Ref: My Husband Had Me Tattooed
By ForceBy OTELLI EDWARDS
, MELISS & PATRICK SIN , Her World Magazine, 2007
မ ေ သ ာ ၾက ာ
# # #
လြန္ခဲ့တဲ့
သြဂုတ်လက ယောက်ျားလေး သူငယ်ချင်းတစ်ယောက်နဲ့ Hawker Centre မှာ
အက်ရှင်ဇာတ်ကားကြည့်၊ ညစာအတူစား၊ မိန်းကလေး သူငယ်ချင်း မီယာ့ တိုက်ခန်းကို
ပြန်လာပြီးတဲ့နောက် နောက်တစ်နေ့ မနက် ၆ နာရီမှာ အဲဒိ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
ကာယကံရှင်ရဲ့
ဖွင့်ဟ၀န်ခံချက်
အိပ်ရာ ခုတင်ဘေး စားပွဲပေါ် စလင်းဘက်ဂ် အိတ်တင်ဖို့ ပြင်ဆင်လက်စ
အခန်းထဲ လှမ်းဝင်လိုက်တဲ့ အချိန်မှာ အခန်းက မှောင်မည်းနေပါတယ်။ ဘေးဘီကို
လှည့်ကြည့်ုလိုက်တော့ ကျွန်မရဲ့ နောက် ညာဘက်နားမှာ ရပ်နေတဲ့ နောက် အိမ်ထောင်
ဂျွန့်ကို တွေ့ရတယ်။ သူ့ ထုံးစံအတိုင်း ကျွန်မကို ဒေါသတကြီး ကြည့်နေတယ်။
ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ဘာ အမှားအယွင်း တစ်ခုမှ သတိမထားမိပါဘူး။
သူက ကျွန်မ ဘယ်သွားနေတာလဲ၊ ဘယ်သူနဲ့ အပြင်ထွက်နေတာလဲလို့ မေးတယ်။
သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင်ကြည့်၊ ညစာစားဖို့ အပြင်ထွက်ခဲ့တာလို့ ကျွန်မ
အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ ထုံးစံအတိုင်းပဲ၊ ကျွန်မ အဲဒီ သူငယ်ချင်းနဲ့ ည
အတူအိပ်ခဲ့တယ်လို့ သူ အော်ဟစ် စွပ်စွဲပါတော့တယ်။
ရန်ပွဲ အရှိန် မြင့်တက်နေတုန်းမှာပဲ သူ စိတ်ကို ဖြည်းဖြည်းချင်း
လျှော့ချလိုက်တယ်။
ပြီးတော့ " အဲဒါ လုပ်ဖို့ ရယ်ဒီ " လို့ အော်ပြောလိုက်တယ်။
မှောင်နေတဲ့ ဧည့်ခန်းရဲ့ အရိပ်တွေဆီကနေ ဂျိမ်းစ် ထွက်လာတယ်။
ဂျိမ်းစ်က မီယာ့
တိုက်ခန်းမှာ နေတယ် ဆိုပေမဲ့ သူ့ကို ကျွန်မ သိတယ် ဆိုရုံလေးပါပဲ။ ဒီ
အကြမ်းဖက်ဆန်တဲ့ အဖြစ်အပျက် မဖြစ်ခင် သီတင်းပတ်တွေကမှ ပိုသိလာတာပါ။ ဂျိမ်းစ် က
ကျွန်မ ယောက်ျား ဂျွန်နဲ့ ပြီးခဲ့တဲ့ တစ်လလောက်ကမှ တွေ့ဆုံသိကျွမ်းခဲ့တာ ဆိုပေမဲ့
သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့ကြတယ်။ ဂျိမ်းစ်က
ဆေးမင်ကြောင် ထိုးတဲ့ အလုပ်ကို တရားမ၀င်လုပ်နေတဲ့ ၀ါသနာရှင်တစ်ယောက်ပါ။ ကျွန်မ တစ်သက်တာလုံး
အမာရွတ်စွဲကျန်ရစ်အောင် သူ့ ဆေးမင်ကြောင်စုတ်တံနဲ့ အထိုးခံရလိမ့်မယ်လို့တော့
ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပါဘူးရှင်။
သူတို့နှစ်ယောက် ကျွန်မကို နောက်ကနေ ခပ်ကြမ်းကြမ်း ဆွဲခေါ်လိုက်တယ်။
အခန်းတံခါးလော့ခ်ချ ၊ ကျွန်မ မျက်နှာကို အ၀တ်နဲ့ စည်း၊ ပါးစပ်ထဲ အ၀တ်စုတ်တစ်ခု
ထိုးထည့်ပြီး တိပ်နဲ့ ကပ်ထားလိုက်ကြတယ်။ အဲဒီနောက် ခုတင်တိုင်မှာ ခြေရော လက်ပါ
ကန့်လန့်ဖြတ် အနေအထားနဲ့ နိုင်လွန်ကြိုးနဲ့ တုပ်၊
ဂျွန်က ကျွန်မရဲ့ ဘလောက်စ် အကျီင်္နဲ့ ဘရာစီယာကို ဆွဲဖြုတ်ပစ်လိုက်တယ်။
###
ဆေးမင်ကြောင် ထိုးစက်
တဒီးဒီး မြည်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရတော့ ကျွန်မ သွေးပျက်
ထိတ်လန့်သွားမိတယ်။ သူတို့ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်
လုပ်ကြတော့မယ် ဆိုတာလည်း သိလိုက်တယ်။ ကျွန်မရဲ့ အော်ဟစ်ညည်းညူသံနဲ့ ဆေးမင်ကြောင်
စုတ်တံရဲ့ နားမချမ်းသာဖွယ်ရာ အသံကို ဖုံးလွှမ်းသွားအောင်လို့ တက္ကနိုမြူးဇစ်ကို စတီရီယိုသံ
ပြောင်းပြီး အသံချဲ့လိုက်ကြတယ်။
ဂျွန်က ကျွန်မကို ခြေထောက်တွေနဲ့ ကားယားခွထားပြီး လှုပ်လှုပ်ရှားရှား
မလုပ်ဖို့ သတိပေးတယ်။ တကယ်လို့ ကျွန်မသာ လှုပ်ရှားမိရင် သူ သောက်နေတဲ့
စီးကရက်မီးနဲ့ ထိုးမှာပဲတဲ့။ နို့သီးခေါင်းလေးတွေနားက နူးညံ့တဲ့ အရေပြားကို
ဂျိမ်းစ် ဆေးမင်ကြောင် စထိုးလိုက်တော့ ကျွန်မ ထိတ်လန့် မင်တက်သွားမိတယ်။ အရမ်း
နာကျင်ပေမဲ့ ကျွန်မ မအော်နိုင်ပါဘူး။ အဲဒါက နေရာတစ်နေရာတည်းကို
ဆေးထိုးအပ်ချွန်ချွန်နဲ့ တစ်ချက်ပြီး တစ်ချက် ဆောင့်ထိုးနေတာနဲ့ တူတယ်။
အရုပ်ထိုးနေတုန်း သွေးတွေကို အ၀တ်တစ်ခုနဲ့ သုတ်နေလို့ အရေပြားက သွေးတွေ ယိုစီး
ထွက်နေတယ် ဆိုတာ ကျွန်မ သိနေရတယ်။
ရင်သားတွေကို အရုပ်ထိုးပြီးသွားတော့ ဂျွန်က.......
" အခု မင်းကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ မင်း ငါ့ဆိ
ပြန်လာရတော့မယ် " လို့ ကျေနပ်အားရနေတဲ့ ပုံစံနဲ့ ပြောတယ်။
ဂျွန်က ဘယ်နေရာပြီးရင် ဘယ်နေရာကို အရုပ်ထိုး ဆိုပြီး အမိန့်တွေ
ပေးနေတယ်။
ဆေးမင်ကြောင် အရုပ်တစ်ခု ထိုးပြီးသွားတော့ ဂျိမ်းစ်က " အခု ဘယ်နေရာ ဆက်ထိုးရမလဲ " လို့ မေးတယ်။ ဂျွန်က " ဟိုနေရာ ဒီ
နေရာ " လို့ ပြန်ပြောတယ်။ သူတို့ ကျွန်မကို ဘာလို့ သတ်မပစ်ကြတာလဲ။ သူတို့ ကျွန်မကို
ဘာကြောင့် ဒီလို လုပ်နေကြတာလဲလို့ ကျွန်မ တွေးနေမိတယ်။
ဂျိမ်းစ်ရဲ့ စုတ်တံက ၀မ်းဗိုက်သားတွေဆီ ရွေ့လျားသွားပြီး ကျွန်မ
စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားလုံးတွေ ရေးထိုးနေတယ်။ ပြီးတော့ လက်မောင်းပေါ်မှာ
ပို ရိုင်းစိုင်းတဲ့ သင်္ကေတတွေ။ ခပ်တိုးတိုး ရှိုက်ငင် ငိုကြွေးနေမိလို့ ကျွန်မ
မျက်နှာပါးပြင်တွေပေါ် မျက်ရည်နဲ့ ချွေးစက်တွေ စီးကျနေကြတယ်။ ဂျိမ်းစ်က သူသာ
ဂျွန့်နေရာမှာ ဆိုရင်
ကျွန်မကို ဒီလို
အပြစ်ပေး နာကျင်စေတာမျိုးထက် သတ်ပစ်လိုက်ချင်တယ်လို့ ပြောသံ ကြားလိုက်ရတယ်။
ဒါပေမဲ့
ဂျွန့် ညွှန်ကြားချက်တွေကို လိုက်နာပြီး သူ ဆေးမင်ကြောင် ဆက်ထိုးနေပါတယ်။
###
ဆေးမင်ကြောင်
အထိုးခံရတဲ့ အတွေ့အကြုံနဲ့ ဝေဒနာက တစ်နာရီ ကျော်ကျော်လောက်ပဲ ကြာပေမဲ့ ကျွန်မ
စိတ်ထဲ အကြာကြီးပဲလို့ ထင်မိတယ်။ ဂျိမ်းစ်က ကျွန်မရဲ့ ညာဘက်လက်ကောက်ဝတ်ပေါ်
သင်္ကေတတစ်ခု ရေးထိုးနေတယ်။
အဲဒီ အချိန်မှာ အိမ်တံခါး တဒုန်းဒုန်း
ထုသံ ကြားလိုက်ရတယ်။
ကျယ်လောင်စူးရှတဲ့ ဂီတသံကြောင့်
အိပ်ရာက လန့်နိုးလာပြီး ကျွန်မရဲ့ အိမ်တံခါး ပုံမှန်မဟုတ်ဘဲ လော့ခ်ချထားတာကို
တွေ့သွားတဲ့ မီယာ့ရဲ့ တံခါးခေါက်သံပါ။ အမြဲလိုလို ရုန့်ရင်းကြမ်းတမ်းတတ်တဲ့ ကျွန်မ
ယောက်ျား အခန်းထဲမှာ ရှိနေတာ သိသွားတော့ မီယာ စိုးရိမ်ပူပန်သွားပါတယ်။ မီယာ ရမ်းသမ်း
ခေါက်လိုက်တဲ့ တံခါးခေါက်သံက ကျွန်မကို ကယ်တင် လိုက်တာပဲ။ ကျွန်မ ကိုယ်ခန္ဓာ
အောက်ပိုင်းမှာ
ဂျင်းန်ဘောင်းဘီ ရှိနေပါသေးတယ်။ မီယာသာ ကြားဝင် မဖျန်ဖြေခဲ့ရင် သူတို့ ကျွန်မ
ဂျင်းန်ပင်ကို ဆွဲချွတ်ပြီး ခြေထောက်တွေကို ဆေးမင်ကြောင် ဆက်ထိုးကြဦးမှာပါ။
ဘယ်နေရာတွေ ဆက်ထိုးမလဲ
ဆိုတာတော့ ဘုရားသခင်ပဲ သိနိုင်ပါလိမ့်မယ်။
ဂျိမ်းစ်နဲ့ ဂျွန်ဟာ
သူတို့ရဲ့ နှိပ်စက်ညှဉ်းပန်းရေး ကိရိယာတွေကို ကမန်းကတန်း လက်စသတ် သိမ်းဆည်း၊ တံခါး
ဆွဲဖွင့် ၊ မီယာနဲ့ ဧည့်ခန်းထဲမှာ တစ်ချိန်လုံး ရှိနေတဲ့ ကျွန်မရဲ့ ဆယ်နှစ်အရွယ်
သမီးလေးကို တွန်းတိုက် တိုးဖြတ်သွားပါတယ်။
ဒေါသထွက်နေတဲ့ မီယာက
ဂျွန့်အနေနဲ့ ဖြေရှင်းချက် တစ်ခုခု ပေးဖို့ နောက်ကနေ လိုက်အော်ခေါ် ပါတယ်။ ဂျွန်က
နှုတ်ဆိတ်ရပ်တန့်၊ ကျွန်မဆီ လက်ညှိုးထိုးပြီး
" မင်းတို့ အားလုံး
ငါ့ သက်သေ ဖြစ်ကြရမှာပဲ ။ ဒီ မိန်းမကို ဒီ နေရာမှာပဲ အခု ငါ ကွာရှင်းပစ်မယ် "
လို့ ပြောပါတယ်။
သမီးလေးကတော့ ကျွန်မရဲ့
ရောင်ကိုင်းနေတဲ့ မျက်နှာနဲ့ သွေးထွက်သံယို တုန်လှုပ်နေတဲ့ ကိုယ်ခန္ဓာကို
မျက်တောင်မခတ်တမ်း ငေးကြည့်နေပါတယ်။
မှားယွင်းလွဲချော်နေတဲ့
ဇာတ်လမ်း အစ
ကျွန်မနဲ့
ဂျွန်ရဲ့ ဆက်ဆံရေးက အစပိုင်းကတည်းက ရှင်းပြရ ခက်ခဲလောက်အောင် ရှုပ်ထွေးပါတယ်။ သူက
ကျွန်မနဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းရဲ့ အစ်ကိုပါ။ ကျွန်မ ခင်ပွန်းလောင်းက
ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျွန့် မိသားစုက
ကျွန်မကို အရမ်းသဘောကျနေတော့ ကျွန်မ တခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး တခြားမိသားစုဝင်
ဖြစ်သွားမှာ မလိုလားကြပါဘူး။ အဲဒါကြောင့် ဂျွန့်ကိုပဲ လက်ထပ်လိုက်ဖို့ ကျွန်မကို
အကြံပေးကြပါတယ်။ ကျွန်မက အသက် ၂၀ လောက်၊ ဘ၀အတွေ့အကြုံကလည်း နုနယ်ပြီး သူတို့
စိတ်ညစ် စိတ်ထိခိုက်စေမယ့် ဆင်ခြေဆိုလို့ ဘာ တစ်ခုမှ မတွေးမမြင် မိသေးပါဘူး။
အဲဒီလိုနဲ့ ၁၉၉၄ မှာ ဂျွန်နဲ့ ကျွန်မ အိမ်ထောင်ကျခဲ့ပါတယ်။
လက်ထပ်ပြီး ပထမ တစ်နှစ်အတွင်းမှာ
ကျွန်မကို သူ အရမ်းချစ်ခဲ့ပါတယ်။ သူငယ်ချင်းဟောင်းတစ်ယောက် သူ့ အလုပ်နုတ်ထွက်စာ ကူရိုက်ပေးဖို့
ကျွန်မကို ဆက်သွယ်လာပြီးတဲ့နောက်ပိုင်းမှာတော့ ဂျွန်ဟာ ဘယ်လောက် မနာလို
ဝန်တိုတတ်တယ်၊ တစ်ယောက်တည်း မူပိုင် လုပ်ထားချင်တယ် ဆိုတာ ကျွန်မ နားလည်
သဘောပေါက်လာပါတယ်။
သူငယ်ချင်းကို ကျွန်မတို့ တိုက်တန်းရဲ့ အောက်မှာပဲ လက်ခံတွေ့ခဲ့တာပါ။
အဲဒါကို ဂျွန်က ဘယ်လို ရှာတွေ့သွားမှန်း မသိပါဘူး။ ကျွန်မတို့ နှစ်ယောက်လုံးကို
နောက်ကနေ ခုန်အုပ်၊ မညှာမတာ ရိုက်နှက်ပြီး သူငယ်ချင်းကိုလည်း ဆိုင်ကယ်စီး
ဦးထုပ်နဲ့ ရိုက်ပါတယ်။
အညိုအမည်း စွဲနေတဲ့ ဖူးရောင်ဒဏ်ရာတွေကို ဖုံးကွယ်ပြီး ကျွန်မ
အမေ့အိမ် ပြန်ပြေးခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း ပိုပြီး
ဆိုးဝါးရိုင်းစိုင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေ သူ လုပ်လာပါတယ်။ ကျွန်မအပေါ် သံသယ
များသလောက် သူ့ သူငယ်ချင်းတွေကို ပို ယုံကြည်လာပါတယ်။ အိမ်ထောင်သက် ၁၂ နှစ်အတွင်း သမီးလေးကို
ကျွေးမွေးစောင့်ရှောက်ဖို့
ပိုက်ဆံ
တစ်ပြားတစ်ချပ်တောင် သူ မပေးခဲ့ဖူးပါဘူး။ ဂျွန်က တယ်လီဖုန်းရုံး
အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။ ဒါပေမဲ့ ပိုက်ဆံတွေ ဘယ်လို သုံးဖြုန်းပစ်သလဲလို့
မေးတိုင်း ကျွန်မကို သူ ကြိမ်းမောင်း ရိုက်နှက်တတ်ပါတယ်။
ကျွန်မလား၊ ကျွန်မက
အချိန်ပိုင်း ပုဂိုလ်ရေးလက်ထောက် အလုပ်လုပ်ပါတယ်။
ကျွန်မနဲ့ ရင်းနှီးတဲ့ အလုပ်ရှင်တွေကို ဆိုရင် ဂျွန် သဘောမကျတတ်ဘူး။ သူက
သည်းမခံနိုင်လောက်အောင် ဆိုးဝါးတဲ့ အသုံးအနှုန်းတွေ သုံးပြီး ကျွန်မ
အလုပ်ရှင်တွေနဲ့ ညအိပ်တယ်လို့ စွပ်စွဲလေ့ ရှိပါတယ်။ ရန်ဖြစ် စကားများကြတဲ့
အခါတိုင်း.....
"
အင်းပေါ့လေ။ မင်း ကောင်တွေက မင်းကို အရမ်းခိုက်နေကြတာကိုး ။ မင်း
အဲဒီလို လုပ်လို့ ရတာပေါ့ မဟုတ်ဘူးလား "
ဆိုတဲ့ စကားမျိုးတွေနဲ့ စော်ကား ပြောဆိုတတ်ပါတယ်။
သူ့ကို ကွာရှင်းပြတ်စဲပစ်ဖို့ ကျွန်မ သုံးကြိမ်တိတိ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒီလို စီစဉ်တိုင်း သူ စကားချိုချိုသာသာနဲ့ တောင်းပန်ပြီး ကျွန်မကို
အရင်ထက် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်လို့ ကတိ အမြဲပေးပါတယ်။ သမီးလေး
ပုံမှန် မိသားစု ဘ၀ကိုပဲ ရစေချင်လို့ သူနဲ့ ကွာရှင်းဖို့ လုပ်ဖြစ်တဲ့ အကြိမ်တိုင်း
ကျွန်မ လက်လျှော့ခဲ့ရတယ်။
ကျွန်မ မျက်နှာကို
အက်ဆစ်နဲ့ ပက်ဖို့ သူ ခြိမ်းခြောက်တဲ့ တစ်ကြိမ်မှာတော့ ဘယ်လိုမှ ဆက်
သည်းမခံနိုင်တော့တဲ့ နောက်ဆုံး အခြေအနေ ရောက်လာပါတော့တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက
စပြီး ကျွန်မ သူငယ်ချင်း မီယာ့ဆီ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
အနိဌာရုံရဲ့
နောက်ဆက်တွဲ
မှန်ထဲမှာ ကျွန်မ
ကိုယ်ခန္ဓာကို ပထမဆုံး အကြိမ် မြင်လိုက်ရတော့ အရမ်း အရုပ်ဆိုး
အကျည်းတန်နေတယ်လို့ ခံစားရပြီး သေချင်စိတ် ပေါက်သွားမိပါတယ်။
ဆေးမင်ကြောင်
ရုပ်တွေဆီကနေ သွေးတွေ ယိုစိမ့် ထွက်နေတုန်းပါပဲ။ ရင်သားတွေဆီမှာ လက် တစ်ဖ၀ါးစာ
အရွယ်လောက် ဖုံးအုပ်နေတဲ့ နို့သီးခေါင်းလေးတွေ ပတ်ပတ်လည်က နက်ပြာရောင်
တြိဂံပုံတွေ၊ ၀မ်းဗိုက်သားပေါ် ကန့်လန့်ဖြတ် အသော့ရေး၊ မြားအနက်တစ်ခုနဲ့ ပေါင်ခြံဆီ
ညွှန်ပြထားတဲ့ " One Way " ဆိုတဲ့ စကားလုံး။
ပြီးတော့ လက်မောင်းတစ်လျှောက် ကလေးတစ်ယောက် တောင်ခြစ်မြောက်ခြစ်
လျှောက်လုပ်ထားသလို ရေးခြစ်ထားတဲ့ ကြယ်ပုံကြမ်းတွေ။
အရုပ်တွေကို
ပြန်ဖျက်ပစ်မယ် ဆိုရင်တောင် ဒီလို ကိုယ်ခန္ဓာမျိုးနဲ့ မိန်းမတစ်ယောက်ကို ဘယ်သူမှ
သဘောကျတော့မှာ မဟုတ်ဘူးလို့ တွေးမိပြီး မျက်ရည်တွေ စီးကျလာမိတယ်။
နောက်ပိုင်းလတွေက အခက်ခဲ အကြမ်းတမ်းဆုံး
ကာလတွေပါပဲ။
တရားရုံးကို
အပြေးအလွှားသွားရတဲ့ အချိန်တွေ၊ ကွာရှင်းစာချုပ်ကိစ္စ စာရင်းရှင်းနေရတဲ့ အချိန်တွေ၊
အလုပ်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ဆင်းနေရတဲ့ အချိန်တွေမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်
သတ်သေပစ်ဖို့ အထိတောင် စဉ်းစားမိပါတယ်။ သမီးလေးကို
ထိန်းသိမ်းစောင့်ရှောက်ခွင့်ကိုတော့ ဂျွန့်ကိုပဲ ပေးလိုက်ရတယ်။ တရားရုံးမှာ
သမီးလေးအတွက် စကားယှဉ်ပြိုင် စစ်ထိုးဖို့ ကျွန်မမှာ အချိန် မလုံလောက်လို့ပါ။
အလုပ်ရှင်ကလည်း ကျွန်မ ဘာတွေ ဘယ်လို စခန်းဆက်သွားနေတယ်ဆိုတာ မသိနိုင်တော့ပါဘူး။
နေရေး ထိုင်ရေးကိစ္စတွေ စီစဉ်ဖို့ ကျွန်မ ခွင့်ရက် အများကြီး ယူလို့ဆိုပြီး အလုပ်ထုတ်
ခံလိုက်ရတယ်လေ။
အဲဒီနောက် စားသုံးသူ
ဝန်ဆောင်မှု တာဝန်ခံ လုပ်ဖို့ ကျွန်မ အလုပ်တစ်ခု ကမ်းလှမ်းခံရပါသေးတယ်။ ရုံး
ယူနီဖောင်းက ရှပ်လက်တို ဖြစ်နေလို့ အဲဒီ အလုပ်ကို ကျွန်မ ငြင်းဆန်လိုက်ရတယ်။
ကျွန်မရဲ့ လက်ကောက်ဝတ်မှာ ဆေးမင်ကြောင် အရုပ်တွေ
ရှိတယ်လေ။
အရုပ်ဆိုး အကျည်းတန်တဲ့ အမာရွတ်တွေက ကျွန်မရဲ့ လူမှုဘ၀ဟန်ပန်ကိုပါ
ပြောင်းလဲသွားအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ နေပူလေပူထဲမှာတောင် အကျီင်္လက်ရှည်
ဝတ်ထားရပြီး အပြေးလေ့ကျင့်တာနဲ့ ရေကူးတာကိုလည်း စွန့်လွှတ်လိုက်ရတယ်။ လူတွေရဲ့ အကြည့်ဒဏ်ကို
ခံနိုင်ဖို့ ကျွန်မမှာ သတ္တိ မရှိပါဘူးရှင်။
ကာယိနြေ္ဒပျက်လောက်အောင် အကြမ်းဖက်မှုအတွက်
ဂျွန့်ကို တရားရုံးက ထောင်ဒဏ် ၃ နှစ်နဲ့ ကြိမ်ဒဏ် ၆ ချက် ပြစ်ဒဏ် မချမှတ်ခင် ရက်ပိုင်းအလိုမှာ
သူနဲ့ အလုပ်သဘော ပြောဆိုဆက်ဆံရပါသေးတယ်။ ဂျွန်က သူ့ကို ခွင့်လွှတ်ဖို့
တောင်းပန်ပါတယ်။ ဒါပေမဲ့...
" ကိုယ်ပေးတဲ့ ဒေါ်လာ ၅၀၀၀ ကို ယူပါ။ ကိုယ်တို့
ကိစ္စ တရားရုံးအပြင်မှာ စာရင်းရှင်းရအောင်။ အဲဒါမှ ပုံမှန်ဘ၀ ပြန်ရောက်အောင် ကိုယ်တို့
နှစ်ယောက်လုံး ပြန်သွားနိုင်မယ်လေ "
လို့
မထီတရီ ပြောသေးတယ်။
ဂျွန်.....
သူ ဘယ်လောက် နှလုံးသားကင်းမဲ့တယ် ဆိုတာ ကျွန်မကိုယ် ကျွန်မ ပြန်သတိပေးပြီး
အားတင်းငြင်းဆန်လိုက်ပါတယ်။ သူက ဆိုးဝါးပြင်းထန်တဲ့ ဝေဒနာနဲ့ ကျွန်မ
အော်ဟစ်ငိုကြွေးနေတာ မြင်ရတဲ့ အချိန်မှာတောင် ဆေးမင်ကြောင် အထိုးမရပ်ခဲ့တဲ့ လူလေ။
သူငယ်ချင်းတစ်ယောက်ဆီက ပြန်ကြားရတာကတော့ ကျွန်မကို အရမ်းချစ်လို့၊ ကျွန်မကို
အပြင်သွားခွင့် မပြုချင်လို့ အဲဒီလို လုပ်ခဲ့ရတာပါလို့ ဂျွန်က ပြောတယ်တဲ့။
ဒါပေမဲ့ သူနဲ့ ဂျိမ်းစ် လျှို့ဝှက်တိုင်ပင်နေကြတာကို ခိုး နားထောင်ခဲ့တဲ့
ကျွန်မ သမီး ပြောတာကတော့ ဂျွန်က ကျွန်မ မျက်နှာကိုတောင် ဆေးမင်ကြောင်
ထိုးချင်နေခဲ့တာတဲ့။ အဲဒါကိုတော့ သူတို့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၊
အဲဒီ စကား အမှန်ပဲလား ၊ ကျွန်မကိုပဲ ကာကွယ်ပေးတာလား မသိဘူးပေါ့လေ၊ မျက်နှာပေါ်မှာ
ထိုးတဲ့ ဆေးမင်ကြောင်က အလွယ်တကူ ပြန်ဖျက်ပစ်လို့ ရနိုင်တယ်လို့ ဂျိမ်းစ်က ပြောခဲ့လို့တဲ့။
ဂျိမ်းစ်လား၊ သူကတော့ အခုထိ ထွက်ပြေးလွတ်မြောက်နေတုန်းပါပဲ။
သူ့ကို ရဲက အလိုရှိနေပါတယ်။
မျှော်လင့်ချက်
ရောင်ခြည်
ဆေးမင်ကြောင်ရုပ်တွေ
ပြန်ဖျက်ပစ်နိုင်အောင် အကူအညီတောင်းဖို့ ကျွန်မ ဆေးရုံတစ်ရုံကို သွားခဲ့ပါတယ်။
အဲဒါတွေ ပြန်ဖျက်ပစ်ဖို့ အချိန် ၈ ဆက်ရှင်ကနေ ၁၀ ဆက်ရှင်အထိ လိုအပ်တယ်၊ တစ်ဆက်ရှင်ကို
ဒေါ်လာ ၁၇၀၀ ကုန်ကျမယ်လို့ သူတို့က တွက်ပြတယ်။ အဲဒီ ငွေကြေးပမာဏကို ကျွန်မ လုံးဝ
မတတ်နိုင်ပါဘူး။
နောက်ပိုင်းတော့ အလှအပရေးရာ ပညာရှင် ဒေါက်တာတစ်ယောက်က ကျွန်မ
လေဆာရောင်ခြည် ကုသမှုလုပ်ဖို့ စပွန်ဆာပေးချင်တယ်လို့ သူငယ်ချင်း တစ်ယောက်က ပြောလာတယ်။
အဲဒီ ဒေါက်တာနဲ့ ကျွန်မ အဆက်အသွယ်ရပြီး ဧပြီလမှာ လေဆာကုသမှု စလုပ်ခဲ့တယ်။ အဲဒီလို
ငွေကြေးအကုန်အကျခံ ကုသပေးလို့ ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ အဲဒါက ဆေးမင်ကြောင်
အထိုးခံရတဲ့ ဝေဒနာထက် အဆ နှစ်ဆယ်လောက် ပို ဆိုးဝါးတာကျင်ပါတယ်။
လေဆာရောင်ခြည်နဲ့
အရုပ်ဖျက်ပေးမယ့် ဆက်ရှင်တစ်ခု မ၀င်ခင် နာရီဝက်လောက်ကတည်းက လက်မောင်းတွေပေါ်
ထုံဆေးခရင်မ် ဘူးတစ်ဝက်စာလောက် လိမ်းရတယ်။ ဒါပေမဲ့ နာတာကတော့ နာတာပါပဲ။
လေဆာရောင်ခြည်တွေက ဆေးမင်ကြောင်ရုပ်တွေပေါ် ထပ်တလဲလဲ ထွင်းဖောက်ဖြတ်ပြီး
နက်ရှိုင်းတဲ့ ဒဏ်ရာတွေကနေ သွေးတွေ ယိုစိမ့်ထွက်လာတယ်။ အိမ်ပြန်ရောက်တဲ့အထိ
လက်မောင်းတွေ ထုံကျင်နေပြီး နောက် နှစ်ရက်လောက်အထိ
ရောင်ကိုင်းနေပါတယ်။
အဲဒီလို မိနစ် ၂၀ ကြာ ဆက်ရှင်တွေကို သီတင်း ၄ ပတ်မှာ တစ်ကြိမ် ၀င်ရပါတယ်။
ဆေးကုသမှု တစ်ကြိမ် မ၀င်ခင်
ညတိုင်းမှာ " မနက်ဖြန် အရုပ်တွေ ဖျက်ဖို့ အဆင်သင့် ဖြစ်ရဲ့လား မေမေ "
လို့ သမီးလေးက အမြမြေးလေ့ ရှိပါတယ်။ ကျွန်မမှာ ရွေးချယ်စရာ လမ်း မရှိတဲ့ အတွက်
သတ္တိ ရှိရမှာပဲလို့ သူ့ကို ပြန်ပြောဖြစ်ပါတယ်။
ရင်သားတွေနဲ ၀မ်းေိုက်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေကို ပြန်ဖျက်ပစ်ဖို့ ကျွန်မ အဆင်သင့်ပါပဲ။ ဒါပေမဲ့
အမှန်အတိုင်း ပြောရရင် အရေပြား အရမ်းနူးညံ့ပြီး သတိထား ကိုင်တွယ်ရမယ့်
အဲဒီနေရာတွေဆီ လေဆာရောင်ခြည်နဲ့ ထိုးဖျက်တဲ့ ဒဏ်ကို ကျွန်မ ခံနိုင်ရည်
မရှိတော့ပါဘူး။
ဘ၀အသစ်
စတင်ခြင်း
သူငယ်ချင်းတစ်ယောက်ရဲ့
အချိတ်အဆက်နဲ့ ပြည်သူ့ဝန်ထမ်း တင်မ်နဲ့ ဆုံတွေ့မိကြတော့ သူ ကျွန်မကို
စိတ်ဝင်စားသွားပါတယ်။ ဆေးမင်ကြောင်ရုပ်တွေကို သူ မြင်တွေ့သွားမယ့် အချိန်ကို
မတွေးရဲလို့ သူ့ကို အဆက်အသွယ် ဖြတ်ပစ်ဖို့ ကျွန်မ အကြိမ်ကြိမ်
ကြိုးစားခဲ့ပါသေးတယ်။
တင်မ်ပဲ ဖြစ်ဖြစ် ၊ တခြား
ဘယ်ယောက်ျားလေးပဲ ဖြစ်ဖြစ် ကျွန်မထက် ပို သင့်တော် ပြည့်စုံတဲ့
မိန်းကလေးတစ်ယောက်ကို ရနိုင်တယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ တင်မ်က တစ်ချိန်လုံး
စိတ်နှစ်သိမ့်အားပေးမှုတွေ ပေးရင်း ကျွန်မကို ချစ်ရေးဆက်ဆိုနေပါတယ်။ အဲဒါနဲ့ပဲ
ဧပြီလမှာ ကျွန်မတို့ လက်ထပ် ဖြစ်ခဲ့ကြတယ် ဆိုပါတော့ ရှင်။
ဘ၀ရဲ့ အရေးကိစ္စတွေနဲ့
အရာရာဟာ အဆုံးသတ်မှာ ပို အဆင်ပြေ ချောမွေ့လာတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
အလှအပရေးရာ ပညာရှင် ဒေါက်တာက ကျွန်မ ပုဂိုလ်ရေးလက်ထောက် အလုပ်ရဖို့ ကူညီပေးခဲ့တယ်။
အခုဆို ကျွန်မရဲ့ ခင်ပွန်းသစ်နဲ့အတူ ဘ၀ကို အရင်တုန်းကထက် ပိုပျော်ရွှင်ခံစားနေရပါတယ်။
တင်မ်ကတော့ ဘ၀ဟာ ရှေ့ဆက်သွားနေရမယ်လို့ ကျွန်မကို အမြဲ သတိပေးပါတယ်။ ကျွန်မရဲ့
ပြသနာတွေကို ဖြေရှင်းဖို့ ဘာသာရေးဘက်ကို သူ့ အကူအညီနဲ့ ခြေဦးလှည့်လာ ခဲ့ပါတယ်။
###
အမျိုးသမီးတွေ အနေနဲ့ အကြမ်းဖက်တတ်တဲ့ ယောက်ျားတစ်ယောက်ကို
ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့နဲ့ အကူအညီ ရှာဖွေတောင်းခံဖို့
မကြောက်သင့်ဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ဘ၀ဟောင်းမှာ ကျိုးကြေမွခဲ့ရတဲ့
အပိုင်းအစတွေကို တစ်စစီ အဖတ်ဆယ် ပြန်ကောက်ပြီး ဘ၀အသစ် ပြန်စမယ့်
စိတ်ဓာတ်ခွန်အားရှိဖို့ အရေးကြီးပါတယ်။
ရှက်ရွံ့နာကျင်စရာ ဆေးမင်ကြောင်ရုပ်တွေ အားလုံး ကိုယ်ခန္ဓာ အရေပြားပေါ်က
ဖယ်ရှားပြီးသွားပြီ ဆိုရင်တောင် စိတ်ထဲက ဝေဒနာနဲ့ နာကျင်မှုတွေ ဆက်
ရှိနေဦးမယ်ဆိုတာ ကျွန်မ သိပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေဆို ရင်သားတွေပေါ်
ဆေးမင်ကြောင် အပ် တဒီးဒီး ထိုးနေပုံတွေနဲ့ နောက်ဆုံး အပ်ထိုးချက်တွေအထိ
မြင်ယောင်နေပါသေးတယ်။
အခု ကျွန်မရဲ့ စိတ်ခံစားမှုတွေကို ၆၀ ရာနှုန်းလောက် ပြန်ထိန်းချုပ်
တည်ဆောက်နိုင်နေပါပြီ။ တရားရုံး ကိစ္စတွေ အားလုံး ပြီးပြတ်သွားတဲ့ အချိန် ၊
ဂျွန်နဲ့ ကျွန်မ ဇာတ်လမ်း လုံးဝ ပြီးပြတ်သွားတဲ့ အချိန်ကျရင် ကျွန်မ လူရော စိတ်ပါ
ကျန်းမာပျော်ရွှင်လာတဲ့ နေ့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
# မ ေ သ ာ ၾက
ာ
( ဘာ သာ ပြ န် သူ =ေ အာ င် ရ င် ငြိ မ်း )
Ref: My
World Magazine, 2007
No comments:
Post a Comment