ခေတ်က တော်ကီနဲ့ချုပ်လို့ရတော့တာမဟုတ်ဘူးရှင့် နဖူးပေါ်လက်တင်လိုက်ပါဦး
ရှင့်နည်းတွေသိပ်ရိုးတယ်မထင်ဘူးလား ရှင့်ကျောထောက်နောက်ခံ
လက်ညှိုးနဲ့လက်မအ၀ိုင်း ဘယ်လောက်ရှိသလဲ ပြုံးပြမနေနဲ့ များလေကောင်းလေ
ရှင့်တစ်ယောက်တည်းနဲ့တော့ တင်းတိမ်မနေပါဘူး အရသာဆိုတာစုံမှ
တို့ပြောပြောနေတာ ချစ်ခြင်းမေတ္တာ ဈေးကောင်းပေးဝယ်ရင် ရောင်းဖို့အသင့်ဖြစ်နေမယ် ကိုယ်ကျင့်တရား သိက္ခာ…
ကိုယ့် Wall ပေါ်က တို့ Status Update ဓာတ်ပုံလေးကြည့်လိုက်ပါဦး Sexy ဖြစ်ရဲ့မဟုတ်လား
အ၀တ်အစားမပါဘဲ ဒီအတိုင်းဆိုရင် ရွံစရာကြီးဖြစ်နေမှာပေါ့ရှင်ရယ်
ကျွန်မက ဗိုက်ချပ်ဘောင်းဘီဝတ်ထားရလို့ပါ အပုန်းတွေကပေါင်းလို့ကောင်းတယ် ရှင်တို့ယောက်ျားတွေလို အတင်းမပြောဘူး
ဒီမှာ Feminism အကြောင်း ခင်ဗျား သေချာဖတ်ကြည့်လိုက်ပါဦး
ဂျူးစာအုပ်တွေလောက်ဖတ်ပြီး တက်မလာနဲ့ တောက်ထုတ်ချလိုက်မယ်
မသိရင်မှတ်ထား ကျွန်တော့်နာမည် ဆစ်ဂမန်ဖရွိုက် ခင်ဗျားကြိုက်ချင်ကြိုက်/မကြိုက်ချင်လည်းကြိုက်
ခင်ဗျားစိတ်အနက်ရှိုင်းဆုံးထိ ကျွန်တော်ကြိုက်တာလုပ်လို့ရတယ် နားမထောင်ချင်တော့ဘူး
အငြင်းအခုံသိပ်မလုပ်နဲ့ အခြေအနေကြည့်ပြီးစကားပြော တို့လာတာပျော်ဖို့ရွှင်ဖို့
Sexy ကျတာလည်းကောင်းပါတယ် ဘောင်းဘီတိုတိုပေါင်သားဖွေးဖွေး ဘယ်လောက်မိုက်လဲ
Conservative အတွေးအခေါ်တွေခေါက်ထားလိုက် ခေတ်ကိုက နိုင်ငံတကာနဲ့ရင်ပေါင်တန်းနေတာ
လူဆိုတာ ကျား/မ မရွေးဘူး တန်းတူအခွင့်အရေး Article 30 မဖတ်ဖူးဘူးလား
ဘက်လိုက်မှုကင်းစမ်းပါ လူငယ်ရဲ့အဓိပ္ပာယ်က Brave & Wild အမြင်ကျယ်ကျယ်ထားဖို့
Cut…ဒီမှာရှင့်အကြောင်းနည်းနည်းပြောပြ ဟင့်အင်း ကျွန်မမေးတာပဲဖြေ အပိတ်မေးခွန်း
ဘီယာသောက်နေကျမဟုတ်ဘူးဆို…ချထားလိုက်စမ်းပါ ရှင်ကလည်းဆို သိပ်စကားများတာပဲ
ကောင်မလေးတစ်ယောက်အသည်းကွဲနေတဲ့အကြောင်းသီချင်းကိုကျွန်မကြိုက်တယ် ဖွင့်ပေး
အမေသီချင်းတစ်ပုဒ်ဆိုမယ် ဖြူဖြူကျော်သိန်းကို ကျွန်မကခရေဇီအဖြစ်ဆုံး
ကျွန်မ Juice တစ်ခုခုသောက်မှဖြစ်မှာ အစ်ကို သီချင်းရပ်လိုက်ပါဦး ဖုန်းလာနေလို့
အဲ…ဂွမ်းတော့မလို့ မကိုင်လိုက်ရင်ပြဿနာကအကြီးကြီး ငါ အိမ်ပြန်ရောက်နေတယ်လို့ပြောလိုက်တယ်
ခင်ဗျား Secondhand Serenade ရဲ့သီချင်းလေးတွေနားထောင်ပါလား ကျွန်တော်သိပ်ကြိုက်တယ်ဗျ
ရှင့်ကို ကျွန်မ ချစ်တော့ချစ်ချင်ပါတယ် စကားများတာ/ဘ၀င်မြင့်တာက သိပ်ဆိုးတာပဲ
တော်ပြီ…တော်ပြီ ပျော်စရာကောင်းတဲ့ညပါ ညဥ့်နက်သွားလိမ့်မယ် နောက်မှတွေ့ကြစို့
အိုခေ…ခင်ဗျားအားတဲ့နေ့ဖုန်းဆက်လိုက် ကျွန်တော်လာခဲ့မယ်။
အောင်သက်နှင်း
9-3-13---11-3-13(4း05PM)

No comments:
Post a Comment