ရေတွေကြီးတယ်လို့ လန့်နိုးလာတာပါ
အရုပ်နဲ့အသံတွေ ကပ်ပါလာ တစ်ညလုံး ခွါယူနေမိတယ်
ဘယ်လိုချရေးနေတာလဲ၊ အမှောင်ချည်းပဲ ဟွန်းတီးသွားတယ်
Virus တွေ Folder ယောင်ဆောင် ကိုယ်ဖျောက်၊ စိတ္တဇလွှင့်ထုတ်နေတယ်
အရှုပ်ပဲ။ အဝေးပြေး အဝေးဟာ အဝေးကို ပြေးတော့မှာလား အဝေးပြေး
ကျောက်ပေါက်မာ သဲ့သဲ့ စွန့်အနားမကြား သတင်း ပုဝင်
ငုတ်တုပ်ကြီး။ . . . .ဆေးမိထားသလို ၀ါထိန်နေတယ်
ခြေချ လို့မရအောင် အခန်းထဲ အခန်းတွေ အကန့်တွေ
ပုံတူမျိုးပွါးတွေ၊ ထူထပ်ပေါက်ရောက်နေပုံတွေ
မညှပ်ရသေးတဲ့လက်သည်းတွေ၊ အန္တရာယ်လို့ အမည်ပေးမထား
တငွေ့ငွေ့ ကိုယ်ဖော့ဝင် ဖူးလွယ် ပွင့်လွယ် စောင့်ကြည့်ခံရတယ်
ချောင်းကြည့်ပေါက်တွေနဲ့ အသက်ရှူလို့ အားမရတာ မဟာ
နံရံဆီမာန်ဖီ ထိုးထိုးဟောင်နေရတယ်
ဂရုတစိုက် ညင်ညင်သာသာ လက်ကိုင်ဘုကိုလှည့်ဝင်ခဲ့ပါ
လူကြီးမင်းအကြောသေ ကြောင်တောင်ကန်း ခင်ဗျာ
ခွင့်လွှတ်ပါ။ ဒါ မယဉ်ကျေးရနယ်မြေ၊ ငယ်ဘ၀ရဲ့အရှိုးရာ တွေထစ်နေလို့ပါ
မီးတောင်ဟာ ငယ်ထိပ်ပွင့်ထွက် ငယ်သံပါအောင်အော်နေလို့ပါ
မစိုက်ပဲ စွန်းကွက်နေတယ် ဘာလဲ. . . . . အရုံဟာ အမျှင်တန်းလန်း
လွတ်နေတဲ့ ထောင့်စားပွဲမှာ လွတ်ထွက်နေတဲ့အရိပ်ဟာ တန်းလန်း
သွေးခဲသွားတယ်။ အဲဒါတွေ မပါတော့ဘူးးးး အဖြောင့်တိုင်းလမ်းမ၊
ချစ်ခြင်းတရားကဗျာ၊သုံးမြှောင့်တံဆိပ် သိမ်ငယ်စိတ် လေးဘက်လေးတန် လောင်မီးကျနေပါတယ်
နားလည်ပေးပါ။ ပြတ်ရှဒဏ်ရာ အချို့၊ကွယ်လွန်ခြင်းခဲကောက်ကြောင်းနဲ့
အဝေးမြို့ကရောက်လာတဲ့ အသည်းနှလုံးပုံ ပို့စကတ်လေးပါ
သူ့ ကိုယ်နေခါးကျလေးကို ချွတ်ယူမသွားပါနဲ့
သူ့ကိုယ်သင်းနံ့လေးကို ရမ္မက်နဲ့ မနမ်းရှိုက်လိုက်ပါနဲ့၊ ဒီမှာ . . ဟေ့! . . ဒီမှာ . .
နားထဲ ရေတွေဝင်နေလို့၊နားတွေအူနေလို့ အော်နေတာတွေ
သူ့အတွက်ဆိုတာ အသေအချာ
လေညင်းပေးပါ၊ တရားဓမ္မ စံပယ်ပန်းလေးပေးပါ
အသက်ပေါင်မုန့်တစ်လုံးနဲ့၊ ကျေးလက်သီးချင်းလေးတစ်ပုဒ်ပေးပါ
အမှောင်ဆီ ၀တ်ပြုဆုတောင်း။ မြင်နေရတယ်
တစ်ဝက်တပျက်ထိုးထွက်၊ အခြားတစ်ဖက်မှာ မလတ်ဆတ်တော့ဘူးဆိုတာတွေ
အမှန်တွေ မှန်ကွဲထဲ စူးဝင်နေပါတယ်
ကမ္ဘာဟာ အလာ့ဂျစ်ထ ထူအမ်းနေပါတယ်
သတိ! မကိုင်ရ သီးခြားပျစ်ခဲနေတဲ့ မျက်လုံးတွေကို စာနာပေးပါ
တစ်နာရီမိုင်(၁၀၀၀)နှုန်း တဟူးဟူးလောင်နေပါတယ်
အစိုးမရတဲ့ စိတ်နဲ့ တဒိတ်ဒိတ် ……..။
သက်ငြိမ်သစ်
(၁၈ သြဂုတ် ၂၀၁၁)

No comments:
Post a Comment