ွှTranslated Prose
Monday, December 24, 2012
ပြဿနာပေါင်း သောင်းခြောက်ထောင်
ဘာတွေမှန်းမသိဘူး ငါ့မှာတစ်ခုပြီးတစ်ခု ရည်တွက်ကြည့်နေမိတာ
လူသေကောင်အလောင်းတွေလို ငါ့ကိုယ်ငါ ပြန်ရယ်ပြနေရတယ်
ကော်ဖီဖျော်ဖို့ကြိုးစားကြည့်တယ်။ ဒီဇွန်းတွေက ဘာကိစ္စအေးစက်နေရတာလဲ
အလင်းရောင်တိုင်းမှာ အနွေးဓါတ်တွေမရှိနိုင်ဘူး
* If the hero never come to you.. *
ငါထိုင်စောင့်ကြည့်ချင်သေးတယ် သီချင်းတွေ နားထောင်နေတဲ့မင်းကို
ဖုန်းနံပါတ်တွေအလိုလိုမေ့ထားလိုက်မိ ဘာမှန်းမသိတဲ့ ကိန်းဂဏန်းတွေစော့ကစားရင်း
ငွေကြေးတွေလည်း မရည်တွက်ကြည့်မိပြန်ဘူး
အိမ်မပြန်ချင်သေးတော့ ငါ့မှာဘယ်သွားရမှန်းတောင်မသိ သောင်ခြေမှာ မြောတဲ့ ဖိနပ်လို
မနက်ဖြန်ကို သတိမထားပဲ နေကြည့်ချင်တယ် ငါ့အိတ်ကပ်ပါးပါးလေးက ငါ့ကိုတောင်းပန် ရိုကျိုး နေရ
စိတ်ကိုအလိုမလိုက်မိတာတွေပဲ ကျင်းထည်းကျပ်ထည်းရောက်ကုန်တယ်
No Smoking , Don’t forget it !!! တဲ့ ငါ့တော့မေ့လိုက်ပြီ
မင်းကိုသတိတရဖြစ်မိတိုင်း ငါ့မှာ ဒေါသတွေပဲ အလိုလိုကြီးလာ
စိတ်အချဉ်ပေါက်နေတဲ့ အားတောင့်အားနာ တွေ မင်းမျက်နာပေါ်ခါးသက်သက်ကြီး
စကားလုံးတွေနောက်လိုက်ပြီး လူတွေကို ပြဿနာရှာကြည့်တယ်
ငါ့ကိုယ်ငါ မကျေနပ်တော့ဘူး တစ်လောကလုံးက စလို့.
စိတ်တိုလာတိုင်း မျဉ်းကြောင်းတွေ အကျယ်ကြီး စွဲချပစ်လိုက်
အလိုမကျမှုတွေ save လုပ်ထားရ ဖိုင်ဆိုဒ်တွေ မဆန့်တော့ဘူး
လေထုတွေ မရှိတော့တဲ့ အထိ ငါတို့ဝေးပစ်လိုက်ကြမယ်
ငါ့မှာ ခက်ခဲတဲ့ ပု စ္တာ တစ်ပုဒ် ခေါင်းကိုက်လို့ မင်းအတွက် ဖုန်းနံပါတစ်ခု အမှတ်တမဲ့ Delete လုပ်လိုက်သလို
လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ လူတစ်ယောက်မရှိတဲ့အခါ သိသာလွယ်လွန်းတယ်
မျက်နာပေါ် ပါဝါဖြူဖြူလေး ဘယ်တော့ ဖုံးအုပ်မိမလဲ အဲ့ဒီအရသာလေး ခံစားကြည့်ရအောင်
လူမှု့စည်းကမ်း အချိုးသိပ်မပြေတဲ့တန်ဖိုးထားမှုတွေကြား ငါ့တော့ သောက်ပြဿနာပဲ
လူ့ဘ၀ကြီးကလည်း မသန့်ရှင်းတော့ဘူး လက်ဖ၀ါးတွေ တစ်ချောင်းပြီးတစ်ချောင်း ပြောင်းလာတယ်။
မင်းစိတ်ကိုချောင်းချောင်းပြီးကြည့်နေရတာ ပြဿနာပဲ သက်ပြင်းတွေခိုးခိုးပြီးချမိ
စီးကရက်မီးတွေလည်း မသတ်မိပြန်ဘူး ကျေးဇူးပြုပြီး ဖုန်းတွေမပြောပါနဲ့လား
ငါ့ကိုယ်ငါ ပြန်ရှက်လွန်းတယ်။ဆက်သွယ်ရေးကလည်း သောက်ချိုးမပြေဘူး
လက်ပံတောင်း မီးတွေ ငါ့ကို လာလာဟပ် မျက်ရည်ယိုဗုံးက ဖေ့ဘုတ်ပေါ်မှာခွဲသွားတာ
သတင်းတစ်ပုဒ်က ၂၀၀၀ ကနေ ၃၀၀၀ ကြား စသည့်ဖြင့် ဒီထက်လည်းပိုချင်ပို
ငါအမြန်ရေးနေတယ် ဒီကြားထဲက သတိရစိတ်တွေ ဖေါက်ပြန်လာတယ်
ခဏခဏ ကြုံနေလည်း ကျင့်သားတွေကမနိုင်ပြန်ဘူး ဟိုလူတွေအပြုံးက ငါ့မျက်လုံးထဲ ပြူးပြဲ
ဒီကောင်ဟာ သောက်ရူးပဲ မင်းအဲ့လိုတွေးတွေးပြီး ဘယ်တော့မှမရယ်နဲ့
ချစ်ခြင်းမေတ္တာကို ရမ္မက်နဲ့ တိုင်းထွာကြည့်တတ်တဲ့ ပတ်ဝန်းကျင်ကနေ ငါလွတ်ထွက်နေတာမသိဘူးလား။
အနုပညာကို ခုတုန်းလုပ်ထားတဲ့ တစ်ဖို့တည်းအတ္တတွေက အများကြီး ငါ့ဘယ်လိုလုပ်နေပျော်တော့မှာလဲ
စကားပြောကြည့်သမျှ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အစော်ကားခံရမှုတွေပဲ မျက်နာခါးခါးကြီး ပြတ်ရှလာတယ်။
ဓါတ်ပုံရိုက်မကျွမ်းကျင်ဘူး၊ ကဗျာရေးမကျွမ်းကျင်ဘူး၊ စကားပြောမကျွမ်းကျင်ဘူး
ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ငါမှာ့ ဘာတွေကို တန်းဖိုးထားကြည့်ရမှန်းမသိတော့
မှူးသစ်
* cry on my shoulder သီချင်းစာသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment