Sunday, April 7, 2013

ဆင်ဆာတော့ ဆင်ဆာပေါ့ ဒါပေမဲ့ ကျွတ်ကျဲတယ် ဆင်ဆာ

နိုင်ငံခြားဘာသာစကားလေး နည်းနည်းရောပြီး ကျွန်တော့်ကို  သမအောင်မွှေ ကျိုသောက်ပါ။
ဒါမှ အသက်ရှူနည်းနည်းချောင်မှာမို့ပါ။ လူဖြစ်လာသမျှ ကော်ဖီမစ်တစ်ထုပ်စာလောက်ပဲ ခါးခဲ့တဲ့ကောင်ပါ။
မေမေရေ သားကို လွန်ခဲ့တဲ့ ၂၂နှစ်ကလို ချော့သိပ်ပါ။ ရွှေတိဂုံဘုရားပေါ်တောင် လဒတွေနားခဲ့ပြီပဲ။ ဘာတွေကို ခင်တွယ်နေဦးမှာလဲ။ ဗိုလ်ချုပ်လည်း သေပြီ။ ဗိုလ်ချုပ်မှူးကြီးတော့ သေသလားရှင်သလား။ ဘ၀သံသရာ...စိန်ကုလား နံပြားးးးး။ မိုက်ကယ်ဂျက်ဆင်လည်း သေပြီ။ လမ်းထိပ်က ဆိုက်ကားဆရာလည်း သေပြီ။        
သူတောင်းစားတွေတော့ ဆက်လက်ရှင်သန်နေပါကြောင်း။ ဖြူဖြူ ပြာပြာ နီနီ ၀ါဝါ။
ဟူးဟူး ဟဲဟဲ  လေတွေတိုက်လာတယ် လေတွေတိုက်လာတယ် ဘယ်နတ်ဘုရားကို ကိုးကွယ်ရမှာလဲ။   
မျက်မှန်မပါဘဲ ကြည့်တော့လည်း ဒီမိုကရေစီက ၀ါးးးးးးးးးးတယ်။
ခေါင်းပေါင်းတွေနဲ့ သိပ်အိုက်နေမှာပဲ (တိုင်းရင်းသားတွေပြောပါတယ်) သ နား စ ရာ။
ယပ် ခတ် ယပ် ခတ် ယပ် ခတ်။ အဆင်းမှာ ဘီးတပ်ထားတော့ မြန်မြန်သေတာပေါ့။ ပြည်သူတွေဘက်က ကိုကျော်သူရှိနေတယ်။
အိုဗာဂါးဏန်း စတိုင်လ်။ ကျွန်မမှာချစ်သူရှိတယ် မိုဃ်းဇက်သော်)))))))))))))))
ရှင်ဖုန်းမချမချင်း ကျွန်မက ကိုင်နေရမှာလား (ဖုန်းကိုပြောပါတယ်)။ အ ကု သို လ်။ ငရဲတစ်ပိဿာပျော့ပျော့။
ရှင် တစ်ယောက်ယောက်တင်ပြီး မောင်းပြေးတော့လေ။ ဒီဘက်ကို ယောင်လို့တောင် ကွေ့ဝင်မလာနဲ့။ အဖမ်းအဆီးရှိတယ်။ ပြည်သူလူထုရဲ့ ထမင်းလုံးတွေနဲ့ဖော်စပ် ဒီကျည်ဆန်တွေကို ထုတ်ခဲ့တာ။ ဒီလေယာဉ်တွေဟာ ဒို့အစ်ကို ဒို့ဘိုးဘွားတွေရဲ့ နံရိုးတွေကိုချိုးပြီး တောင်ပံလုပ်ခဲ့တာ။ ထိပ်ပုတ်ခေါင်းပုတ် ပြန်ချစ်ကြရင် ဘယ်လောက်ကောင်းမလဲ။
ခက်ချေပြီ ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။ သံခင်းတမံခင်း။
မြတ် စွာ ဘု ရားးးးးးးးးးး ! ရှင်နဲ့ကျွန်မ တွီသလား တွမ်သလား....ထွီးးးးနောက်ဆယ်ဘ၀အတွက်ပါ
တံတွေးနဲ့  ထွေး ထုတ် လိုက်တယ်။ နူရာဝဲစွဲ။ ပြည်တွင်းစစ်။ အနုပညာမှာ ဘုရားမပွင့်သေး။ တကယ်လုပ်ခဲ့သူတွေတော့ မျက်ရည်ကျမိပါတယ်။ အတုအယောင်တွေရေ ဒီကဗျာလည်း ထောင်ထဲမှာရေးခဲ့တာ (ခြင်ထောင်ထဲမှာပြောပါတယ်)
ကျောက်စာကို ခဲဖျက်နဲ့ဖျက်၍မရ။  ခါးပိုက်နှိုက်။ ကံ့ကော်အရိုးပြာ။ အဓိပတိလမ်းက ခြေရာများ။  မသိန်းရှင်ဆီပို့ပေးပါ။ နွေတစ်ည။ တစ်ရံရောအခါဆီက။ ခွေးလောက်မှ မဟောင်တတ်တဲ့ ကဗျာဆရာတစ်ယောက်အကြောင်း။ Living Together။ အင်းယားကန်ဘောင်မြက်ခင်းက နှုတ်ခမ်းချင်း စစ်ဖြစ်နေတဲ့ စုံတွဲ။ ဗိုလ်အောင်ဒင် ရယ်သံလေးကိုပဲ ဖုန်းရိန်းတုန်း ထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်တွေ မွှန်နေတဲ့ ကဗျာထဲမှာ ငါ့လက်မောင်းသွေးဘယ်လောက်???? သူများမျက်ချေးတွေဘယ်လောက်???? မှန်ရာကို သစ္စာဆိုပါမည်။ ရင်ဖုံးနဲ့လိုက်တာ ဒီဂျော်တကီး ဒီဘဲကြီးတော့ မဖြစ်နိုင်ဘူး။ မေမေပဲဖြစ်မယ်။ ဘွားဘွားပဲ ဖြစ်မယ်။
ဦးနှောက်အခင်းပေါ်က စပါးခင်းပြောင်တလင်း ခါနေပြီ ဖြစ်ပါ၍ ပုဆိုးနဲ့တိုက်ပုံ တကယ်မ၀တ်ရင် အဖေအမေက မကြိုက်တော့ ကန်တော့ဆွမ်းကွယ် (စတူရီယို ခေတ်ဦး မဂျွိုက်(စ်)(ခ) နွဲ့ယဉ်ဝင်းသီချင်း) ချောင်းဆိုးတယ်... ဖွင့် လွန်း တာ ပဲ။ လက်ဖက်ရည်နဲ့ ဆေးလိပ်တော့လာမချဘူး။ စားပွဲထိုးလေးကလည်း အူလိုက်တာ စာမတတ်ဘူးလား။ ဘယ်မှာနေတာလဲ။
နည်းနည်း ။ မဆိုစလောက်။ ပြက်သိကာ။ မုန်းလာတာ သေချာ။

မိုဃ်းဇက်သော်
၉.၂.၂၀၁၃

No comments:

Post a Comment