ွှTranslated Prose
Monday, December 24, 2012
Hey Romanbot ! U R a Semi- Robot Man
ဟေးးးးး ရိုမန်းဘော့တ် !
ခင်ဗှားဟာ စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက်၊ ဆင်ခြင်ဥာဏ် ၈၅%၊ စိတ်ခံစားမှု ၁၅%
ဦးနှောက်ထဲ နာ့ဗ်ကြောတွေ စနစ်တကျ ရစ်ပတ်ထားတယ်၊ ၀င်္ကပါလို ရှုပ်ထွေး၊ တခြားလူတွေ
လိုက်မမီနိုင်တဲ့ ဒီဇိုင်းနဲ့၊ အကွက်အဆင်က အလန်းဇယား၊ IQ- xox , EQ- xox, SQ- xox
ကွန်ပျူတာ စမ်းသပ်စစ်ဆေးချက်အရ၊ ခင်ဗျားရဲ့ သံတမန်အပြုံးဟာ အရောင် တလက်လက်
အထူးသဖြင့် ဆန့်ကျင်ဘက်လိင်တွေကို ဆွဲဆောင်နိုင်၊ ခင်ဗျားလက်မှာ သေနတ်တစ်လက်ဟာ နှင်းဆီပန်း
နှင်းဆီပန်းတစ်ပွင့်ဟာ သေနတ်တစ်လက်၊ ပဉ္စလက်ဆန်တဲ့ မှော်နဲ့
ခင်ဗျားဟာ စက်ရုပ်လူသားတစ်ယောက်ပဲ ရိုမန်းဘော့တ်
အာရုံခံ သံမဏိ နန်းကြိုးမျှင်တွေ၊ အမှောင်ခေတ်ကို ထွင်းဖောက် မြင်နိုင်တဲ့ အနီအောက်ရောင်ခြည် မျက်လုံးတွေ
ပရိုဂရမ်အတိုင်း လူမှုဆက်ဆံရေးတွေ၊ခင်ဗျား ပါးစပ်ဖျားမှာ
ပန်းချီကားတွေ အရောင် ပိုတောက်ပ၊ ခင်ဗျား အဓိပ္ပာယ် ဖွင့်ဆိုမှုမှာ သရုပ်မှန်လွန် ကဗျာတစ်ပုဒ်
အသက်ဝင်၊ အားးးးး ခင်ဗျားဟာ လူမှုရသဗေဒရဲ့ ဘုရားသခင်ပဲ ရိုမန်းဘော့တ်
ကျွန်တော့် ပြခန်းထဲ ခင်ဗျား ၀င်လာတော့၊ အန္တရာယ် အနံ့ခံ ပန်းတစ်ပွင့် အလိုလို နွမ်းဖျော့
မသိစိတ်ထဲက အချက်ပေး ဘဲလ်သံ၊ ကျွန်တော်က အာရုံခံစားမှု ကြွပ်ဆတ်တဲ့ ခေတ်သစ်အနုပညာရှင်
ဟေးးးးးး ကျွန်တော့် ဂစ်တာကို ခင်ဗျားလက်နဲ့ မထိနဲ့ ရိုမန်းဘော့တ်၊ ခင်ဗျား အရေပြားမှာ
ကူးစက်ရောဂါ ပိုးတွေနဲ့၊ ခင်ဗျား ဖွင့်ဖတ်လိုက်ရင် ကျွန်တော့် စာအုပ်တွေ ပြာကျသွားလိမ့်မယ်
ကျေးဇူးပြုပြီး ခင်ဗျား စကားလုံးတွေကို သိမ်းထားပါ၊ သူစိမ်း၊ အ၀ါရောင် လွန်နေတဲ့ ရှုမျှော်ခင်း
မသောကြာသို့ ကလေးတစ်ယောက်လို မျက်လုံးများ ရှိသူရဲ့ မသိနားမလည်ခြင်းများ
ကျွန်တော့် စာသားတွေက ဗိုင်းရပ်စ်ပိုးမွှား ကာကွယ်ဆေး မဖြန်းရသေး
သတင်းစာ ဖတ်ပါ၊ ကော်ဖီသောက်ပါ၊ ဆိုဖာပေါ် ငြိမ်ငြိမ်လေး ထိုင်နေပါ
ခင်ဗျားကိုယ်နံ့ကို ကျွန်တော့် လိပ်ပြာလေးတွေ လန့်နေကြပြီ၊ ခင်ဗျားဟာ
စက်ရုပ်တစ်ပိုင်း လူသားပဲ ရိုမန်းဘော့တ်၊ ကျွန်တော့် အနုပညာဟာ ခင်ဗျားနဲ့ ဘာမှ မဆိုင်
ပြခန်းထဲ အထူးဧည့်သည်တော် အဖြစ် သတ်မှတ်ခွင့်ပြုချိန် မိနစ် ၃၀
ကျွန်တော်က အချိန် လေးစားလိုက်နာတယ်၊ ပြခန်းမှ ထွက်ခွာရန်၊ ၁၀ စက္ကန့် အလိုမှာ နံရံပေါ်က မှန်ကို ကြည့်ပါ
ဆင်ခြင်ဥာဏ် ၈၅%၊ စိတ်ခံစားမှု ၁၅% ၊ ဦးနှောက်ထဲ အာရုံ နာ့ဗ်ကြောတွေ ၀င်္ကပါလို ရှုပ်ထွေး
၊ IQ- xox , EQ- xox, SQ- xox ၊ အာရုံခံ သံမဏိ နန်းကြိုးမျှင်များ၊ အမှောင်ခေတ်ကို ထွင်းဖောက် မြင်နိုင်တဲ့
အနီအောက်ရောင်ခြည် မျက်လုံးများ ပရိုဂရမ်အတိုင်း လူမှုဆက်ဆံရေးများ
မသိစိတ်ထဲက အချက်ပေး ဘဲလ်သံ၊ သွေးသားထဲက ဗိုင်းရပ်စ်ပိုးမွှားတွေ ရုန်းကြွလာလို့
အားးးးးးးးး ကျွန်တော်တော့ လစ်ပြီ ရိုမန်းဘော့တ်။
Romanbot *
စက်ရုပ်လူသား ( Robot နှင့် Man စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားသော ကိုယ်ပိုင် ဝေါဟာရ )
အောင်ရင်ငြိမ်း
၂၁ ဧပြီ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment