ွှTranslated Prose
Monday, December 24, 2012
ပျော်ကျနေတဲ့ မပျော်ရွှင်မှုထဲ ပျော်ဝင်နေတဲ့ အရေးအသား
ရင်နဲ့ တူးနေတဲ့လမ်းက ဥယျာဉ်ပန်းမန် သစ်သီးဝလံ နဲ့ မဟုတ်ဘူး
မီးကျွမ်းနေတဲ့ ပေါင်မုန့် ခြောက်ကြီးနဲ့ မျက်နှာပေါက်ခပ်ဆင်ဆင်
ဘဝဟာဒီနေရာလေးမှာ ပေရပ်မနေချင်လို့ ဟိုနေရာလေး နည်းနည်းတိုးကြည့်တဲ့ သဘော
အလွတ်ရပြီးသား စားသားတွေကိုပဲ ဗားရှင်းပြောင်းဆိုရုံနဲ မလုံလောက်သေး
ကာယလေ့ကျင့်ခန်းလုပ်သလို တစ်မျိုးပြောင်း
မကျေနပ်သေးရင် နောက်တစ်မျိုး ထပ်ပြောင်း
ပင်မရေစီးကြောင်းကနေ ဖြာတွက်လတ္တံ့ ရှိသော မြစ်လက်တက်များ
ရုပ်ရှင်ထဲက ဒိုင်ယာလော့ဂ်တွေတောင် ဆော်တွေ စောက်တွေနဲ့ အလုံးအရင်း လွတ်/ရွေ့ လာ
အသံဗလံတွေကို သံတစ်ချောင်းလို မြုပ်ဝင်အောင် ရိုက်ထည့်ထားတဲ့ မြို့ကြီး
ကားတစ်စီးက ကားတစ်စီးကို လမ်းတောင်းတယ်
လူတစ်ယောက်က လူတစ်ယောက်ကို ထမင်းဖိုးတောင်းတယ်
ကောသလ အိပ်မက်တွေက ကောလာဟလမဟုတ်ဘူး
ခေတ်ကာလရဲ့ သားပျို သမီးပျိုလေးတွေက အထူးဝန်ဆောင်မှုပေးနေပါသည်
စပွန်ဆာကို စမူဆာလို အချည်ရည်နဲ့ တို့ စားနည်း မြိန်ရေယှက်ရေ
မြောင်းထဲက ခြင်တွေက တစ်ရပ်ကွက်လုံးကို ကုတ်သွေးစုပ် နေပါပြီ
လမင်းကြီးဟာ ဘဏ်ကဒ်ထဲမှာပဲ သာတတ်သလား
သာတူညီမျှဟာ တစ်ဖက်တည်းကိုပဲ စောင်းပြီးနင်းနေတယ် လီဗာပြင်းပြင်း
ပလက်ဖောင်းပေါ်မောင်းတက်လာတဲ့ကားကို အချိန်မီ ကန်ချပစ်လိုက်ချင်တဲ့စိတ်
ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့လူ တစ်ယောက်ပါ
မတရားမှုဟာ တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတယ်
ကယ်ဆယ်ရေးစခန်းတွေကို zoon ဆွဲကြည့်ရအောင်
အမေရိကန်နဲ့ တရုတ်စစ်တုရင်ကစားနေသည်
လိုအပ်ချက် အရ မလိုအပ်တာတွေ ထိုးကျွေးနေတဲ့ ဗျူဟာ
အခုတလော ရခိုင်မုန့် တီက လည်ပင်းတည့်တည့်မှာ နင်နေ
တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား တစ်ဂိုးစီ သရေကျသွားတာ အထူးပြုလုပ်ချက် တစ်ခုလား
ဦးနှောက်ကို သံချေးတက်စေသူဂုဏ်သရေရှိ ကယ်လ်ကူလိတ်တာကြီးငဲ့
ကမ္ဘာကြီးဟာ နည်းပညာရဲ့ လက်ဝါးကြီးအုပ်မှုကို ခေါင်းငုံ့ ခံနေရရှာပါတယ်
မင်္ဂလာလေဆိပ်ကြီးက ခေတ်သစ်ကျွန်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ပို့ ဆောင်ပေးနေပါသည်
ငွေရေ မင်းချုပ်ကိုင်ချယ်လှယ်လို့ ဝရင်လည်း လူ့ ယဉ်ကျေးမှု ကွန်ယက်ကြီးထဲကနေ
အပြီးအပိုင် ထွက်ခွာသွားပါတော့
လင်းလက်တာရာ
Faces Magazine, Feb 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment