Tuesday, December 25, 2012

လက်ဝဲဘက်ခြမ်းမှာ ဒဏ်ရာဖဲပြားကိုချည်နှောင်မိလို့ ဆွေးးးး

နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေဟန်ပါပဲ
ညင်သာစွာ အဆုံးသတ်ချိန်က တံခါးတွေကိုဖွင့်ပြီး အဝေးကိုထွက်သွားတယ်
လာလာနားခိုနေတဲ့ နာမ်ချည်းသက်သက် စိတ်အကျိုးအပဲ့ တွေအပေါ်
ဝေ့၀ိုက်လို့  တစ်ခါတစ်လေမှမဟုတ်ဘူး ခဏခဏတွေးနေမိတယ်
သွေးလိုပန်းထွက်နေတဲ့  အိပ်မက်မြစ်ထဲ အနက်ရှိုင်းဆုံးဆိုတဲ့ နေရာကို
ဘယ်တက္ကနိသုံးလို့ အရောက်သွားနိုင်မယ်ထင်နေတာလဲ
ချစ်မေတ္တာရယ် အွန်လိုင်းပေါ်တက်ပြီး ဆွေးနေစရာလား
သစ်ရွက်ခြောက်လေးတွေလည်း ပြန်ရှင်သန်ကောင်းပါရဲ့ 
ငါမေးမယ် ဆက်ဆက်ပြန်လာမှာလား ပြောခဲ့ 
တယ်လီဖုန်းရုံလေးထဲ အသံတိတ် ဆူပွက်နေခဲ့ ရတယ်
မင်းကငါ့ရဲ့ စိတ်ဆုံမှတ် ရလဒ်(၄၀)တိတိ အောင်မှတ်ရရုံပျော်ခဲ့ မိတာပဲ
ခံစားမှုနာဗ့် ကြောတွေ ထုံထိုင်းလို့ မင်းဆီ အကွာအဝေးက ဖုန်းခေါ်သံတွေလိုရှည်လျားလာတယ်
စိုးရိမ်ဒီရေတွေ မြင့်တက်လို့ အသွေးအသားတွေဟာ
သူတစ်ပါးထိပါးဖို့ အတွက်မဟုတ်ရပါဘူး
ဦးနှောက်ထဲ ငွေဒင်္ဂါးတွေ သိပ်ပြီးအလုပ်လုပ်တတ်ကြပါရဲ့ 
ချောက်ထဲကရေတံခွန်ဆီ မရောက်ခင်မှာပဲ အဆင်ပြေသွားနိုင်တယ်
အခွင့်အရေးက အချစ်ရေ မေ့ထားလိုက်တော့ဆိုတဲ့ ပုံစံမျိုး
အခန်းထဲ လင်းတစ်ဝက်မှောင်တစ်ဝက် ထိုင်နေမိတော့တယ်
အပျင်းပြေစစ်တိုက်တမ်းကစားတတ်တဲ့ လူတွေက
သံသယဘီးလုံးတွေကို ဇွတ်လှိမ့်နေကြတော့တာပဲ
စိတ်တိုင်းကျ ငါ့မော်လီကျူးတစ်ရှူးတွေနဲ့ သန့် စင်သုံးစွဲပါ ထို့ နောက်လွှင့်ပစ်ခဲ့ ပါ
နာကျင်မှုမြင့်မားတဲ့ အရှိန်ကို စက္ကူပန်ကာလေးက ရယ်နေခဲ့ တယ်
အနီရောင်မင်းနာမည်ကို ခန်းမမျက်နှာကျက်မှာ ခြယ်သလို့ 
နာကျင်မီးသီးလေးထဲ ၀င်ရောက်လောင်ကျွမ်းပစ်လိုက်ရတော့မှာ။ ။
 
        နေအေဒီ

No comments:

Post a Comment