ွှTranslated Prose
Monday, December 24, 2012
ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ တစ်နေ့
မှောင်မည်းနေတဲ့ အခန်းတစ်ခန်းထဲမှာ ဝင်ထိုင်မလို့ စတင်ကြိုးစားတယ်
ကိုယ်…ကိုယ်တိုင်ဟာ တံခါးတစ်ချပ်ဖြစ်သွားတဲ့အခါ ဒါဟာ ကံတရားက မာဂျင်နယ်လိုက်ဇ်လုပ်ကြံတာခံလိုက်ရသလို
စိတ်ကူးထဲ လောင်နေတဲ့ အလင်းမှာ ဘာအလင်းမှထပ်မလိုဘူး
စကြဝဠာရဲ့ ကယ်ရီကေးချားအပါအဝင် အလင်းနဲ့ရေးထားတဲ့ အရာအားလုံး
ချစ်ခြင်းမေတ္တာရဲ့ ဗျည်း၊ သရတွေအားလုံးဟာ အရောင်မရှိတဲ့အတွက် ဘယ်တော့မှ မထင်ဘူး။
လူ့အရေပြားပေါ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတံဆိပ်နဲ့ သစ်ပင်စိုက်လိုက်
Nihilist အယူအဆနဲ့ လူ့ဘ၀ကိုမမြင်ချင်
ခါးကိုဖက်ပြီး လမ်းလျှောက်သွားနေတဲ့ ကောင်လေးနဲ့ကောင်မလေးကို အရူးတစ်ကောင်က လိုက်ကြည့်
*လူတွေပြည့်ကျပ်နေတဲ့ အခန်းထဲမှာ ငါတစ်ယောက်တည်း အထီးကျန်နေတယ်*
လူတွေနဲ့ ရောနှောနေနေလိုက်လည်း ငါ နဲ့ “ငါ” တစ်ထပ်တည်းဖြစ်မသွားဘူး
ခွန်အားရှိသလောက်ရုန်းကန်နေတယ်လို့ ဆိုပေမဲ့လည်း အထဲကိုတိုးဝင်နေခြင်းပဲလို့ ဆိုကြပါစို့ ညီမလေးရာ
မင်းငါ့ကို ဖက်ထားအောင် ငါမတတ်နိုင်တော့ လူ့အဖွဲ့အစည်းကကိုးကွယ်နေတဲ့ God က ငါ့ကို တက် Fuck
နှစ်ရာတန်ပေါ်က ခြင်္သေ့က ငါ့ကို Rape လုပ်ဖို့ချောင်းမြောင်း
ကားစပယ်ယာတွေကို ငါအဖေမခေါ်နိုင်ဘူး ဘယ်လိုလုပ်မလဲ လူအဖြစ်ကို မေ့သွားကြမလား ဥုံဖွ
ဘယ်တော့မှလိမ်မပြောပါဘူး ဘဝမှာ ဘဝတစ်ခုလုံးနဲ့ မဆန့်မပြဲဖြစ်အောင်
ဘဝကြီးစုတ်ပြတ်ကျွံထွက်သွားလောက်အောင် အချစ်ရယ်လို့ ပြောလိုက်ဆိုလိုက်
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေကမ္ဘာကြီးဟာ ဗလာမဲပဲ။
တုံးတိုက်တိုက် ကျားကိုက်ကိုက် နူးညံ့ပစ်မှာပဲ
အံဝင်ခွင်ကျမှုနဲ့တစ်သားတည်းဖြစ်မှုဆိုတာ မရှိဘူးလား
ငါ့ကို မင်းခန္ဓာကိုယ်ထဲက အညစ်အကြေးတွေလိုသာ ပုံမှန်စွန့်ထုတ်ပစ်လိုက်ပါ
င့ါ မိသားစုမှာ ငွေမရှိဘူး ဦးနှောက်အချိန်ပိုင်းအငှားလိုက်ပြီး ပစ္စုပ္ပန်ယဉ်ကျေးမှုနဲ့ အသိတရားထဲမှာ
အမှန်တရားရဲ့အရည်အသွေးကို မူလီနဲ့အတွင်းသားထဲထိ စိမ့်ဝင်အောင်ဖောက်သွင်းထားတာ
ကိုယ်အပါအဝင် ကိုယ့်မိသားစုတစ်ခုလုံးရဲ့ ဘုရားသခင်ကိုယ်တိုင်ကအစ ချစ်မေတ္တာကို ကိုးကွယ်တယ်
မောင်ဆိုတာ သေသွားပြီ မောင့်ကိုချစ်တယ် မောင့်ကို ဘယ်တော့မှ မခွဲဘူး
မောင့်ကိုစိတ်ဆင်းရဲအောင် မလုပ်တော့ဘူး 5.11.2011 ထဲက မောင်ဆိုတာ သေသွားပြီ
မောင့်ကို God က Fuck သွားပြီ
ကိုယ့်ကို မေ့ပစ်လိုက် မင်းရဲ့စိတ်မျက်နှာပြင်ပေါ် ငါ့မေတ္တာတရားမဖိတ်စင်စေရဘူး
ကိုယ်ဟာ ပဋိဇီဝဆေးတွေလို မင်းကိုကျန်းမာရေးထိခိုက်စေတယ်
ဆံပင်ကို အရှည်ထားပြီး မင်းသိပ်ချစ်တဲ့ မျက်လုံးတွေကို ငိုခိုင်းထားတယ်
လူတွေကို မြင်တိုင်း ကျားကြောက်လို့ ရှင်ကြီးကိုးသလို ကိုးမယ်
သံဂဟေစတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပန်းပုရုပ်တစ်ရုပ်လို လူတွေကငါ့ကိုလာထိတိုင်း
“ဒေါင်” ခနဲအသံထွက်ပြီး ပြုံးပြမယ် ငါ့အပြုံးဟာ သတ္တုဆန်တဲ့အပြုံး အင်အော်ဂဲနစ်အပြုံး
လူဖြစ်နေတုန်းအခိုက် လူအဖြစ်ရရှိထားတဲ့အချိန်မှာ ကိုယ့်လူသားဖြစ်မှုဟာ မင်းအတွက်အနုပညာပဲ
မင်းရယ် ငါရယ် ပြီးတော့ မင်းရယ် ငါရယ်ပဲ repeat ထပ်ခါထပ်ခါ လုပ်ထားတဲ့
မင်းရယ် ငါရယ် မရှိတော့ရင်တောင် ရှိနေဦးမယ့် မင်းရယ် ငါရယ်နဲ့ ငါနေမယ်
၂၁ ရာစုရဲ့ အပေါဆုံးအရာကို လူတွေကို ငါလိုက်မေးမိမယ်
တစ်ခါတလေလည်း ငါ နတ္ထိဖြစ်သွားနိုင်တယ်
မင်းကိုတော့ Deconstruction လုပ်ဖို့အကြောင်းမရှိ ချစ်
ငါ့အနုပညာရဲ့ နောက်တစ်နေ့အစီအစဉ်က Dead ပဲ
မောနွေ
၁၄၊ ၁၊ ၂၀၁၂
* ----- * - David Cook ရဲ့ သီချင်းတစ်ပုဒ်မှ စာသား။
ကဗျာခေါင်းစဉ် - ဆရာတာရာမင်းဝေ၏ လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်နာမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment