Monday, April 29, 2013

ရောက်တတ်ရာရာ လတ်တလော ရှုမျှော်ခင်းများအကြောင်း [ Re-NEW ]


မျက်စိရှေ့မှောက် မော်နီတာ စခရင်မ်ထက် ပမာဏ 7 MB ရှိ ဖိုင်တစ်ခု Attach တွဲသွားတဲ့အကြောင်း
ရုံးအောက်ထပ် 38 လမ်းဝန်းကျင် ယာဉ်များစွာ အသံမျိုးစုံကြားနေရတဲ့အကြောင်း
သက်ရှိများစွာ အဆက်မပြတ် ဥဒဟို မောင်းနှင်လှုပ်ရှားနေတဲ့အကြောင်း
လူငယ်ကြိုက်မော်တော်ဆိုင်ကယ်တစ်စီးအသံ အပေါ်ထပ်လေးလွှာအထိ ဗြီးခနဲ ပျံ့လွှင့်လာတဲ့အကြောင်း
တစ်လက်စတည်း ၊ တစ်ချိန်တည်း ၊ ထို့နောက် အချိန်ကိုက်လို့ဆိုပါ
ပြောသူမရှိ ဖွင့်ထား ဂျီတော့ခ်အကောင့်မှ လူတစ်ယောက်(သို့) သက်ရှိတစ်ကောင်
တစ်စုံတစ်ခု အမှန်တစ်ကယ် တစ်စုံတစ်ခု လှမ်းပြောလိုက်တဲ့အကြောင်း
ဘယ်လိုလဲ လို့မေးလိုက်၊ အခြေနေ လို့ အချိန်မဆိုင်း၊ ခပ်မြန်မြန် စကားသုံးနှုန်းပုံခပ်ပြတ်ပြတ်
ဒရောသောပါးစတိုင်လ်သူငယ်ချင်းတစ်ဦး အွန်လိုင်းတွင် အတန်ကြာပျောက်ရှနေကြောင်း
အော်ရောင်းလက်ပွေ့သမားထံမှ ၊ လမ်းဘေးတန်းချိတ် အရောင်းဆိုင်တစ်ခုအတွင်းမှ
ဟိုဟိုဒီဒီရှိုးရင်း တစ်စောင်လေးရာ ဟင့်အင်းဗျ မဟုတ်ဘူး တစ်စောင်ငါးရာ
ဘာဖြစ်ဖြစ် ၀ယ်ဖတ်ရန်မလို ခရီးသွားဟန်လွှဲ ဖတ်ရှုနိုင် HOT သတင်းတစ်ပုဒ်အကြောင်း
ဟိုဟာ ၊ ဒီဟာ ၊ ဘာညာဆိုဒ်တစ်ခုပိုင်ရှင် နာမည်အလန်းဖလန်းကိုကိုတစ်ယောက်
အဆိုတော်မင်းသမီးလေးတစ်ဦး ၀င်ရောက်ကပြ လိင်အသားပေး အခန်းဆက်ဇာတ်လမ်းတိုများ
အင်တာနက်ယဉ်ကျေးမှုအသုံးချ အားပါးတရ ကွန့်မန့်များစွာပေး မြိန်ရေယှက်ရေ မျှဝေနေကြောင်း
ဟိုင်း :D - :HI [ ဟိုင်း-HI ပါ ]
Hello :P - ဟယ်လို :D [ Hello - ဟယ်လို ပါ ]
မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ -
Nice To Meet U ပေါ့ - ဟိုင်းလား အိုကေပါ ဒါဆို HELLO !
Oh ! ဘယ်နှယ့်ရှိစ ခင်ဗျားတို့၊ကျုပ်တို့၊သူတို့ရဲ့ Chat Room များအကြောင်း
တစ်နေ့တစ်ကြိမ်မသုံးရမနေနိုင် Mark Zuckerberg ရဲ့ ဆိုရှယ်နက်ဝါ့ခ် ဖေ့ဘုတ်ခ်အကြောင်း
အပြန်ပြန်အလှန်လှန်ဖတ်ရှုနေရ ကဗျာဆရာများစွာလက်တို့ ကဗျာNote ပေါင်းစုံ မှတ်ချက်များအကြောင်း
အပျောက်အရှများလွန်းလာ ကသောကမျောစီးဆင်းမှု အလေအလွင့်အတွေးတစ်ချို့အကြောင်း
လက်ရှိအချိန်ရေးဖွဲ့ ကဗျာ ( မိမိဘာသာအမည်ပေးထားခြင်း ) အမည်ခံ စာစုတစ်ခု၊
အိပ်မက်တစ်ပုဒ် ၊ စာသားအဆောက်အအုံ၊ ဇာတ်လမ်းဇာတ်ကွက်တစ်ခုအကြောင်း
White Board တွင်ရေးသားထားရှင်းရန်ရှိဆော့ဝဲလ် Error များ၊ စာရင်းရိုက်သိမ်းဆည်းထားအချိန်ပိုနာရီစုပေါင်းများ
လကုန်ရက်ထုတ်ယူနိုင် အလုပ်နှစ်ခု လစာငွေအရေအတွက် အသပြာများ ခန့်မှန်းခြေအကြောင်း
နေ့စဉ်ရက်ဆက်ကြိမ်ဖန်များစွာ နားထောင်နေရ ထက်နေကြည် ရဲ့ ( မသိချင်ဘူး ) သီချင်းတစ်ပုဒ်အကြောင်း
စိတ်ကူးဆန်း ကဗျာဆရာတစ်ယောက်မှ Mandalay ICON Eden ကိုရွှေကိုယ် ကဗျာတစ်ပုဒ်တွေ့မိကြောင်း
မလန်းကြောင်း၊ မဂွမ်းကြောင်း ၊ အသင့်အတင့်သာရှိကြောင်း၊ ဆက်လက်ရေးသားစေလိုကြောင်း
Please – Please ! တစ်ဆိတ်လောက်ကျေးဇူးပြု ဤနေ့၊ နောက် ယခင်နေ့ ၊ နောက် ဟိုတစ်နေ့
မနက်ခင်းခြောက်နာရီနှိုးစက်မြည်ချိန် အိပ်ရေးမ၀သလို ထင်လိုက်မိကြောင်း
အိုမင်းမှုနှေးကွေးစေအကျိုးအတည်သက်ရောက်ကြောင်း သေချာစိတ်ချလျှင်
မဆီမဆိုင်လှစ်ဟမော်ဒယ်လ်များကြေငြာ ရုပ်မြင်သံကြားပါ အားဆေးအကုန်ဝယ်သောက်လိုကြောင်း
ဆွေး အမည်ရ ကဗျာတစ်ပုဒ် ဖန်တီးရှင် ကဗျာဆရာငယ်လေးတစ်ဦး သံယောဇဉ်ကြိုးများအကြောင်း
ရေရာစွာမသိရှိသေး သူငယ်ချင်းတစ်ဦး၊ နှစ်သိန်းတန်ဖုန်းတစ်လုံး မရှိမဖြစ် အရေးပါပုံအကြောင်း
ဟိုအကြောင်း၊ ဒီအကြောင်း၊ ခင်ဗျားအကြောင်း ၊ ကျွန်တော့်အကြောင်း၊
စက်ရုပ်တစ်ရုပ် ၊ နတ်ဘုရားတစ်ပါး ၊ တန်ခိုးရှင်တစ်ဦး ဖြစ်ချင်ဖူးခဲ့ ငယ်ဘ၀အိပ်မက်များအကြောင်း
ရှည်လျားထွေပြား မနေမနား တစ်သွားတည်းသွားကြ ဒီမိုကရေစီနိုင်ငံတွင်း တရားမျိုးစုံအကြောင်း
ခင်ဗျားက သိပ်လျှို့ဝှက်တာပဲ  တံဆိပ်ကပ်အမည်တပ်ခံရ ကျွန်တော့်တည်ဆောက်ပုံအကြောင်း
ငြိမ် ငြိမ် သက် သက် လေး တွေ ဝေ နေ ရင်း စဉ်း စား မရ ဖြစ် နေ မိ ကျွန်တော့်နာမည်အကြောင်း
What is My Name ? Ans : My Name is CRYPTO Person !
  
 ရွှေကိုယ်နတ်(UCSM)

[11.01.2013 – 1:41 PM ]

  

No comments:

Post a Comment