ဟိုး ခပ်ဝေးဝေးကို ရောက်နှင့်နေပြီလား သလင်း?
နေ့စဉ် trauma ထမင်းဟင်းထဲ ဟင်းလင်းပြင်နောက်ခံနဲ့ ကိုယ်ဘာအတွက်တောင့်ခံနေရမှာလဲ
အရာအားလုံးရဲ့ anti- ။
စွဲမက်ဖွယ်ကိုယ်သင်းရနံ့နဲ့လမ်းလျှောက်ထွက်တတ်တဲ့ ညနေဟာ repeated existence
hallucination ကြောင့် ကိုယ့် nerves တွေက ကိုယ့်ကို ချောက်ချဖို့ချောင်းမြောင်း
အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးပဲ သီချင်းစာသားမှာ လူငယ်တွေရဲ့ သွေးမတိတ် date တွေနဲ့
ခပ်မြင့်မြင့်အဆောက်အအုံတွေဆီကနေ Pre-hist,BC, AD တွေအထိ recall ပြန်လုပ်မိခြင်းက စ
လူ့အဖွဲ့အစည်းနှုန်းစံ၊ ဖြစ်တည်မှုကိန်းညွှန်းတွေအတွက် ကိုယ်ဟာ auto-rape
သွေးသားရဲ့တောင်းဆိုမှုက technology updates နဲ့  လှမ်းလိုက်တဲ့ ကိုယ့်လက်ဟာ Infinity ဆီ
ဖြစ်နိုင်ရင် unconscious criteria တွေအထိ ကိုယ် ဖျက်ဆီးပစ်ချင်တယ်
နေ့စဉ်လူမှုဘ၀ထဲ ထလက်သွားတဲ့ Spark ဟာ ဘ၀များလောင်ကျွမ်းမှု အစွန်းထွက်
နှစ်လိုဖွယ်ရာအပြုံးမှာ discount အနံ့နဲ့ အပျိုစင်ရရှိနိုင်မှုဟာ ပေါက်မဲပေါ်မူတည်အနေအထားနဲ့
သောက်ရတဲ့ လက်ဖက်ရည်ခွက်ထဲ ideology crisis နဲ့
ငါတို့ဟာ လူငယ်တွေပါကွာ လို့ လေးလေးပင်ပင်ပြောမိပြီး ငေးမိကြ
ကြိုက်တဲ့ကောင်လာငြင်း ဆိုတာ ဟာသပဲ။
ငြိမ်းချမ်းရေးအတွက် စစ်လက်နက်တပ်ဆင်ခြင်း၊ ဥက္ကာခဲများ၊ မြေငလျင်များ ဒီသတင်းတွေကပိုပိုရယ်ရ။
apache တစ်ကောင်ရဲ့ ဦးနှောက်အပိုင်းအစတွေ ကတ္တရာလမ်းမပေါ်ထိ ကျဲပြန့်
တွက်ချက်မှု နဲ့ ခံစားမှု ကို left, right ။ ကိုယ့် ဦးနှောက်က အသေကြီး
အလင်းဟာ နာကြင်စရာအဖြစ် ကမ္ဘာဆီလာတယ်။
မသေချာမှုရောဂါ ဆိုတာ ဘ၀ ရဲ့လျှို့ဝှက်သည်းဖို ဇာတ်လမ်းလိုလို
arranged marriage တစ်ခန်းရပ် ကျန်ရစ်သူ အသဲကွဲခန်း လိုလိုနဲ့
သူတို့ရဲ့ရောင့်ရဲတင်းတိမ်မှုက
the labor of the slaves = the profits of the king စာတန်းထိုးနဲ့
ပထမဦးဆုံး မျက်ရည်တု ဟာ ပြုလုပ်ရခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
မှောင်အတိပုံသေနည်းနဲ့ ဘာတွေကို ခပ်ယူနိုင်ပါ့မလဲ?
မိုင်တိုင်တွေကို ဆွဲကျဉ်းပစ်လိုက်မိချင်တယ်။
တစ်ယောက်ကိုတစ်ယောက် နာကျင်တယ်ဆိုတာလည်း ကြားခံဖြစ်အင်တွေနဲ့
စွမ်းအင်တွေရှိတယ်ဆိုပြီး ကိုင်ထားခဲ့ဖူးတဲ့ လက်ဖ၀ါးဖြူဖြူလေးက
Bye Bye sign လေးလုပ်ပြသွားတဲ့အခါ ။
Hybrid အမှန်တရားဟာ ယုံကြည်မှုတန်ဖိုးပေါ်ထပ်ဆင့်တည်ဆောက်တာထက်ပိုတယ်။
မင်းပြောနေကျက ကျွန်မက robot ၊ ရှင်က monologue ။
ရင်ခွင်ရှိန်း

No comments:
Post a Comment