Monday, March 18, 2013

Google မှာ 2013 ဟာ နာကျင်မှု အမှတ်အသား


မအိပ်ခဲ့သော ညပေါင်းများစွာဖြင့် ရောက်ရှိနေသော မနက်ခင်းပေါင်းများစွာကိုဆိုလိုဟန်ရှိတယ် ။
စိတ်တွေ Reset ချလိုက်ပြီ ။ နောက်ဆုံးအကြွင်းအကျန်ဟာ လိပ်ပြာလေးတွေ ပျံသန်းသွားခြင်းပဲ … ။
လူတွေဟာ အရှက် နဲ့  အကြောက်ကို အကြောင်းပြုပြီး Social – Communication ကြီးကို တည်ဆောက်ကြတယ် …
ပိုက်ဆံအိတ်ထဲက ပိုက်ဆံလက်ကျန်ဟာ ကိုယ့်ကို ခဏခဏ ဖွင့်ကြည့်တယ် ။ ဇစ်ဟာ ခဏခဏ ဆွဲဖြုတ်ခံခဲ့ရ..။
စစ် နဲ့  ငြိမ်းချမ်းရေးဟာ တစ်ယောက်ကို တစ်ယောက်ချစ်သမျှ တစ်ယောက်ကို တစ်ယောက် မုန်းနေကြ.. ။
My generation is zero… အဲဒီစာသားလေး ။
ကိုယ်နေတဲ့ ကမ္ဘာဟာ ဟန်ဆောင်နေခြင်းပဲ ။ ကိုယ်ဟာ ဟန်ဆောင်မှုကိုကြောက်ရွံ့ ရ ။ ကိုယ်ဟာ ဟန်ဆောင်ရ ။
ကလေးတွေလို နေ့ နဲ့ ည မှားအိပ် ၊ ထ ပြုလုပ်တယ် ။ အာရုံနိုးထလာတဲ့အချိန်မှာ စိတ်ပူတယ် ။
ဟုတ်တယ် စိတ်ပူတယ် ။ နေရာတိုင်းမှာ rape လုပ်ခံရတဲ့သတင်းတွေကြားရတယ် ။
သေသလိုလိုရှင်သလိုလို မသိစိတ်ဟာ တစ်ခါတစ်ရံ လက်တွေ့ ဘ၀ထဲဝင်ရောက်ပြီး သူနဲ့ သိတဲ့ လူ ၊ အရာဝတ္ထုအားလုံးကို ရယ်ပြပြုံးပြနှုတ်ဆက် ။ ဘုရားသခင်ရဲ့ အမှုတော်ကို ကိုယ်မထမ်းရွက်ခဲ့ဘူး ။ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးမှာ ကျွန်စနစ်ဆိုတာ အတိအကျရှိသေးတယ် မကြာခဏဖျားတတ်တဲ့ ကိုယ်ခန္ဓာလေးတစ်ခုမှာ ဘယ်ရောဂါပိုးတွေ ပျော်နေပါသလဲ .. ။
ကိုယ့်ရဲ့ နာကျင်မှုကို ကိုယ်မေ့ပစ်မယ် ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ကိုယ်မေ့ပစ်မယ် ။
ကိုယ်ဟာ ပျောက်ဆုံးသွားနိုင်တယ် ။
ကိုယ့်မှာ အနုပညာမရှိတော့ ... ။
ကိုယ့်မှာ ကိုယ်ပိုင်ခံစားချက်နုနုလေးတွေ မရှိတော့... ။
ကိုယ့်မှာ ... ။
Promotion လုပ်တဲ့ အနေနဲ့  လူတချို့ ကို ဒီကမ္ဘာထဲစေလွတ်ခဲ့တယ် ။ အဲဒီလို လူတွေကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်များရှိနေကြမလဲ ၊၊
နောက်ဆုံးမှာ ပျောက်ကွယ်သွားမယ့် လူသားဆန်ခြင်း ကို ဘာဖြစ်လို့ ဖတ်တွယ်ထားခဲ့မိလဲ ။
အရောင်တွေကြားထဲမှာ ကိုယ်ပိုင်အရောင်လေးတောင် မဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းပါ … ။
ပျော်ဖို့ ကောင်းတယ် မဟုတ်လား ။ မြန်မာ Mtv တွေထဲကလို လျှောက်ပြေး …။
သိပ်နေပျော်ဖို့ ကောင်းတဲ့အချိန်တွေမဟုတ်လား ။
နာကျင်မှု ၊ စိတ်ခံစားမှု အဲဒါတွေ ပါနေရင် ကဗျာမဟုတ်တော့ဘူးလား ။ အဲဒါတွေပါနေတာနဲ့ စောက်ပေါစာရွတ်တစ်ရွက်ဖြစ်သွားမှာလား ။ ကိုယ့်ကိုယ်ခန္ဓာပေါ်မှာ ရှိမယ့် နောက်ထပ်ရှိလာဦးမယ့် တက်တူးတိုင်းဟာ
ကိုယ့်ချစ်သူမိန်းမသားနဲ့ ပတ်သက်မှု ရှိမယ် ။ အဲလိုပြောလိုက်ရင် အေးချမ်းဟာ Idealism ဖြစ်သွားမှာလား ။
ခင်ဗျားတို့ သိတာ ဘောင်သွင်းမယ့်အယူအဆနဲ့ ပတ်သက်ခြင်း ၊ လူတစ်ယောက်ဟာ လူသားဆန်ခြင်းကိစ္စဟာ အစွမ်းကုန်ပဲ လား ။ အဲဒီထက် ပိုမလိုအပ်တော့ဘူးလား ။ ကိုယ့်မှာ မေးခွန်းတွေ အများကြီးရှိတယ် ။ အဖြေတွေ အများကြီးရှိတယ် ။
Google ဆိုတာ မရှိခဲ့ရင် အနုပညာမလုပ်နိုင်မယ့်  မဖြစ်နိုင်တော့မယ့် အနုပညာသမားတွေ ပိုများလာတယ် ။
Google ဟာ ၂၀၁၂ မှာ မိန်းမတစ်ယောက်ကို မေ့ပစ်လိုက်တယ် ။
ဘာမှမဆိုင်တဲ့ဆက်နွယ်မှုတွေကို အရေးကြီးသလိုလုပ်နေတဲ့ လူငယ်တွေကို မြင်ရင်းကြည့်ရင်း ခင်ဗျား စိတ်ညစ်နေရမယ်။
ဒါဟာ Social က ပေးတဲ့ အညစ်အကြေးတွေ ။ ကိုယ်ဟာ စိတ်ဓာတ်ရေးရာကျဆင်းနေတဲ့ လူငယ် ။
ကိုယ့်မှာ တရားဓမ္မမရှိဘူး ။ ကိုယ့်မှာ ဆုပ်ကိုင်ထားတဲ့အယူအဆမရှိဘူး ။ ကိုယ့်မှာ အနုပညာတစ်ခုအပေါ်စိမ့်ဝင်နေခြင်းမရှိဘူး ။
ကိုယ့်ရဲ့  အထင်ရှားဆုံး နာကျင်မှုစာသားဟာ ကိုယ့်ရဲ့  ပျော်ရွှင်တဲ့အချိန်တွေကနေ လာခဲ့တာပဲ ။
လူတွေဟာ တစ်ခုခုကို စောင့်နေရတာပဲ ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုပေါ့ ။
အဲဒီလိုစောင့်နေခြင်းကပဲ လူ့ သက်တမ်းကုန်ဆုံးဖို့ ဖြစ်လာခဲ့တယ် ....  ။

အေးချမ်း

No comments:

Post a Comment