဲ. သွင်ပြင်လက္ခဏာတွေက-
၁။အကွက်သဘောမဟုတ်၊ချည်မျှင်ဆန်သောလိုင်း(FibrousLines) များဖြင်. ဖွဲ.စည်းခြင်း
၂။ချည်မျှင်ဆန်သောစာသားများ(FibrousText)နှင်. အပိုင်းအစများ(Fragments)ရောစပ်ရေးဖွဲ.ခြင်း
၃။ကဗျာဘာသာစကားလျှော.ချပြီးအရပ်သုံးစကားကို အလေးပေးရေးဖွဲ.ခြင်း
၎။ပြင်းထန်လေးနက်သောအတွင်းစိတ်ခံစားမှု(InnerFeeling)များမဟုတ်၊ ယနေ.ခေတ်နှင်.အညီ အပေါ်ယံဆန်သောလွတ်လပ်ပေါ.ပါးသောအမြင်များဖြစ်ခြင်း
၅။ရိပ်ကာဝဲကာမပြော၊တိုက်ရိုက်ပြောခြင်း
၆။ကျစ်လစ်သိပ်သည်းမှုမရှိ၊ဖောင်းပွခြင်း
၇။ထွေပြားေ၀၀ါးမှုမရှိ၊ရိုးစင်းကြည်လင်ပြတ်သားခြင်း
၈။ပုဂ္ဂလိကအာရုံခံစားမှု/အမြင်နှင်. ခေတ်ပြိုင်မြင်ကွင်းကိုချတ်ဆက်ထားခြင်း
၉။အခြားသူ၏အမြင်များရောနှောတင်ပြခြင်း
၁၀။အရပ်သုံးဘာသာစကားကိုပင်ကဗျာဘာသာစကားကဲ.သို.အနက်ခွန်အားမျိုးရအောင်သုံးစွဲခြင်း
၁၁။ကြည်လင်ရှင်းလင်းသည်.အဓိပ္ပာယ်ဆောင်သောစာသားများကိုအသုံးပြုခြင်း
၁၂။ခေတ်ပြိုင်လူ.အဖွဲ.အစည်း၏အားနည်းသောစရိုက်လက္ခဏာများကို ဝေဖန်ခြင်း
၁၃။လူမှုဆက်ဆံရေးပူနွေးလာမှုကိုသတိပေးခြင်း
၁၄။ပုဂ္ဂလိကခံစားမှုနှင်. လူ.အဖွဲ.အစည်းအပေါ် အမြင်ရောစပ်ခြင်း
၁၅။နီယိုနှင်.ပို.စ်မော်ဒန်သွင်ပြင်လက္ခဏာ မျိုးစပ်ထားခြင်း
၁၆။(သဒ္ဒါနည်းအရ)မျိုးစုံပါဝင်ပေါင်းစပ်နေသောဘာသာစကားကိုသုံးစွဲခြင်း စတာတွေပဲဖြစ်ပါတယ်။
(ရည်ညွှန်း။  (၁)ပင်မရေစီးခေတ်ပေါ်ကဗျာ၊နီယိုမော်ဒန် နှင်.ပို.စ်မော်ဒန်ခေတ်ပြိုင်ကဗျာလမ်းမြွှာများ
                  (၂)နီယိုမော်ဒန် = ပို.စ်မော်ဒန်
                      နွယ်နီမဂွှဇင်း၊ အမှတ် (   )၊ ၂၀၁၀
               ပင်မရေစီးခေတ်ပေါ်ကဗျာရဲ. လက္ခဏာတွေနဲ.နီယိုမော်ဒန်လက္ခဏာတွေကိုနှိုင်းယှဉ်ကြည်.ရင်ဆန်.ကျင်ကွဲလွဲမှုတွေနဲ.ချဲ.ထွင်ဆန်.ကားမှုတွေကိုထင်ရှားမြင်သာနိုင်ပါလိမ်.မယ်။
               ပင်မရေစီးခေတ်ပေါ်ကနေ နီယိုမော်ဒန်ဆီအရွေ.မှာရေးဟန်အပြောင်းအလဲ(Stylistic Transformation)ဟာအရေးကြီးပါတယ်။နီယိုမော်ဒန်ရဲ.Techniqueပိုင်းဖြစ်တဲ.ရေးဟန်အပြောင်းအလဲမှာ-
(၁)စကားလုံးသုံးစွဲပုံအပြောင်းအလဲ
(၂)ပါဒ၊၀ါကျ၊သဒ္ဒါ၊အနက်အပြောင်းအလဲ
(၃)အသံနဲ.လေယူလေသိမ်းအပြောင်းအလဲ
(၄)စီစဉ်တင်ပြပုံအပြောင်းအလဲ
(၅)ဖွဲ.စည်းတည်ဆောက်ပုံအပြောင်းအလဲ
(၆)အကြောင်းအရာအပြောင်းအလဲ
(၇)ကဗျာအမြင်အပြောင်းအလဲ
(၈)အာရုံခံစားပုံအပြောင်းအလဲနဲ.
(၉)ရသအပြောင်းအလဲတွေပါဝင်ပါတယ်။
နီယိုမော်ဒန်လမ်းသွယ်များ
                ဒီနေ. ခေတ်ပြိုင်ကဗျာယဉ်ကျေးမှုဟာ ပင်မရေစီးခေတ်ပေါ်ကဗျာပြိုကွဲမှုနဲ.နီယိုမော်ဒန်၊ပို.စ်မော်ဒန်ကဗျာအသစ်ဖြစ်ထွန်းမှုစပ်ကြားကာလကိုဖြတ်သန်းနေပါတယ်။ခေတ်ပြိုင်မြန်မာကဗျာ(ContemporaryMyanmarPoetry)ဆိုတဲ.စကားရပ်မှာ ပင်မရေစီးခေတ်ပေါ်ကဗျာ၊နီယိုမော်ဒန်၊ပို.စ်မော်ဒန်၊ဘာသာစကားကဗျာ၊စမ်းသပ်ကဗျာ၊စကားပြေကဗျာ၊ကောလာ.ဂ်ျကဗျာနဲ.ကွန်ဆက်ချူရယ်ကဗျာ အမျိုးအစားတွေပါဝသ်ပါတယ်၊
       ခေတ်ပြိုင်ကဗျာတွေမှာ အမျိုးအစားတစ်ခုချင်းအလိုက်ကိုယ်ပိုင်အမှတ်လက္ခဏာတွေနဲ.သီးခြားဖြစ်နေတဲ.ကဗျာတွေရှိသလိုအမျိုးအစားတစ်ခုနဲ.တစ်ခုနယ်ပယ်ချင်း၊လက္ခဏာချင်းရောထွေးနေတာမျိုးလည်းရှိပါတယ်။ကာယကံရှင် ကဗျာဆရာကပို.စ်မော်ဒန်လို.ပြောပေမယ်.နီယိုမော်ဒန်ဖြစ်နေတဲ.ကဗျာတွေ၊နီယိုမော်ဒန်လို.ပြောပေမယ်.ပို.စ်မော်ဒန်ဖြစ်နေတဲ.ကဗျာတွေ၊နီယိုနဲ. ပို.စ်မော်ဒန်လက္ခဏာရောထွေးနေတဲ.ကဗျာတွေ ဒီနေ.ခေတ်ပြိုင်ကဗျာလောကမှာအများအပြားမြင်တွေ.နေရပါတယ်။
        ၂၀၀၇၊၂၀၀၈၊၂၀၀၉သုံးနှစ်တာကာလအတွင်းမှာခေတ်ပြိုင်မြန်မာကျှာယဉ်ကျေးမှုကိုဆန်းသစ်ချဲ.ထွင်လိုတဲ.၊လွတ်လပ်ကျယ်ပြန်.တဲ.ကဗျာအမြင်ရှိတဲ. ကျှာဆရာတစ်ချို.ဟာနီယိုမော်ဒန်ကဗျာတွေဆန်းသပ်ရေးသားလာခဲ.ကြပါတယ်။လူအများနားလည်အောင်အကြမ်းဖျဉ်းပြောရရင်ပင်မရေစီးခေတ်ပေါ် ကဗျာလက္ခဏာတွေကိုကျော်လွန်လာပြီး ဘာသာစကားကဗျာနဲ.ပို.စ်မော်ဒန်ကဗျာနယ်ပယ်ကို မရောက်တဲ.ကဗျာအမျိုးအစားတွေကိုနီယိုမော်ဒန်ကဗျာတွေလို. ခြုံငုံခေါ်နိုင်ပါတယ်။ဒီနေရာမှာဘာသာစကားကဗျာနဲ.ပို.စ်မော်ဒန်ကဗျာနယ်ပယ်ဆိုတာအဲဒီကဗျာဗေဒတွေနဲ.ဘာသာစကားအယူအဆ၊အနုပညာအယူအဆ၊ရသအယူအဆ၊သွင်ပြင်လက္ခဏာတွေသြဇာသက်ရောက်လွှမ်းခြုံမှုရှိတဲ.နယ်နိမိတ်ကို ဆိုလိုပါတယ်။ပင်မရေစီးခေတ်ပေါ်ကဗျာကိုကျော်လွန်လာတဲ.အပြင်ဘာသာစကားကဗျာနဲ. ပို.စ်မော်ဒန်ကျှာတွေရဲ.အရိပ်သြဇာလွှမ်းမိုးမှုကလွတ်ကင်းနေတယ်ဆိုရင် နီယိုမော်ဒန်ကျှာလို.အကြမ်းဖျဉ်းပြောနိုင်ပါတယ်။
       ခေတ်ပြိုင်မြန်မာကဗျာဆရာအချို.ရဲ.နီယိုမော်ဒန်ကဗျာတွေဟာနီယိုမော်ဒန်နောက်ခံအယူအဆနဲ. သွင်ပြင်လက္ခဏာတွေအနည်းနဲ.အများကိန်းအောင်းရောနှောပါဝင်နေတဲ. ကဗျာတွေပဲဖြစ်ပါတယ်။ပြီးခဲ.တဲ.(၃)နှစ်ကာလအတွင်းနီယိုမော်ဒန်လမ်းကြောင်းဆီဦးတည်ရွေ.လျားလာတဲ. နီယိုမော်ဒန်ကဗျာမျိုးကွဲတွေအများအပြားအသစ်ပေါ်ပေါက်ဖြစ်ထွန်းလာတာတွေ.ရပါတယ်။နီယိုမော်ဒန်ကဗျာမျိုးကွဲတွေကတော.-
(၁) ဆီမီနီယိုမော်ဒန်(Semi-Neomodern/Semineo)
(၂) နီယိုမော်ဒန်(Neomodern/Neo)
(၃) နီယိုမော်ဒန်မူကွဲ(AlternativeNeomodern/Alterneo)
(၄) စမ်းသပ်နီယိုမော်ဒန်(ExperimentalNeomodern/Experneo)
(၅) စကားပြေနီယိုမော်ဒန်(ProseNeomodern/Prosneo)
(၆) ကောလာ.ဂ်ျနီယိုမော်ဒန်(CollageNeomodern/Collaneo)
(၇) ပို.စ်နီယိုမော်ဒန်(Post+Neomodern/Poneo)
(၈) ဟိုက်ဘရစ်ဒ်နီယိုမော်ဒန် ( Hybrid Neomodern/ Hybrineo )
(၉) ကွန်ဆက်ခြူရယ် နီယိုမော်ဒန် ( Conceptual Neomodern/ Concepneo )
(၁၀) အက်ခ်စ်ပရက်ဇစ်ဗ် နီယိုမော်ဒန်( Expressive Neomodern/ Experneo)
ကဗျာအမျိုးအစားတွေပဲဖြစ်ပါတယ်။
(ရည်ညွှန်း။   နီယိုမော်ဒန် လမ်းသွယ်လမ်းမြွှာများ၊အလင်းတန်းဂျာနယ်၊၂၀၀၉)
         အဲဒီနီယိုမော်ဒန်  ကဗျာမျိုးကွဲတွေအားလုံးကို ပေါင်းစုပြီးNeomodernsလို.ခေါ်ဝေါ်သုံးစွဲနိုင်ပါတယ်။နီယိုမော်ဒန်ကဗျာအဖြစ် သတ်မှတ်ရာမှာ-
(၁)နီယိုမော်ဒန်နောက်ခံအယူအဆတွေနဲ. သွင်ပြင်လက္ခဏာတချို.ကို အခြေပြုစဉ်းစားပါတယ်။
(၂)နီယိုမော်ဒန်သွင်ပြင်လက္ခဏာတွေနဲ. တိုက်ဆိုင် ညှိနှိုင်းပါတယ်။
(၃)နီယိုမော်ဒန်ရဲ.Techniqueပိုင်း၊ရေးဟန်အပြောင်းအလဲဖြစ်/မဖြစ်အကဲဖြတ်ပါတယ်။
(၄)နီယိုမော်ဒန်မျိုးကွဲဖြစ်နိုင်ခြေ အလားအလာတွေကို မှန်းဆစဉ်းစားပါတယ်။
(၅)နီယိုမော်ဒန်ရဲ.POM ဘာသာစကားအယူအဆနဲ. တိုက်ဆိုင်ညီညွတ်မှုရှိ/မရှိ စဉ်းစားပါတယ်။
(၆)နီယိုမော်ဒန်Idelogy & Concept တွေနဲ. နီယိုမော်ဒန်အာရုံခံစားပုံ/မှု ရမရဆိုတာကိုလည်းအချက်အလက်တစ်ခု အဖြစ် ထည်.သွင်းစဉ်းစားပါတယ်။
နီယိုမော်ဒန်# ပို.စ်မော်ဒန်
     ကျွန်တော်တို.ဆီမှာ တချို.ကဗျာဆရာတွေက နီယိုမော်ဒန်နဲ.ပို.စ်မော်ဒန်ကိုကဗျာအမျိုးအစားတစ်ခုတည်းလို. ယူဆပြီးရောထွေးနားလည်ထားကြပါတယ်။
     တကယ်တမ်းက Neo နဲ. Pomo ဟာ စကားလုံးဝေါဟာရအဓိပ္ပာယ်၊ဘာသာစကားနဲ.  အနုပညာအယူအဆ၊ကဗျာဗေဒနဲ. ရသအမြင်၊အနုပညာဖန်တီးမှု သဘောထားတွေမှာလုံးဝကွဲပြားခြားနားမှုရှိပါတယ်။ဒီလိုကွဲပြားခြားနားမှုရှိနေတဲ.အကြောင်းရင်ခံ/အယူအဆတွေအပေါ်မူတည်ပြီး Neo နဲ.Pomoကိုခွဲခြားနားလည်နိုင်ပါတယ်။ကျွန်တော်.အနေနဲ.တော.  Neo နဲ. Pomo ကို Aesthetic &PoeticSensibility  နဲ. ခံစားသိမြင်ခွဲခြားနားလည်နိုင်တယ်လို. ယူဆပါတယ်။Sensibility ဆိုရာမှာအာရုံခံစားမှု၊အာရုံခံစားပုံ၊အာရုံခံစားနိုင်စွမ်းရည်  အနေအထား(၃)မျိုးလုံးအကျူံးဝင်ပါတယ်။ဒါ.အပြင်ခေတ်ပြိုင်လူမှုအကြောင်းခြင်းရာတွေပါမပါ၊ကဗျာဓာတ်ကိန်းမကိန်း ၊စာသားတွေဆီကတဆင်.ခံစားရရှိတဲ. ရသပုံစံစတဲ. အချက်အလက်တွေအပြင်ပုဂ္ဂလိကတန်ဖိုးစံနှုန်းတွေနဲ.လည်း  Neo နဲ. Pomo ကိုခွဲခြားနားလည်နိုင်ပါတယ်။
     Neo နဲ. Post ဟာ စကားလုံးဝေါဟာရ အဓိပ္ပာယ်ချင်းလည်းမတူညီပါဘူး။
     Neo ဆိုတဲ.ရှေ.ဆက်စကားလုံးကို OXFORD Advanced English Dictionaryမှာ[neo//new,modern,in  the later form]လို.အနက်ဖွင်.ပေးထားပါတယ်။
     Post ရှေ.ဆက်စကားလုံးကိုတော.Post // later than or aftersomething;လို. LONGMAN Dictionary  ofContemporary English မှာအနက်ဖွင်.ပေးထားပါတယ်။LONGMAN အဘိဓာန်ထဲမှာပဲPostmodernism//a  styleofbuilding,painting,writing etc,developed  inthe late  thatcentury,that uses amixture of old and new styles as a reaction againstMODERNISM....
     Postmodern//1.relating to  or influenced  by  Postmodernism;2.used to described styles,attitudes  etc..,thatare  typical  of thesocil life  that  is found  in many western  countries  now,in which television,video,the  buying of  goods  and services etc  are very  important;ဆိုပြီး အဓိပ္ပာယ်အကျဉ်း ဖွင်.ဆိုပေးထားပါတယ်။
     OXFORD&  LONGMAN  အဘိဓာန်နှစ်ခုလုံးမှာ Neomodern စကားလုံးအဓိပ္ပာယ်ဖွင်.ဆိုချက်မပါဝင်တဲ.အတွက် စကားလုံးဝေါဟာရအဓိပ္ပာယ်အရ Neo  နဲ.Pomo ကိုအတိအကျနှိုင်းယဉ်ပြဖို.မဖြစ်နိုင်ပါဘူး။Neo နဲ. Postရှေ.ဆက်စကားလုံးတွေရဲ. အနက်အဓိပ္ပာယ်ကွဲပြားခြားနားမှုနဲ.  Pomo အဓိပ္ပာယ်ဖွင်.ဆိုချက်တွေကိုဆက်စပ်ချဲ.ထွင်စဉ်းစားကြည်.ရင်စကားလုံးဝေါဟာရအဓိပ္ပာယ်အရ Neo နဲ. Pomo ကြားကကွဲပြားခြားနားမှုကိုနားလည်သိမြင်နိုင်မယ်လို. ယူဆပါတယ်။
    ကျွန်တော်တို.ပြောဆိုသုံးစွဲနေတဲ. Neomodernဝေါဟာရထဲက modern စကားလုံးဟာ အနောက်တိုင်းလူ.အဖွဲ.အစည်းထဲက Modern/Modernism ကိုရည်ညွှန်းပြောဆိုတာမျိုးမဟုတ်ဘူး။Neomodern ဝေါဟာရထဲက modern ဟာ ကျွန်တော်တို.ဆီမှာ၁၉၉၀ ၀န်းကျင်နောက်ပိုင်း ပင်မရေစီးခေတ်ပေါ်ကဗျာ(သို.)မော်ဒန်ကဗျာလို.ခေါ်ဝေါ်ကြတဲ.ကဗျာအမျိုးအစားကိုသာ သီးခြားရည်ညွှန်းပါတယ်။အဲဒီတော.Neomodern ဆိုတာ ပင်မရေစီးခေတ်ပေါ်ကဗျာရဲ. အာရုံခံစားပုံ၊အာရုံခံစားမှု၊ရေးဟန်နည်းစနစ်တွေကိုချဲ.ထွင်ကျော်လွန်ဖို.ကြိုးစားတဲ. ၊အသစ်ဖြစ်အောင်ပြုပြင်ပြောင်းလဲဖို.ကြိုးစားထားတဲ.ကဗျာအမျိုးအစားလို.ပဲ အဓိပ္ပာယ်ထွက်ပါတယ်။
    တပြိုင်တည်းမှာပဲနီယိုမော်ဒန်ဟာ ခေတ်ပြိုင်မြန်မာကဗျာလောကထဲက  ပို.စ်မော်ဒန်စာပေ အယူအဆတချို.နဲ. ကဗျာအနုပညာလက်ရာတွေကိုဆန်.ကျင်ဝေဖန်ရင်းက အသစ်ဖြစ်ပေါ်လာတဲ.ကဗျာအယူအဆတစ်မျိုးဖြစ်နေပြန်ပါတယ်။
   Neomodern ဟာAnti-Postmodern  Poetryအမျိုးအစားဖြစ်ပါတယ်။Anti-ရှေ.ဆက်စကားလုံးကိုopposed to /angainst / instead of ဆိုတဲ.အနက် အဓိပ္ပာယ်နဲ. သုံးစွဲတာဖြစ်ပါတယ်။ကျွန်တော်တို.ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်အတွင်းမှာနီယိုမော်ဒန်ဟာ ပို.စ်မော်ဒန်စာပေအယူအဆ/ကဗျာအနုပညာလက်ရာတွေနဲ. ဘယ်လိုဆန်.ကျင်ကွဲလွဲမှုရှိနေပါသလဲ။နီယိုမော်ဒန်ဟာ-
၁။ခေတ်ပြိုင်လူမှုအကြောင်းခြင်းရာ(Social Issues)တွေကို  မျက်ကွယ်ပြုခြင်းကိုဆန်.ကျင်ပါတယ်။
၂။သက်ရှိလူသားရဲ.အာရုံခံစားမှုနဲ. အသိအမြင်ထက် သက်မဲ.ဘာသာစကားသင်္ကေတအဆောက်အအုံကို ရှေ.တန်းတင်ကိုးကွယ်ဆည်းကပ်နေခြင်းကို ဆန်.ကျင်ပါတယ်။
၃။စာသားတွေကပေးတဲ. ဆိုလိုရင်း/အနက်အဓိပ္ပာယ်တွေ  ဖရိုဖရဲဖြစ်သွားတဲ.အထိ ချိုးဖျက်/ရပ်ဆိုင်း/ဟန်.တားတဲ.  Language Game ပြုလုပ်ခြင်းကိုဆန်.ကျင်ပါတယ်။
၎။စာသားအဆောက်အအုံတစ်ခုလုံးလွှမ်းခြုံကြည်.ရင် ဆိုလိုရင်းမပေါ်ဘဲအကြောင်းအရာ/အဓိပ္ပာယ်ရှုပ်ထွေးနေခြင်းကိုဆန်.ကျင်ပါတယ်။
၅။ကဗျာဖန်တီးခြင်းအယူအဆကိုလက်ခံပြီး ကဗျာပြုလုပ်ခြင်း အယူအဆကိုဆန်.ကျင်ပါတယ်။
၆။ပုံသဏ²ာန်ပိုင်းဆိုင်ရာပေါက်ကွဲမှုအစွန်းရောက်ခြင်း၊ပုံသဏ²ာန်ကို အဓိကထားလွန်းခြင်းကို  ဆန်.ကျင်ပါတယ်။
၇။စာသားအဆောက်အအုံမှန်သမျှ ကဗျာဖြစ်တယ်ဆိုတဲ.အယူအဆကို ဆန်.ကျင်ပါတယ်။
၈။ပဋိကဗျာအယူအဆ(Anti-Poetry Concept)ကို ဆန်.ကျင်ပါတယ်။ကဗျာဓာတ်(Sense  of Poetry)ကိုငြင်းဆန်ခြင်းကိုဆန်.ကျင်ပါတယ်။
၉။အာရုံခံစားမှုအနက်/အဓိပ္ပာယ်တွေကိုအဓိကမထားဘဲ  စာသားအဓိကထားခြင်းကိုဆန်.ကျင်ပါတယ်။
၁၀။အနုပညာရှင်က“ဒါ အနုပညာဖြစ်တယ်”လို.ပြောရင် အဲဒီလက်ရာဟာအနုပညာပဲဆိုတဲ.အာဏာရှင်ဆန်တဲ.အယူအမြင်ကို ဆန်.ကျင်ပါတယ်။
၁၁။စာရေးသူကဗျာဆရာကအနုပညာလက်ရာ/ကဗျာပါလို.ပြောတိုင်းမျက်လုံးစုံမှိတ်လက်မခံပါဘူး။စာသားအဆောက်အအုံတိုင်းကိုသံသယစိတ်နဲ.စစ်ဆေးပါတယ်။အနုပညာမြောက်မမြောက်၊ကဗျာဖြစ်မဖြစ်ကို ကိုယ်.အကြိုက် ၊အသိနဲ.ဆုံးဖြတ်ပါတယ်။အနုပညာလက်ရာတစ်ရပ်ကို ချဉ်းကပ်ခံစားရာမှာ ကိုယ်ပိုင်ရသဆိုင်ရာဆုံးဖြတ်ချက်(Self-Aesthetic Determination)ပြုလုပ်ခြင်းကို အလေးထားပါတယ်။
၁၂။အနုပညာလက်ရာအဆင်.အတန်းခွဲခြားခြင်းကို လက်ခံပြီး ပို.စ်မော်ဒန်တွေရဲ.အနုပညာလက်ရာအဆင်.အတန်းခွဲခြားမှုမရှိတဲ. အယူအဆကိုငြင်းဆန်ပါတယ်။
၁၃။အဓိပ္ပာယ်မရှိသောစာသားများ(Non-senseText)သုံးစွဲခြင်းကို ဆန်.ကျင်ပါတယ်။
၁၄။ခေတ်ပြိုင်လူ.အဖွဲ.အစည်းထဲကယဉ်ကျေးမှု၊ လူမှုရေးနဲ.ဆိုင်တဲ.ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေကိုသာဝေဖန်လှောင်ပြောင်သရော်ပြီး ကဗျာအနုပညာအပေါ်လှောင်ပြောင်သရော်ခြင်းကိုဆန်.ကျင်ပါတယ်။
၁၅။အရာရာကိုရသပစ္စည်းပြုလုပ်နိုင်တယ်ဆိုတဲ.အားနည်းချက်ရှိတဲ. အယူအဆကို ဆန်.ကျင်ပါတယ်။
၁၆။လူသားအနေအထားကိုစာပေဆိုင်ရာ သဘောတရားရင်းမြစ်အားဖြင်.ဖော်ပြမှုအပေါ်သာအခြေပြုတွေးတေားမှုပြုခြင်းကို ဆန်.ကျင်ပါတယ်။
၁၇။စာရေးသူရေးသားတည်ဆောက်လိုက်တဲ. ဘာသာစကားရဲ.အပေါ်ယံအလွှာစကားလုံး၊သင်္ကေတ၊အမှတ်အသား၊အညွှန်းပြုတွေနဲ. သူတို.ကို အဓိပ္ပာယ်အနက်ဖွင်.ဆိုရာကရရှိလာတဲ. အညွှန်းခံ၊ အဓိပ္ပာယ်၊အနက်သဘောတွေထဲမှာပဲ  အာရုံစူးစိုက်နစ်ဝင်နေပြီး  ဘာသာစကားကိုဖြစ်ပေါ်စေတဲ. စာရေးသူရဲ.လိုအင်ဆန္ဒ၊အာရုံခံစားမှု၊အာရုံအတွေ.အကြုံ၊ရည်ရွယ်ချက်၊အဇ္ဈတ္တခံစားမှု၊စိတ်ကူးစိတ်သန်း၊ဘ၀အမြင်၊အာရုံသိမှုတွေကိုအလေးအနက်မပြုတဲ.စာဖတ်ခြင်းဖြစ်စဉ်သဘောထားကို ဆန်.ကျင်ပါတယ်။
၁၈။အနုပညာလက်ရာတစ်ရပ်ဖန်တီးပြုလုပ်ရာမှာ ခံစားချက်ကိုထုတ်ဖော်ပြခြင်း (Expression  of Emotion)၊ဈာန်ဝင်စားမှု(Inspiration)အနုပညာပါရမီ (Artistic Genius)၊တီထွင်စိတ်ကူးဥာဏ် (Creative Imagination)၊ပင်ကိုစွမ်းရည်(Orginality)၊လောကအမြင်(Philosophyof Artist)၊ထိုးထွင်းသိမြင်မှု(Intution)၊ရသခံစားနိုင်စွမ်းရည်(Asethetic Sensibility)အစရှိတဲ. အနုပညာအတွေ.အကြုံ(Art Experience)တွေဟာအရေးမပါဘူးဆိုတဲ. အယူအဆကို ဆန်.ကျင်ပါတယ်။
၁၉။CreationNeoaesthetic (ရသအသစ်ဖန်တီးခြင်း)နဲ.Aesthetic-shift (ရသအပြောင်းအလဲ)ကိုလက်ခံပေမယ်. Anti-aesthetic (ပဋိရသ)အယူအဆ၊အနုပညာမပါတဲ. အနုပညာအယူအဆတွေကိုဆန်.ကျင်ပါတယ်။
      နီယိုမော်ဒန်ဟာ  အထက်ပါအကြောင်းအရာ၊ပုံသဏ²ာန် ၊ဘာသာစကားအမြင် ၊ကဗျာအမြင်၊ရသအမြင်၊အနုပညာအပေါ်သဘောထားကိစ္စတွေမှာ ပို.စ်မော်ဒန်နဲ. ဆန်.ကျင်ကွဲလွဲမှုရှိပါတယ်။ဒါပေမဲ.နီယိုမော်ဒန်ဟာအတတ်ပညာ၊နည်းစနစ်နဲ. လက္ခဏာပိုင်းမှာပို.စ်မော်ဒန်နဲ.ဆင်တူယိုးမှား၊ရောနှောမှုတချို.တော.ရှိနေပါတယ်။နီယိုမော်ဒန်အနေနဲ. ပို.စ်မော်ဒန်နည်းစနစ်တချို.ကိုလိုအပ်ရင်လိုအပ်သလို ယူငင်သုံးစွဲမယ်လို. “မြန်မာခေတ်ပေါ်ကဗျာကြေညာစာတမ်းသစ် ၂၀၀၇”မှာတရားဝင်ပြောခဲ.ဖူးပါတယ်။နီယိုမော်ဒန်၇ဲ. ချည်မျှင်ဆန်သောလိုင်းများ(FibrousLines)နဲ. ပို.စ်မော်ဒန်ရဲ. အပိုင်းအစများ(Fragments)ပေါင်းစပ်ရေးဖွဲ.ခြင်းဟာ  နီယိုမော်ဒန်ကဗျာမှာ အရေးကြီးတဲ.လက္ခဏာတစ်ရပ်ဖြစ်လာပါတယ်။တချို.နီယိုမော်ဒန်ကဗျာ၊ အထူးသဖြင်. Post+ Neomodern(Poneo)ကဗျာတွေမှာနီယိုနဲ. ပို.စ်မော်ဒန် နည်းစနစ်ရောစပ်မှုဟာ ၇၀း၃၀  အချိုးလောက်ရှိပါတယ်။
      ဒီလိုနည်းစနစ်ရောထွေးမှုရှိပေမယ်.နီယိုနဲ. ပို.စ်မော်ဒန်ကို Sensibility နဲ.ခွဲခြားနားလည်နိုင်ပါတယ်။နီ.ယိုနဲ. ပို.စ်မော်ဒန်ဟာ Sensibility ချင်းမတူပါဘူး။
     နီယိုနဲ. ပို.စ်မော်ဒန်ဟာ  Sensibility ချင်းမတူရုံသာမကဘာသာစကားအယူအဆမှာ ဆန်.ကျင်ဘက် ပဋိပက္ခအသွင်ဆောင်တဲ.အထိသိသိသာသာကွဲပြားခြားနားနေပါတယ်။
နီယိုမော်ဒန်ရဲ့ ဘာသာစကား အယူအဆ
               နီယိုမော်ဒန် ဘာသာစကား အယူအဆကို မပြောခင် ဘာသာစကားနဲ့ဆိုင်တဲ့ ဇယားပုံကြမ်းကို အရင် ဖတ်ရှုကြည့်စေချင်ပါတယ်။
               ဒီဇယားကို " ဘာသာစကား အဆောက်အအုံ ပုံကြမ်း " လို့ပဲ ခပ်လွယ်လွယ် ခေါ်ဆိုနိုင်ပါတယ်။ ဒီ ပုံကြမ်းမှာ အပိုင်း (၂) ပိုင်း ပါဝင်ပါတယ်။ ဘယ်ဘက်ခြမ်းကို Under Layer of Language ဒါမှမဟုတ် World of Reality of the Perceptions ဘယ်လိုပဲခေါ်ခေါ် ရပါတယ်။ ဇုန်တစ်ခု အနေနဲ့ သတ်မှတ်မယ် ဆိုရင်တော့ Artist / Writer's Zone ပေါ့။
              ညာဘက်ခြမ်းကတော့ Upper Layer of Language ဒါမှမဟုတ် World of Text ။ သူ့ကိုတော့ Audience / Reader's Zone လို့ ပြောနိုင်ပါတယ်။
              " ဘာသာစကားအဆောက်အအုံပုံကြမ်း " ရဲ့ အခြမ်းနှစ်ခြမ်း၊ ဇုန်နှစ်ဇုန်ကြားထဲမှာ ရှိနေတာက ဘာသာစကားမီဒီယမ် အသုံးပြုတဲ့ အနုပညာလက်ရာ/ ပစ္စည်းတွေပါ။ ဘာသာစကား အနုပညာလက်ရာ/ ပစ္စည်း မှန်သမျှဟာ ဘာသာစကားအပေါ်ယံလွှာ၊အောက်လွှာ နှစ်ခုလုံးနဲ့ ဆက်စပ်နေပါတယ်။ မျက်မြင်ပုံစံအခြေအနေအရ လိုအပ်ရင် " ဘာသာစကားအဆောက်အအုံ ပုံကြမ်း " ကို ဘယ်ညာအမြင်နဲ့ မကြည့်ဘဲ အထက်အောက် အမြင်နဲ့ ကြည့်နိုင်ပါတယ်။
              ကျွန်တော်တို့ဆီက ပို့စ်မော်ဒန်နစ်တွေဟာ ဘာသာစကားအကြောင်းပြောရင် ညာဘက်ခြမ်းက ဘာသာစကားအပေါ်ယံလွှာ၊ စာသားတွေရဲ့လောက၊ စာဖတ်သူနယ်ပယ်ထဲကနေ တရားသေရပ်တည်ရှုမြင်ပြောဆိုလေ့ ရှိပါတယ်။ ပို့စ်မော်ဒန်နစ်တွေက ဘာသာစကားရဲ့ အောက်ဘက်အလွှာ၊ အာရုံသိမြင်မှု အမှန်လောကနဲ့ စာရေးသူ အနုပညာရှင်ရဲ့နယ်ပယ်ကို ဥပေက္ခာပြုလေ့လည်း ရှိတတ်ကြပါတယ်။ ဒီအချက်က ကဗျာရေးသူ၊ အနုပညာဖန်တီးသူတွေနဲ့ ဘာသာပြန်တင်ဆက်သူတွေကြားမှာ ဆန့်ကျင်ဘက်လို အမြဲကွဲလွဲနေတဲ့ ရင်းမြစ်တစ်ခုပါပဲ။
              ပို့စ်မော်ဒန်နစ်တွေက ဘာသာစကား သင်္ကေတတွေဖြစ်တဲ့ စကားလုံး၊ဝေါဟာရ၊ အညွှန်းပြုတွေဟာ ထွေပြားမြားမြောင်တဲ့ အနက်အဓိပ္ပာယ်တွေ ဆောင်နေသလို တကယ်စစ်မှန်တဲ့ အဓိပ္ပာယ်ဆိုတာ မရှိဘူးလို့လည်း ယူဆထားပါတယ်။ သူတို့က " Sign/ Word/ Symbol/ Code/ Signifier ( S.W.S.C.S ) တွေထဲမှာ နဂိုမူလအရင်းခံအဓိပ္ပာယ်တွေ မရှိဘူး။ လူတွေက Sign/ Word တွေကို ဖတ်/ ကြည့်ပြီးတော့ အဓိပ္ပာယ်တွေ ထည့်ယူလိုက်တာ ။ အဓိပ္ပာယ်ဆိုတာ လုပ်ယူတာ၊ ထည့်ယူတာ၊ ဖန်တီးယူတာ။ အဓိပ္ပာယ်ဆိုတာ အစက မရှိဘူး။ Sign ဖြစ်တဲ့ စကားလုံးတွေ၊ Word တွေထဲမှာ ဘာ အဓိပ္ပာယ်မှ မရှိဘူး " လို့ နားလည်ယူဆထားကြပါတယ်။
             ပို့စ်မော်ဒန်နစ်တွေက " ဘာသာစကားဟာ အမှန်တရားကို ဖန်တီးတယ် " ဆိုတဲ့ အယူအဆကိုလည်း လက်ခံထားကြပါတယ်။ နီယိုမော်ဒန်အမြင်ကတော့ " ဘာသာစကားဟာ ပုဂလိကသဘောအရ အမှန်တရားလို့ ထင်မြင်ယူဆနိုင်ခြေရှိတဲ့ အရာတွေ " ကိုပဲ ဖန်တီးနိုင်တာပါ။ တကယ့် အစစ်အမှန်တရားကို ဘာသာစကားက ဖန်တီးတည်ဆောက်နိုင်ခြင်း လုံးဝ မရှိပါဘူး။ နီယိုမော်ဒန်ဟာ ဘာသာစကားရဲ့ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်နိုင်ရည်ကို ဆန့်ကျင်ငြင်းဆန်ပါတယ်။
             ပို့စ်မော်ဒန်နစ်တွေ ပြောတဲ့ " အဓိပ္ပာယ် " ဆိုတာ စာသားတွေကတစ်ဆင့် ဖွင့်ဆိုထားတဲ့ အနက်အဓိပ္ပာယ်တွေကို ဆိုလိုတာပါ။ ဥပမာ- illusion/n[C] 1. false idea of believe. 2. something that a person wrongly believes to exist; an optical illusion ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး ဖြစ်ပါတယ်။
             ဒီလို အနက်အဓိပ္ပာယ် ( Meaning & Significance ) တွေက လူသားကမ္ဘာလောကမှာ ဘာသာစကားဆိုတဲ့ သမုတိ သင်္ကေတစနစ်ကြီး တီထွင်ပေါ်ပေါက်လာပြီးမှ (လိုအပ်ချက်အရ ) ထပ်ဆင့်ဖွင့်ဆိုရှင်းလင်းနေရတဲ့ အဓိပ္ပာယ်တွေပါ။ အဲဒါတွေဟာ လူသားတွေ အာရုံ ၆ မျိုးနဲ့ တွေ့ကြုံခံစားရာက ဖြစ်ပေါ်လာတဲ့ အနက်အဓိပ္ပာယ်/ခံစားမှုတွေ မဟုတ်ပါဘူး။ စာသားတွေကတစ်ဆင့် ဖွင့်ဆိုရတဲ့ အနက်အဓိပ္ပာယ်တွေဟာ သမုတိသင်္ကေတဘာသာစကားရဲ့ အဆက်အနွယ်တွေ ဖြစ်တဲ့အတွက် သမုတိသဘော/ ပညတ်သဘော/ မစစ်မှန်တဲ့ သဘောတွေပါ။ သူတို့ ပြောတဲ့ အယူအဆတွေ မှန်တယ်လို့ သတ်မှတ်ယူဆရင်တောင် ဒါဟာ သမုတိအမှန်တရား ( Relative Truth ) ပါပဲ။ ဒါကိုပဲ သူတို့က အစစ်အမှန်တရား ( Reality ) လို့ သတ်မှတ်ခေါ်ဝေါ်နေကြတာပါ။
             အဲဒီလို အမှန်တရားမျိုးကို ပို့စ်မော်ဒန်တွေရဲ့ တစ်ဝက်တစ်ပျက်အမှန်တရားလို့ နီယိုမော်ဒန်တွေက ခေါ်ဝေါ်ပါတယ်။
P.O.M ဘာသာစကား အယူအဆ
             illusion ဆိုတဲ့ စကားလုံးမပေါ်ခင်ကတည်းက လူသားတွေမှာ illusion ဆိုတဲ့ သဘောသဘာဝ ရှိနှင့်နေပါတယ်။
             ချစ်ခြင်းမေတ္တာ၊ သေခြင်း၊ တိရစ္ဆာန်၊ လူသား၊ သစ်ပင်၊ အ၀ါရောင်၊ နှင်းဆီရနံ့၊ ချိုမြိန်မှု၊ ခါးသီးနာကျင်မှု၊ လိင်ရမ္မက်၊ ဆင်ခြင်တုံတရား၊ ဖောဌဖ္ဗာရုံ၊ အာရုံမှောက်မှားမှု၊ ရူးသွပ်ခြင်းတွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အာရဗီ ဘာသာစကားတွေနဲ့  ဘယ်လိုခေါ်ဝေါ်သုံးစွဲကြပါသလဲ။
             စကားလုံးဝေါဟာရအမျိုးမျိုး ၊ အရေးအသားအသွယ်သွယ် ဖြစ်ပါလိမ့်မယ်။
             ဒါပေမဲ့ အဲဒီ စကားလုံးတွေ မပေါ်ခင်ကတည်းက လူသားတွေရဲ့ အာရုံတွေထဲမှာ၊ ကမ္ဘာလောကမှာ အဲဒီလို သဘောသဘာဝတွေ ရှိနှင့်နေပါတယ်။ အဲဒီ သဘောသဘာဝတွေကို ဘာသာစကားအဆောက်အအုံပုံကြမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ( စကားလုံးဝေါဟာရတွေ အားဖြင့်ပဲ ) နေရာချထားပါတယ်။ ကျွန်တော် ဆိုလိုတာက ပို့စ်မော်ဒန်နစ်တွေပြောတဲ့ " စာသားတွေက တစ်ဆင့် ဖွင့်ဆိုထားတဲ့ အနက်အဓိပ္ပာယ်တွေ မဟုတ်ပါဘူး။ S.W.S.C.S ဆိုတဲ့ ဘာသာစကားသင်္ကေတတွေ မရှိခင်ကတည်းက ကြိုတင်ရှိနှင့်နေတဲ့ " တရားကိုယ်အဓိပ္ပာယ်သဘော " တွေကို ပြောချင်တာပါ။ ဥပမာ- " သေခြင်းသဘော " ဟာ သေခြင်းဆိုတဲ့ စကားလုံး မရှိခင်ကတည်းက ကမ္ဘာလောကမှ ကြိုတင်ရှိနှင့်နေတယ်။ ဒီလို မူလအခြေခံ အဓိပ္ပာယ်သဘောတွေကို Primary or Original Meaning before the Existence of Language ( P.O.M ) လို့ ခေါ်နိုင်ပါတယ်။
              P.O.M တွေဟာ ဘာသာစကားအောက်လွှာ ( Under Layer of Language ) ထဲမှာ ရှိနေပါတယ်။
              လူသားတွေရဲ့ ကမ္ဘာလောကမှာ အာရုံအတွေ့အကြုံ၊ လိုအင်ဆန္ဒ၊ ခံစားမှု၊ စိတ်ကူးထည်၊ အာရုံအသိအမြင်၊ လောကအမြင်၊ စိတ်နေသဘောထား စတဲ့ P.O.M တွေဟာ နဂိုကတည်းက ရှိနှင့်နေတယ်။ တစ်နည်းအားဖြင့် ပြောရရင် လူသား/ ဘာသာစကားအနုပညာလက်ရာ ဖန်တီးသူ ရည်ညွှန်းလိုတဲ့ အကြောင်းခြင်းရာ၊ ဆိုလိုရင်း အဓိပ္ပာယ်တွေဟာ နဂိုကတည်းက ရှိတယ်။ ဒီလို ရှိနှင့်နေပြီးတဲ့ အခြေခံအဓိပ္ပာယ်သဘော ( P.O.M) တွေကို ဘာသာစကားအားဖြင့် ပြန်လည်ဖော်ထုတ် တင်ပြတဲ့အခါ ဘာသာစကား အခြေခံယူနစ်တွေဖြစ်တဲ့ S.W.S.C.S တွေထဲမှာ နဂိုမူလအဓိပ္ပာယ်တွေ အပြည့်အ၀၊ အတိအကျ၊ မိတ္တူဆွဲ၊ ဓာတ်ပုံရိုက်သလို ပါမလာနိုင်တော့ဘူး။
              ဒါဟာ ဘာသာစကားရဲ့ အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။
              စာရေးသူ အနုပညာရှင်က သူ ပြောဆိုရည်ညွှန်းလိုတဲ့ P.O.M တွေကို S.W.S.C.S တွေ မီဒီယမ်အဖြစ်သုံးပြီး အနုပညာလက်ရာထဲ ထည့်ပေးလိုက်တယ်။ စာဖတ်တဲ့ ဖြစ်စဉ်ဟာ အနုပညာရှင်က တည်ဆောက်ပြလိုက်တဲ့ ဘာသာစကား အဆောက်အအုံ၊ စာသားအစုအဝေးတွေကို ဖတ်ရှုပြီး သူတို့နောက်ကွယ်မှာ ပုန်းလျှိုးကွယ်ဝှက်နေတဲ့ P.O.M တွေကို အနက်ပြန်တူးဖော်ရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
             အဲဒီအခါကျမှ ပို့စ်မော်ဒန် ဘာသာဗေဒပညာရှင်တွေ ပြောတဲ့ ဘာသာစကားစွမ်းရည်တွေ၊ ဆက်သွယ်မှုစွမ်းရည်တွေရဲ့ အခန်းကဏ္ဍကို ရောက်လာတာပါ။
 P.O.M တွေနဲ့ S.W.S.C.S တွေကြားက ဆက်နွှယ်မှု
              ပို့စ်မော်ဒန်နစ်တွေ ယူဆသလို S.W.S.C.S တွေထဲမှာ စာသားတွေကတစ်ဆင့် ဖွင့်ဆိုထားတဲ့၊ အလိုလို ထင်ရှားနေတဲ့ အနက်အဓိပ္ပာယ်တွေ မရှိဘူးဆိုရင် တစ်ဝက်တစ်ပျက် မှန်ပါတယ်။ ဒါပေမဲ့ S.W.S.C.S တွေရဲ့ နောက်ကွယ်မှာ ကဗျာဆရာ၊ စာရေးဆရာ ( လူသား ) က ရည်ညွှန်းပြောဆို ထုတ်ဖော်ပြလိုတဲ့ P.O.M တွေ ရှိနေသေးတယ်။ လူသားတွေ ဘာသာစကားကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ် ရည်ညွှန်းလိုတဲ့ P.O.M တွေကို တခြားသူ ( နားထောင်သူ / ပရိသတ် ) သိအောင် ပြောပြချင်လို့ပါပဲ။
              S.W.S.C.S ဆိုတာ P.O.M တွေကို ထုတ်ဖော်ပြောပြဖို့ လူသားတွေ တီထွင် ဖန်တီး၊ သတ်မှတ်တည်ဆောက်ထားတဲ့ ဘာသာစကားသင်္ကေတစနစ်တွေပါ။ အဲဒါတွေကို ကျွန်တော်တို့ လူသားတွေ ဖန်တီးခဲ့တာ။ ဘာသာစကားက ကျွန်တော်တို့ လူသားတွေကို ဖန်တီးခဲ့တာ မဟုတ်ဘူး။ ပို့စ်မော်ဒန်နစ်တွေ ပြောသလို ကမ္ဘာလောကကို ဘာသာစကားနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ ကမ္ဘာလောကထဲက လူသားက ဘာသာစကားကို ဖန်တီးတည်ဆောက်ယူထားတာပါ။
             P.O.M တွေကို S.W.S.C.S  တွေနဲ့ သင်္ကေတ ပြုထားတာ။
             S.W.S.C.S တွေကို အနုပညာရှင်က စာရွက်ပေါ် ချမရေးခင် သူ့စိတ်အာရုံထဲမှာ P.O.M တွေ ရှိနှင့်နေတယ်။ S.W.S.C.S တွေထဲမှာလည်း အနုပညာရှင် ဆိုလိုချင်တဲ့ P.O.M တွေ ရှိနေတယ်။ P.O.M တွေရဲ့ ရှိမှု၊ ဖြစ်မှုကို ပို့စ်မော်ဒန်နစ်တွေရဲ့ ရုပ်ကြမ်းဝါဒမျက်မှန်နဲ့ ကြည့်ရင်တော့ မြင်နိုင်မှာ မဟုတ်ပါဘူး။
             နီယိုမော်ဒန်ရဲ့ ဘာသာစကား အယူအဆအရ P.O.M တွေကို အကြောင်းရင်းခံ ဇာစ်မြစ်ပြုပြီးမှ S.W.S.C.S တွေနဲ့ Represent လုပ်ပြီး စာပေအနုပညာလက်ရာ ပစ္စည်းတွေ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ နီယိုမော်ဒန် အမြင်မှာ P.O.M တွေက အဓိက၊ S.W.S.C.S တွေက သာမည။ ဒီအယူအဆကြောင့်ပဲ နီယိုမော်ဒန်နစ်တွေက S.W.S.C.S တွေကို အဓိက မထားဘဲ ကဗျာဘာသာစကား နိမိတ်ပုံ သင်္ကေတတွေကို လျှော့ချပစ်ဖို့ စဉ်းစားခဲ့ကြတာပါ။ ဒီ အယူအဆကြောင့်ပဲ ဘာသာစကားအပေါ်ယံအလွှာကို ဦးစားပေး ရှေ့တန်းတင်လွန်းတဲ့၊ ရုပ်ကြမ်းဆန်လွန်းတဲ့ ပို့စ်မော်ဒန် အယူအဆတချို့နဲ့ L=A=N=G=U=A=G=E Poetry ကဗျာအယူအဆတချို့ကို ဆန့်ကျင်ငြင်းဆန်ဖို့ စဉ်းစားမိခဲ့ကြတာ ဖြစ်ပါတယ်။
              ဘာသာစကား အဆောက်အအုံ ပုံကြမ်းရဲ့ အလယ်ဗဟို L=A=N=G=U=A=G=E လိုင်းပေါ်မှာ အနုပညာလက်ရာ/ ပစ္စည်း ( Artwork/ Artifact ) ရှိနေပါတယ်။ ဒီ Artifact ထဲမှာ Sign/ Word/ Symbol/ Code/ Signifier ဆိုတဲ့ S.W.S.C.S တွေ ရှိနေပါတယ်။ S.W.S.C.S တွေဟာ ဘာသာစကားအဆောက်အအုံ ပုံကြမ်းရဲ့ ဘယ်ဘက်ခြမ်းက P.O.M တွေကို ကိုယ်စားပြု ဖော်ပြနေတဲ့ (a) Simile, Metaphor, Antithesis, Epigram, Hyperbole, Euphemism, Oxymoron, Irony, Pun, Metonomy စတဲ့ အလင်္ကာတန်ဆာ အသုံးအနှုန်း အမျိုးမျိုး ရှိတာ တွေ့ရပါလိမ့်မယ်။
             ( ကဗျာဘာသာစကား ကျွမ်းကျင်သူ ပညာရှင်များ လိုအပ်ပါက ဘာသာပြန်ယူကြပါ။ နီယိုမော်ဒန်မှာတော့ ကဗျာဘာသာစကားကို လျှော့ချမယ်ဆိုတဲ့ အယူအဆကြောင့် အဲဒါတွေ အရေးမကြီးပါ။ )
             S.W.S.C.S တွေကို ဘာသာဗေဒပညာရှင်( စာဖတ်ပရိသတ်) ရှုထောင့်ကနေ de-code (အဓိပ္ပာယ်ဖွင့်) လုပ်ကြည့်လိုက်ရင် Signified & Meaning တွေ ရလာပါတယ်။ ဘာသာစကားမီဒီယမ်သုံး အနုပညာလက်ရာတစ်ရပ်( အထူးသဖြင့် ကဗျာတစ်ပုဒ်) ကို အဓိပ္ပာယ်ဖွင့်ရင် အနုပညာရှင် ရည်ညွှန်းလိုတဲ့ P.O.M တွေနဲ့ ကွဲပြားခြားနား လွဲချော်နေတဲ့ အနက်အဓိပ္ပာယ်တွေ ထွက်လာတတ်ပါတယ်။ ဒီလို လွဲချော်မှုဟာ de-code ( အဓိပ္ပာယ်ဖွင့် ) ၊ re-code ( အနက်ဖွင့်) စနစ် အဆင့်နှစ်ဆင့်လုံးမှာ ဖြစ်တတ်ပါတယ်။ လွဲချော်မှု ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဘာသာစကားရဲ့ ဘဘာဝကိုက စကားလုံး( Word/ Signifier ) တစ်လုံးမှာ ကွဲပြားခြားနား/ ထွေပြားမြားမြောင်တဲ့ စာသားအဓိပ္ပာယ် ဖွင့်ဆိုချက် ( Textual Meaning ) တွေ ရှိနေလို့၊ ပြီးတော့ စာဖတ်သူက သူ့မှာ ရှိနှင့်နေတဲ့ အခြေခံ အသိစနစ်တွေနဲ့၊ အတ္တနောမတိနဲ့ တိုက်ဆိုင်ညှိနှိုင်းပြီး ကိုယ် လိုချင်တဲ့ အဓိပ္ပာယ်ကို ဆွဲယူတည်ဆောက် ဖန်တီးယူလိုက်လို့ပါပဲ။
            နီယိုမော်ဒန် အမြင်က စကားလုံး ဝေါဟာရ စာသားတွေဟာ ထွေပြားမြားမြောင်တဲ့ အဓိပ္ပာယ်တွေ ဆောင်နေကြပေမဲ့ အကန့်အသတ်မဲ့ သဘောမျိုး မဟုတ်ဘဲ အကန့်အသတ်ဘောင်တစ်ခု အတွင်းမှာသာ ထွေပြားမြားမြောင်နေခြင်း ဖြစ်ပါတယ်။ စကားလုံးစာသားတွေမှာ သူတို့က တစ်ဆင့် ပြန်လည်ရည်ညွှန်းနေတဲ့ ဆင့်ပွားစာသား အဓိပ္ပာယ်တွေ ရှိနေတယ်။ အဲဒီ စကားလုံး၊ စာသားတွေရဲ့ ဆင့်ပွားစာသား အနက်အဓိပ္ပာယ်တွေမှာ အကန့်အသတ်ဘောင် ရှိပါတယ်။ ကဗျာတစ်ပုဒ်မှာဆိုရင် တိုက်ရိုက်အနက်၊ ဆင့်ပွားအနက်၊ ဂယက်အနက်၊ ဆက်စပ်အနက်၊ သင်္ကေတအနက် စသဖြင့်ပေါ့။ နီယိုမော်ဒန် အမြင်အရ စကားလုံး၊ စာသားတွေကို အဓိပ္ပာယ် အနက်ဖွင့်တဲ့အခါ သူတို့က ရည်ညွှန်းပေးဆောင်နေတဲ့ အနက်အမျိုးအစားအလိုက်ပဲ အဓိပ္ပာယ် ဖွင့်ဆိုသင့်ပါတယ်။ စကားလုံး၊ စာသားတွေရဲ့ အနက်အဓိပ္ပာယ် အကန့်အသတ်ဘောင်ကို ကျော်လွန်ပြီး ကိုယ့် အတ္တနောမတိနဲ့ တိုက်ဆိုင်ညှိနှိုင်း၊ လိုရာ အနက်ဆွဲယူဖွင့်ဆိုခြင်းဟာ အတွေးခေါင်ခြင်း သက်သက်ပါပဲ။ ဒါဟာ နဂိုမူရင်းစာသားတွေက ပေးတဲ့ အနက်အဓိပ္ပာယ်တွေကို သစ္စာမစောင့်သိရာ ကျပါတယ်။ နီယိုမော်ဒန် ဘာသာစကားအမြင်က မူရင်းစာသားနဲ့ စာသားအနက်အဓိပ္ပာယ်တွေအပေါ် သစ္စာစောင့်သိရပါမယ်။
Language, Ideology & Concept, Technique & Characteristics
             နီယိုမော်ဒန်အကြောင်း ပြောကြရင် Language, Ideology & Concept , Technique ဆိုပြီး အပိုင်း ( ၃) ပိုင်း ခွဲခြားပြောမှ ပြည့်စုံနိုင်ပါလိမ့်မယ်။
              Language ပိုင်းမှာ နီယိုမော်ဒန်က ဘာသာစကားဆိုတာကို အာရုံခံစားမှု၊ အသိအမြင်၊ အတွေးအခေါ်တွေကို ထုတ်ဖော်ပြဖို့ သင်္ကေတ/ မီဒီယမ် လက်နက်တစ်မျိုးအဖြစ်ပဲ သဘောထားပါတယ်။ ကဗျာဆရာ ပြောဆိုလိုတဲ့ အနက်အဓိပ္ပာယ်တွေ ပေါ်လွင်အောင် ဖော်ပြဖို့ ဘာသာစကားကို မီဒီယမ်အဖြစ် သုံးစွဲတာ ဖြစ်ပါတယ်။ နီယိုမော်ဒန်က ဘာသာစကားရဲ့ သဘောသဘာဝတွေကို အဓိက မထားပါဘူး။ ဘာသာစကားရဲ့ ပရိယာယ် မာယာတွေထဲမှာ တ၀ဲလည်လည် ဖြစ်မနေပါဘူး။ နီယိုမော်ဒန်က ကဗျာနဲ့ အနက်အဓိပ္ပာယ်တွေကိုပဲ အာရုံစူးစိုက်ပါတယ်။ အပေါ်ယံစာသား၊ ဘာသာစကားတွေကို အာရုံစူးစိုက်အောင် မလုပ်ပါဘူး။
             ဘာသာစကားနဲ့ ပတ်သက်ရင် နီယိုမော်ဒန်က ကဗျာဆိုင်ရာ အနက်မျိုးစုံအထိ အကျယ်ပြန့်ဆုံး လက်ခံပါတယ်။ ဒါပေမဲ့ စာသားတွေက ပေးတဲ့ အနက်အဓိပ္ပာယ်တွေ ဖရိုဖရဲ အချိုးပျက်သွားတဲ့ အထိ၊ အဓိပ္ပာယ်တွေကို ချိုးဖျက်ရပ်ဆိုင်းပစ်တဲ့ ရေးသားဖန်တီးမှု အပြုအမူမျိုးကိုတော့ ရှောင်ကြဉ်ပါတယ်။ နီယိုမော်ဒန်မှာ ကဗျာဘာသာစကားထက် အရပ်သုံးဘာသာစကားကို အလေးပေးပါတယ်။ နီယိုမော်ဒန်မှာ ကဗျာဘာသာစကားရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတယ်။ နီယိုမော်ဒန်က ဘာသာစကား စာသား အဆောက်အအုံတိုင်းကို ကဗျာလို့ အလွယ်တကူ လက်မခံပါဘူး။ သံသယစိတ်နဲ့ စစ်ဆေးပါတယ်။ နီယိုမော်ဒန်ရဲ့ အရေးကြီးတဲ့ ဘာသာစကားအယူအဆတစ်ခုက ပို့စ်မော်ဒန်နစ်တွေ ပြောသလို ကမ္ဘာလောကကို ဘာသာစကားနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ကမ္ဘာလောကထဲက လူသားက ဘာသာစကားကို တည်ဆောက်ထား/နေ တာပါ။ ပြီးတော့ ကမ္ဘာလောကမှာ ဘာသာစကားနဲ့  လွတ်ကင်းနေတဲ့ ရုပ်လွန်/ ပညတ်လွန် သဘောတွေ ရှိပါတယ်။ ဒါကို သာမန်မျက်စိနဲ့ ဥာဏ်ပညာနဲ့ မမြင်နိုင်လို့သာ လူတွေ အထူးသဖြင့် ပို့စ်မော်ဒန်နစ်တွေက လက်မခံနိုင်ကြတာပါ။
             Ideology & Concept ပိုင်းကတော့ သဘောတရား အယူအဆရေးရာ ကဏ္ဍပါ။
             နီယိုမော်ဒန်က အနုပညာမြောက်မှု၊ ကဗျာဓာတ် စတဲ့ ရုပ်လွန်သဘောတွေကို ယုံကြည်ပါတယ်။ ဒါတွေက ဘာသာစကားအားဖြင့် ဖွင့်ဆိုရှင်းပြဖို့ မလွယ်ကူပေမဲ့ အနုပညာဖန်တီးမှု၊ ရသခံစားမှု အတွေ့အကြုံတွေကတစ်ဆင့် အာရုံခံစား သိရှိနိုင်တဲ့ ပုဂလိက သဘောမျိုးတွေပါ။ နီယိုမော်ဒန်က ခေတ်ကို မျက်နှာချင်းဆိုင်ထားတယ်။ ခေတ်ပြိုင်လူသားရဲ့ အာရုံခံစားမှု၊ ဘ၀အမြင်တွေကို ကဗျာထဲ ထည့်တယ်။ ခေတ်ပြိုင်လူမှုအကြောင်းခြင်းရာတွေနဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်သုံးသပ်တယ်။ လူရဲ့ တစ်သီးပုဂလတန်ဖိုးကို ပြန်လည်ဖော်ထုတ်တယ် ဆိုပေမဲ့ လူ့အဖွဲ့အစည်းအပေါ် အမြင်ကို ပို အလေးထားတယ်။ တခြားသူတွေရဲ့ အမြင်တွေကိုလည်း ရောနှောတင်ပြပါတယ်။
             နီယိုမော်ဒန်က ရုပ်ဝတ္ထုနဲ့ နည်းပညာရဲ့ ကျေးကျွန်ဖြစ်နေတဲ့ ခေတ်သစ်လူ့အဖြစ်ကို အလေးထားရှုမြင်ပါတယ်။ နီယိုမော်ဒန်က ရုပ်ဝတ္ထု၊ နည်းပညာနဲ့ ပေါ့ပ်ယဉ်ကျေးမှုရဲ့ ဆွဲဆောင်ဖြားယောင်းမှုကြောင့် ၊ ခေတ်ပြိုင်လူသားတွေရဲ့ စိတ္တဇနာမ်တွေအပေါ် သဘောထားအမြင် ပြောင်းလဲမှုကြောင့် တန်ဖိုးနိမ့်ကျ အချိုးပျက်ယွင်းလာနေတဲ့ ချစ်ခြင်းမေတ္တာ၊ အမှန်တရား စတဲ့ တစ်ချိန်က ကြီးကျယ်မြင့်မြတ်ခမ်းနားခဲ့တဲ့ အကြောင်းအရာတွေကို လှောင်ပြောင်သရော်ပါတယ်။
            နီယိုမော်ဒန်က ဒီနေ့ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲက Neomodern Sensibility တွေကို အမိအရ အာရုံဖမ်းဆုပ်ခံစားနိုင်ဖို့ ကြိုးစားပါတယ်။ ကမ္ဘာကို မျက်မှောက်ပြုထားပါတယ်။ ကဗျာအနုပညာအသစ် ဖန်တီးနိုင်ဖို့ ကြိုးစားပေမဲ့ ကဗျာစတန့် ဖြစ်မသွားအောင်တော့ သတိထားရှောင်ကြဉ်ပါတယ်။
            နီယိုမော်ဒန်မှာ ထင်ရှားမြင်သာတဲ့ အပိုင်းကတော့ Technique & Characteristics အပိုင်းပဲ ဖြစ်ပါတယ်။
            ဒီအပိုင်းကို နီယိုမော်ဒန် နောက်ခံအယူအဆနဲ့ သွင်ပြင်လက္ခဏာတချို့ ဆောင်းပါးမှာ အထိုက်အလျောက် ပြောဆို ဆွေးနွေးပြီးခဲ့ပါပြီ။
            နီယိုမော်ဒန်က ပင်မရေစီး ခေတ်ပေါ်ကဗျာရဲ့ နိမိတ်ပုံသင်္ကေတတွေကို လျှော့၊ အကွက်သဘောကနေ ကန့်လန့်ဖြတ် ချည်မျှင်လိုင်း ( Fibrous Lines ) တွေဆီ ရွေ့၊ Fragments+ Fibrous Text တွေ ရောနှော၊ အကြောင်းအရာစုံ တင်ပြ၊ ၀င်္က၀ုတ္တိသဘောကနေ တိုက်ရိုက်ပြောခြင်းဆီ ပြန်ရွေ့၊ ရေးဟန်အပြောင်းအလဲလုပ်ပြီး ရေးဟန် အရှင်နဲ့ သွားရာက အသစ်ဖြစ်ပေါ်လာတဲ့ ကဗျာအမျိုးအစားသစ် ဖြစ်ပါတယ်။
ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှုရဲ့ အနာဂတ်ဟာ ကဗျာဆရာတွေ အထူးသဖြင့် မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ရှေ့လူတွေ လျှောက်ခဲ့တဲ့ အစဉ်အလာလမ်းကြောင်းအတိုင်း ဆက်လိုက်နေမလား၊ ကိုယ့် ဘာသာကိုယ် လမ်းသစ်ချဲ့ထွင် ရှာဖွေလျှောက်လှမ်းကြမလား၊ နိုင်ငံရပ်ခြား ကဗျာအယူအဆတွေကို မျက်လုံးရော အသိဥာဏ်ပါ စုံမှိတ်အားကိုးနေကြမလား ဆိုတဲ့ ဆုံးဖြတ်ရွေးချယ်မှုအပေါ် မူတည်ပြီး မြန်မာကဗျာယဉ်ကျေးမှုဟာ ဆုတ်ယုတ်/ရပ်တန့်/ တိုးတက်မှု ဖြစ်လာပါလိမ့်မယ်။
             အနုပညာ ဖြတ်သန်းမှု အတွေ့အကြုံ ရင့်ကျက်ခိုင်မာပြီးတဲ့ လူကြီးတွေ အနေနဲ့ လူငယ်တွေရဲ့ အသစ်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု နားလည်လက်ခံပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ လူငယ်တွေ အနေနဲ့လည်း ရှေးရိုးအစဉ်အလာတွေကို ဆန့်ကျင်တော်လှန်ပြီး လမ်းသစ်ထွင် လျှောက်လှမ်းသွားကြဖို့ တိုက်တွန်းလိုပါတယ်။
            လက်ရှိလူငယ်တွေရဲ့ ခေတ်ပြိုင်ကဗျာယဉ်ကျေးမှုကို ဆန့်ကျင်တော်လှန်မယ့် နောက်ထပ်မျိုးဆက်သစ်တစ်ခု ပေါ်ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခေတ်ပြိုင်မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ။
ေ အာ င် ရင် ငြိ မ်း
၁၅ မတ် ၂၀၁၀
ခေတ္တ- ရန်ကုန်