ကျောက်ကပ်တစ်ခြမ်းနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အနာဂတ်ဝှက်ဖဲတစ်ချပ် (၀r ) BULIMIA ဆာလောင်ရောဂါ
by Khine Pyae Sone on Thursday, June 2, 2011 at 10:33am ·
မျှော်လင့်မီးပွားတွေ တောက်လောင်လို့ အကြွင်းအကျန် ရယ်မောခြင်းတွေက ရုန်းထလာခဲ့ပြီ
ခင်ဗျားနဲ့ ခင်ဗျားစိတ်ကို ခွဲခွဲခြားခြားကွဲပြားစွာမြင်လိုက်ရတယ်ကမ္ဘာ့ရဲ့ အခြားဒေသများမှာလို ပုံမှန်ရှင်သန်လာနိုင်ပါ့မလား ဆိုက်ဘေးရီးယားရယ်
တတ်လည်းတတ်နိုင်တာပဲဆိုတာ အဖွင့်အပိတ်ဆိုတဲ့  SHUTTER
အတွေးတွေ အဆွေး BLACK HOLE ထဲ တဝေါဝေါစီးဆင်းလျက် ရောထွေးသွားတဲ့ 
အဓိပ္ပါယ်ကို ငြင်းဆန် ခေါင်းမာ
ကျောက်တုံးပေါ်ကအလင်း လော့ခ်ရဲ့ TABULA RASA ဆိုတဲ့ သဘော
အရောက်လှမ်းတဲ့ စိတ်ခြေလှမ်းတွေက ခပ်စိတ်စိတ် ထပ်ကျော့မိလည်း
မေ့မေ့လျော့လျော့ programming process သော့မရှိတဲ့ စိတ္တဇဆိုက်ကလုန်း
တစ်ခါတစ်လေ ချိုတဲ့ဘလက်ကော်ဖီခါးခါးတစ်ခွက် ပိတ်ထားတဲ့တံခါးတွေပွင့်လာပါ့မလားကွယ်
သိမှုကိုသိတာနဲ့  အမှန်တရားက ခရီးဦးကြိုဆိုသူပေါ့
ဆွဲလိုက်တဲ့ မျဉ်းတစ်ကြောင်းဟာ point of consciouness ခရီးသွားမှတ်တမ်းတစ်ခု
ကန်ထဲက ငါးကလေးတစ်ကောင်ရဲ့  စကြဝဠာ imagination ရေမှော်ပဉ္စလက်ပန်းပွင့်
အရှိန်သေနေတဲ့  အလင်းရောင် ဖျော့ဖျော့ တွေအကြား အပျင်းပြေ လေဒီဂဲလ်လေးရဲ့ sweet 0r sexy
မေးခွန်းတချို့  ပြန်လည်ဖြေကြားခြင်းရပ်ဝန်း ပျက်ဆီးတာမှာ ကမ္ဘာကြီး
စိတ်ဓာတ် လူပြောသူပြောများနေတဲ့  အတုအပချစ်ခြင်းမေတ္တာ
ပူစီလေးငါးကြော်ကိုမုန်းနေတဲ့ စိတ်အခြေအနေ အားလုံးကိုရိပ်မိနေတဲ့ လူ
အူတူတူပါပဲ
အမျိုးသမီးကြီးငယ်မရွေး သုံးစွဲနိုင်
အမျိုးသားကြီးငယ်မရွေး သုံးစွဲနိုင် လာတဲ့ 
ဖောင်းပွတန်ဖိုးလျော့ရဲမှုများ negative 0r positive space များ
စကြဝဠာထဲက လာတယ်ဆိုပြီး စကြဝဠာထဲကိုပဲပြန်သွားချင်နေတဲ့ ကိုကိုတစ်ယောက်
စိတ်ထဲကအတေးအမှတ်တွေအားလုံးက cancer 0r deleteမင်းသိဖို့ အသေအချာကောင်းတယ် ကိုယ်တစ်ယောက်တည်း နှုတ်ခမ်းသားထက်က
ဆဲလ်အသေကြမ်းတွေကို ကိုက်ထုတ်ပစ်ခဲ့ တဲ့ ကိစ္စ ဘာဆိုဘာမှမဟုတ်
ဂဲသြမေထရီ အလိုအရ ဒြပ်မဲ့ စိတ်ကူးသက်သက်များ
ဒေးကတ်ကတော့ I THINK , THEREFORE I EXIST ဆိုပဲ ကိုယ့်လူတို့ ခေါင်းညိမ့် 0r ခေါင်းခါ
သြော်....0R ဒီလိုနဲ့ ပဲ လျှော်ပစ်လိုက်တော့လေ
နေအေဒီ
No comments:
Post a Comment