Tuesday, June 18, 2013

ပြေးထွက်သွားတယ် ။ တတိယကမ္ဘာဟာ ပါလက်စတိုင်းကလေးငယ်တွေနဲ့


8.5.2012 အပေါ်ယံအရေပြားတွေကို အနူးညံ့ဆုံးတပ်ဆင်ကြတယ် ။
နောက်ဆုံးမျှော်လင့်ချက်တွေဟာ အသံတခုအနေနဲ့ ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေကို စိမ့်ဝင်တယ် ။
သာမန်ဖြစ်ရပ် သေးသေးလေးတွေကနေ သာမန်ထက်ပိုတယ်ဆိုတဲ့ နားလည်မှုမျိုးကိုယ့်ကို လာတွေ့ တယ် ။
ဘာမှမတတ်နိုင်ဘူးဆိုတာ အ မာ ရွ တ် လှ လှ လေး တွေ …၊
အဝေးကြီးမှာနေရတဲ့အခါ ပေးပြီးသားပစ္စည်းကို ပြန်လိုချင်မိတယ် ..
လိုင်းတွေ ၊ စာသားတွေ ၊ စာကြောင်းတွေ အဲ့ဒါတွေက အသုံးမကျတဲ့ဖန်တီးမှုဆိုတာကို ကျော်လွန်နေပြီး  မဟာလူသားဝါဒ (သို့ ) လူသားဆန်ခြင်း အဲ့တခုခုနဲ့ ငြိစွန်းသလိုလို အသိကိုရစေချင်ဟန်ရှိတယ် ။
၂၀၀၇ တုန်းက အငွေ့ အသက်မျိုးကိုယ်ပြန်ရတယ် ။ဘာဖြစ်လို့ သူစိမ်းလိုရင်းနှီးမှုမျိုး ငါ့ကို ပေးတာလဲ။
ငွေကြေးက အေးချမ်းမဟုတ်ဘူး ။ အရုပ်ပါပဲ လက်ဖျံသွေးကြောထဲမှာလဲ ရိုဘော့တွေနဲ့ … ။
မနက်ဖြန်ဆိုသေရတော့မယ်ဆိုတဲ့ အသိနဲ့ ညဘက်တွေဆို မအိပ်ဖြစ်တော့ဘူး ..
လူတယောက်ရဲ့ အသိဥာဏ်ကို ကန့် သတ် ထားတဲ့ အရာလေးတွေကို ကိုယ့်မေ့နေတယ်
စိတ်ပိုင်းဆိုင်ရာကျိုးပဲ့မှုတွေ ကိုယ့်ကိုလာရိုက်သတ်နေကြတဲ့အချိန်မှာလည်း မင်းအသံက မပြောင်းလဲဘူး ။
ပင်ကိုဗီဇကိုက အသိဥာဏ်ထဲကို ၄၈ % လောက်စိုက်ဝင်နေခဲ့ပြီးသား … အရမ်းနီရဲ နေပြီ  ။
အရမ်းရင်းနှီးတယ်ဆိုတဲ့အသိမျိုး နဲ့ တစိမ်းဖြစ်သွားတဲ့အေးစက်မှုတွေ ..။
ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကို ဆန့် ကျင်တိုက်ခိုက်နေသလို အဲ့လိုနှစ်ခြိုက်မှုမျိုးနဲ့ အသက်ပေးတယ် ။
တစုံတယောက်ကြောင့် အသက်ရှင်နေခဲ့ရတာက ၃ နှစ် ။
ကိုယ်က စက်ရုပ်မဟုတ်တော့ နာကျင်မှုတွေကို အမှတ်စဉ်တပ်ပြီးပြောမပြတတ်ဘူး ။
ဝါရှင်တန်မြို့ ရဲ့ တိုက်ခန်းတွေမှာတော့ လူသားခြင်းစာနာထောက်ထားမှုဆိုတာတွေ အနည်းငယ်ရှိလိမ့်မယ် ပေါ့ ။
မလိုအပ်ဘူးပြောလို့ လွှတ်ပစ်ခဲ့ပြောလို့  အရူးအမူးစွဲလန်းခဲ့မိတဲ့တက်တူးလေးကို ဖျက်လိုက်ပြီလား လို့ ။
ငြီးငွေ့ နေတဲ့ လက်ချောင်းတွေ အရမ်းစိုးရိမ်တဲ့စိတ်နဲ့  ကော်ဖီခွက်ကို ပွတ်သက် နေလိုက်ရတာ ။
မိုးတွင်းဆိုတော့ မိုးကရွာတယ်လေ ။
မင်း နဲ့ အတူ ပါလက်စတိုင်းကလေးငယ်တွေဟာ အနောက်ကမ္ဘာကို ထွက်သွားကြတော့မယ် ။
ချစ်ခြင်းမေတ္တာကြောင့် လွင့်သွားတဲ့လိပ်ပြာလေးတွေကို သနားလိုက်တာ ။
* ကိုယ်ဟာ တိမ်တွေလိုပဲ လွင့်တော့မလို့  *
နားကြပ်က သီချင်းသံဟာ တိုးလွန်းတဲ့အခါ အားစိုက်ပြီး ထပ်နားထောင်ရပြီရော …..။
///  ငါ့ကို စက္ကူတွေနဲ့ တည်ဆောက်ထားတာ …/// ရင်းရင်းနှီးနှီးဆိုလို့ အုတ်နံရံတွေပဲ ရှိတော့တာ ။
ပြောလိုက်တဲ့စကားတွေဟာ အုတ်နံရံပေါ်စိမ့်ဝင်သွားပြီး အငွေ့လိုမျိုး ၀ိညာဉ်တွေ ။
ကိုယ်ပြောမယ် ချစ်ခြင်းမေတ္တာဟာ ပိရမစ်တွေထဲမှာ ပိတ်မိနေပြီ
ထပ်ပြောမယ် စာသားတွေ ၊ ဖုန်းနံပါတ်တွေ ၊ အသုံးဆောင်တွေ ၊ ပျော်ရွင်မှုတွေ ၊
ချစ်ခြင်းမေတ္တာဟာ ပိရမစ်ထဲမှာ ပိတ်မိနေတာ  … ။
လူတွေဟာ သူတို့ ပေးဆပ်လိုက်ရတယ်လို့ အရသာခံပြောချင်လို့ တခုခုကို ရယူလိုက်ကြတယ် ။
ကိုယ်ဟာ အရက်သမား / ကိုယ်ဟာ ရူးနေတာ  / ကိုယ်ဟာ စိန်ပန်းပင်တွေကို ကြောက်နေလိုက်ရတာ ။
ခြင်ထောင်ထဲဝင်လာတဲ့ ခြင်တကောင်ရဲ့ သွေးဆာမှုဟာ လဲကျမှုသက်သက်  ။
ကိုယ်နဲ့ ဘာမှမသက်ဆိုင်တဲ့ ဘောလုံးအသင်းတွေအောင်မြင်တာလောက် မင်းဟာ ကိုယ့်ကို မပျော်ရွင်စေတော့ မလိုအပ်တဲ့ချစ်ခြင်းမေတ္တာဆိုတာ သွေးဆာမှု ဒါမှမဟုတ် သွေးဆာခံရမှုပဲ ပေါ့ ။
စိတ်လေ့ကျင့်ခန်းတွေကို ဂရုတစိုက်လုပ်ပါ ။ တိုက်ကြီးကြီးမှာနေပါ ။ တရက်ကို ငါ နဲ့ ဖုန်း ၂ နာရီလောက်ပြောပါ ။
The Messeger သီချင်းက မင်းကို ထိခိုက်စေမှာမဟုတ်ဘူး ။
တိပ်နဲ့ အပတ်ခံနေရသလို အရသာပြောင်းလဲခြင်းမျိုး    ။။။

* …*          --- သီချင်းစာသား
/// ….///     --- နေ့ သစ် ရဲ့  ဆိုက်ပရက်စ်ပင်များကဗျာမှ စာသား


ေ အး ချ မ်း

No comments:

Post a Comment