ရွက်ကြွေတော့ဖြင့်ရွက်ကြွေပေါ့လေ
သေဆုံးပြီးသားသစ်ရွက်တွေ
သူတို့ရဲ့သူရဲကောင်းသမိုင်းကတော့
မြသားရောင်စိမ်းနေတယ်။
(လူငယ်)
(၁)
ရွက်ကြွေရင်ပြင်ထဲငေးရင်းလူငယ်ဟာ အတိတ်ကိုရောက်သွားပြန်တယ်။သူ့အစိမ်းရောင်ဟာသိပ်ကိုဖျော့တော့လွန်းပါရဲ့။အို..အမှောင်နံရံဆီထိစမ်းကြည့်တော့ အေးစက်လွန်းလှချည့်။
ဘယ်လောက်ကျယ်ပြောတဲ့ space သို့မဟုတ်စင်္ကြ၀ဠာပဲဖြစ်ပါစေ မှောင်နေတဲ့အခါ အရာရာဟာ ကိုယ့်တစ်ကိုယ်စာ ခေါင်းတလားတစ်လုံး
လိုကျဉ်းမြောင်းသွားတတ်စမြဲပဲမဟုတ်လား။တကယ်တော့လူငယ်ဆိုတာ လွတ်လပ်ခြင်းနဲ့ အလင်းကို နှလုံးသားဒွါရပေါက်တွေကနေ ၀၀
လင်လင်အသက်ရှူနေထိုင်လိုသူတွေ.....ခုတော့..။လူငယ်ဟာလေးဘက်လေးတန် အမှောင်နံရံမှာ နှစ်ပေါင်းများစွာ အနေကြာအနည်ထိုင်
ခဲ့ရတယ်။ဒီလိုနဲ့သူဟာ သူသီချင်းဆိုတတ်တယ်ဆိုတာကို ပြန်မေ့လျော့ပြီး သူသီချင်းမဆိုတတ်တော့ဘူး။သူဟာရေကူး စက်ဘီးစီး၊လမ်း
လျှောက်၊အမှန်တရားကိုအမှန်အတိုင်းပြောဆို၊အနုပညာဖန်တီးတတ်တယ်ဆိုတာကို သူပြန်မေ့လျော့ပြီး သူဟာရေမကူး၊စက်ဘီးမစီး၊
လမ်းမလျှောက်၊အမှန်တရားကိုအမှန်အတိုင်းမပြောဆို၊အနုပညာလည်းမဖန်တီးတတ်တော့ဘူး။
အမှောင်ကမ္ဘာမှာဘာတွေရှိသလဲ။အမှောင်ကမ္ဘာမှာ သူလိုငါလိုပဲ တိုက်တာအဆောက်အဦ၊လမ်းတံတားနဲ့ကျယ်ပြောတဲ့
လူမှုစီးပွားပညာရပ်နယ်ပယ်တွေရှိတာပါပဲ။သို့ပေမယ့်စောစောကပြောတဲ့ အမှန်တရားဆိုတာတို့၊လွတ်လပ်ခြင်းတို့ဆိုတဲ့ ပုဂိုလ်တွေရဲ့
ကျောပြင်ကို ပြပြလေးမြင်လိုက်ရလို့ အပြေးအမီလိုက်နှုတ်ဆက်မယ်ကြံတိုင်း လူငယ်စီးနင်းလာတဲ့ ရထားဟာ သံလမ်းချော်တိမ်းမှောက်
ခဲံရတာချည်းသာ။သူ့သမိုင်းဟာ အေးစက်အထီးကျန်လွန်းခဲ့ပါတယ်လေ။သွေးထဲမှာနှစ်ပရိစ္ဆေဒများစွာ အဆိပ်ဟာပျော်ဝင်နေရဲ့။လူငယ်
ဟာမနက်လင်းတိုင်း ရင်မှာမီးလိုပူတယ်။
"ရေပေးပါ"
"ရေပေးပါ"
"နိုးးးးး"
"ရေခန်းနေတယ်။အမှောင်ကမ္ဘာမှာအငွေ့သက်သက်ပဲရှိတယ်။ငြိမ်းချမ်းအေးမြခြင်းရဲ့သရုပ်ဟာ တကယ်မရှိဘူး။မူရင်းဘာသာစကားကို
updateပြန်လုပ်ထားတဲ့versionအသစ်နဲ့နှလုံးသားမလို ဘာသာစကားတစ်မျိုးပဲရှိတယ်။"
စကားပြောလိုက်တိုင်း တစ်ကိုယ်လုံး စက်ရုပ်ဆန်သွားတဲ့ ဘာသာစကားကိုလူငယ်မုန်းတယ်။အမှောင်ကမ္ဘာမှာ လူတွေဟာရိုးရိုးသားသား မရယ်မောတတ်ကြတော့ဘူး။ရိုးရိုးသားသားလည်းမငိုကြွေးတတ်ကြတော့ဘူး။လူငယ်တွေးတယ်။လူ့အဖွဲ့အစည်းတစ်ခုလုံးစာ တွေးခေါ်
မြဲတွေးခေါ်မိနေပြန်တယ်။ အဲဒီရယ်သံတွေ ငိုသံတွေကိုက အဲဒီအေးစက်မှောင်မိုက်မှု အားအင်ထုတစ်ခုရဲ့အောက်မှာ ကြောက်လန့်တ
ကြားဖြစ်တည်နေရတဲ့အသံတွေပဲလို့ နေတွေးခေါ်ခံစားမိပြန်တယ်။အဲဒီအတွေးရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ လူငယ်ဟာ တစ်ကိုယ်
တည်းနာကျင်ဝမ်းနည်း နေရပြန်တာပါပဲ။
(၂)
"မေတ္တာတရား"
"သစ္စာတရား"
အော်ခေါ်လိုက်တဲ့အခါတိုင်း လည်ချောင်းအသံအိုးထဲ တစ်ခုခုတစ်ဆို့နေသလိုမျိုး၊အဲဒီအသံဟာကြောက်မက်ဖွယ် vampire တစ်ကောင်ရဲ့အသံနဲ့သာပိုတူတယ်။လူငယ်ဟာ ခေတ်ထဲနေထိုင်နေရင်း ကိုယ့်အသံကိုယ်ပြန်ကြောက်လန့်တကြားဖြစ်ရ၊အံသြရတယ်။
"အမှန်တရား"
"အမှန်တရား"
"အမှန်တရား"
အဲဒီလိုသံပြိုင်ရွတ်ဆိုပြီးတော့ ကြောက်မက်ဖွယ် နိုင်ငံရေးစစ်ပွဲတွေထဲ သစ်ရွက်တွေဘယ်လို တဝေါဝေါကြွေခဲ့ကြသလဲ။ အို...သစ်ရွက်တို့ရေ။
အမှောင်မှာ ဘာသာစကားနဲ့အဲဒီဘာသားစကားရဲ့အဓိပ္ပာယ်တွေဟာ သိသိသာသာ မှားယွင်းပြတ်ရွေ့နေခဲ့ပါပြီ။နူးညံ့ခြင်းဟာပျော့ညံ့ခြင်း၊
ကိုယ်ကျိုးစွန့်ရဲရင့်ခြင်းဟာ မိုက်ရူးရဲဆန်ခြင်းတဲ့။ဖေါ့သွပ်နေတဲ့ရေပေါ်ဆီဆန်ဆန် အဆိပ်အပင်းသီချင်းသံတွေ၊အပေါစား ကြော်ငြာ
ဆိုင်းဘုဒ်တွေ၊သူရဲဘောကြောင်တဲ့ ရေလိုက်သင့်ငါးလိုက်သင့် လူမှုဆက်ဆံရေးတွေ၊ကိုယ့်မထိခိုက်ရင်ပြီးတာပဲဆိုတဲ့ စိတ်အရည်အ
သွေးမျိုးတွေ၊အမျိုးသားရေးနဲ့သမိုင်းစိတ်မရှိတဲ့ အနုပညာလက်ရာ အမျိုးအစားနဲ့၊အဟောင်းအမြင်း အစုတ်အပြတ်တွေ၊ဒါတွေဟာ တား
ဆီးချိန်မရပါဘဲ လူငယ်ရဲ့ဒွါရပေါက်တွေအားလုံးထဲ စိမ့်ဝင်ပြီး အသက်ရှူလမ်းကြောင်းဟာ တဖြည်းဖြည်း ရပ်တန့်သွားတော့မတတ် ကျပ်
ကျပ်လာတယ်။
(၃)
မျက်နှာမူပါ နေထွက်ရာ
လက်နှစ်ဘက်ကို ဆန့်တန်းပါ
အရှေ့နေတောက် ကျောအနောက်
ဝမ်းမြောက်ဝမ်းသာမှတ်ကြပါ
ဟောဒါလက်ဟာတောင်ဘက်ပါ
ဟောဒါလက်ဝဲမြောက်ဘက်ပဲ။ ။
လူငယ်ဟာ ဘယ်အရာရဲ့ဘယ်အရပ်မှာရောက်ရှိနေပါသလဲ။အသိဥာဏ် သံလိုက်အိမ်မြှောင်ကလေးဟာ အမျိုးမျိုးလွဲချော်မှောင်မိုက်နေ
တယ်။ငယ်ဘ၀ရဲ့ သန့်စင်ဖြူဖွေးတဲ့ နူးညံ့သိမ်မွေ့ခြင်းတရားနဲ့ကိုယ်ကျင့်တရားစံနှုန်းတွေကရော ဘာတွေလဲမှောင်နေတဲ့ လူတစ်ယောက်
ဟာ ဒီတရားတွေကိုရော အရပ်မျက်နှာတွေကိုပါ တိတိကျကျ မသိမြင် မတွက်ချက်နိုင်တော့ဘူး။မသိလိုက်မသိဘာသာနဲ့ပဲ လူငယ်ဟာ
ခေါင်းတလားတစ်လုံးထဲ အေးစက်တောင့်တင်းနေမိတယ်။ လူငယ်ရဲ့ ထိတွေ့ရနိုး၊မြင်ရနိုးဆိုတဲ့ မျှော်လင့်ချက်အိပ်မက်တွေဟာ သူရဲ့ခန္ဒာ
ကိုယ်တနံတလျားမှာ ပွယောင်းဖူးယောင်နေတယ်။
ခေတ်တစ်ခေတ်ရဲ့အရည်အသွေးဟာ ကျိန်စာမိနေတာကြာပေါ့ မေမေ.....။သမိုင်းတန်ဖိုးတွေဟာ google search မှာလည်းရှာလို့မရနိုင်
ဘူး။ခေတ်ဟာ ဖုံးကွယ်သမှုပြုထားတဲ့ အမှောင်ထဲ အိုကြီးအိုမ လူသေအလောင်းတွေထဲ အသေယောင်ဆောင်ပြီး ဆက်လက်မျောပါနေ
ရတဲ့ခေတ်ပဲ၊မြစ်ပဲ။ဒါမှမဟုတ်ရင် လက်ညှိုးထောင်ခေါင်းညိတ်တွေပဲလုပ်တတ်တဲ့ အ'အ'တွေက ရုပ်ဝတ္ထုနဲ့နည်းပညာတိုးတက်မှုနောက်
အုပ်လိုက်သင်းလိုက် ပြေးလိုက်နေတာမျိုးပဲ ဖြစ်လိမ့်မယ်။အို.....တစ်ဦးပေါ်တစ်ဦး စာနာရိုင်းပင်းမှု၊ပြီးတော့ ချစ်ခြင်းမေတ္တာခြောက်
သွေ့တိတ်ဆိတ်လွန်းလှတဲ့ ဒီအရပ်၊လူငယ်ဟာ အဲဒီခြောက်လမ်းသွားလမ်းမကျယ်ကြီးတွေအပေါ်မှာ မတ်မတ်ရပ်လျက် တွေဝေစွာနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လုပ်ကြံရတော့မယ့်အထိ ဖြစ်ခဲ့ရတယ်။
(၄)
"ယူ့ ကြည့်ရတာသိပ်ပင်ပန်းနေတဲ့ပုံပဲ၊ ဒီလိုလေးပြောင်းလဲလိုက်ရတာ ဘယ်လောက်များပင်ပန်းလို့လဲကွယ်၊..ဟင်...ဟုတ်တယ်မလား ဟန်နီ"
ခေတ်ရဲ့သွေးစုပ်ဖုတ်ကောင်တွေက လူငယ်ကို နည်းလမ်းအမျိုးမျိုးနဲ့ မြှူဆွယ်ဖြားယောင်းကြတယ်။လူငယ်ဟာ တိုက်နံရံကြိုနံရံကြား အ
မြဲတစေသတိချပ်ပြီး လျှောက်လှမ်းသွားလာနေရတယ်။ကိုယ့်ဗီဇအသက်ဓာတ်ကို လွတ်ထွက်မသွားအောင် အတင်းကာရော ကြိုးစား
ရုန်းကန်နေရတယ်။ကိုယ့်ကိုယ်ကိုယ်ရော လူစစ်စစ်မှဟုတ်သေးရဲ့လား ခဏခဏ သင်္ကာမကင်းပြန်စစ်ဆေးရတယ်။ဘယ်လောက် သွေး
ပျက်ဖွယ်ကောင်းတဲ့ချောက်အိပ်မက်တွေလဲ။
နှလုံးသားပျောက်ဆုံးထားတဲ့ လူ့အဖွဲ့အစည်းရဲ့နေ့ရက်တွေဟာ နာနာဘာဝဆန်တယ်မဟုတ်လား မေမေ....။ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်လူသားချင်း၊ဘာလို့ အချိန်မရွေး သင်္ကာမကင်းဖြစ်နေခဲ့ရသလဲ။သံသယရဲ့မီး၊အထီးကျန်မှုရဲ့မီးတွေဟာ လူငယ်ရဲ့နှလုံးသားရင်
ပြင်မှာတစ်ခုမှသုံးမရအောင်လောင်ခဲ့ပြီ။
လူငယ်ဟာရွက်ကြွေရင်ပြင်ထဲ။လူငယ်ဟာတွေပြီးငေးနေမိတုန်းပါပဲ။ သစ်ရွက်တွေဟာ သမိုင်းတစ်လျှောက် ဘယ်လိုတဝေါဝေါကြွေ
ခဲ့ရသလဲ။မိခင်ဖခင်သစ်ပင်တွေရောဘယ်လောက်ထိ ခြောက်သွေ့သေဆုံးခဲ့ရပြီးပြီလဲ။ကောင်းမြတ်ခြင်းတရားတွေဟာ ရှားပါးခန်း
ခြောက်လာတယ်။ရာသီဥတုဖောက်ပြန်လာတယ်။တံလျှပ်တွေချည်းတဝေါဝေါစီးဆင်းနေတဲ့ ရေတံခွန်ကရော ရေတံခွန်အစစ်တဲ့လား၊
ငြိမ်းချမ်းရေးအစစ်ဆိုတာတဲ့လား။လူငယ်ဟာ အမှန်တရားနဲ့ငြိမ်းချမ်းရေး ဒါတွေနဲ့မှမရောစပ်ရင် ပျော်ဝင်မလွယ်တဲ့ အစိုင်အခဲလေး
တစ်ခုအဖြစ်သူ့ကိုယ်သူဇွတ်မာကျောနေခဲ့ရတယ်..........နှစ်ကာလပေါင်းများစွာပေါ့။
(၅)
လူငယ်ဟာသူ့ရဲ့စိမ်းလန်းဖို့အားအင်တွေကို လူဆိုးဓားပြတွေမသိအောင် တစ်နေရာရာမှာ လျှို့ဝှက်သိမ်းဆည်းထားရတဲ့ သစ်ရွက်လေး
တစ်ရွက်ပေါ့ မေမေ.....။လူငယ်ဟာရွက်ကြွေရင်ပြင်ထဲ ငေးရီလွတ်မျောရင်း အမှောင်မှာအနေကြာခဲ့တဲ့အဆိပ်တွေကို ပြန်လည်စွန့်
ထုတ်ကုသနေသလား။ဒါမှမဟုတ်သူ့ရဲ့ဘ၀တစ်လျှောက်လုံး အံ့သြနဘန်းကြုံတွေ့ခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေကြောင့်ပဲ သွေးပျက်ထိတ်
လန့်ပြီးဆွံ့အနေသလား။ပုံမှန်အခြေအနေကို ပြန်မရောက်နိုင်သေးဘူးလား။လူငယ်ကိုလှုပ်နှိုးပေးပါ။ရေအေးအေးတစ်ခွက်တိုက်ပါ။ဘယ်
လိုပဲပိန်းပိတ်အောင်မှောင်ပါစေ။တစ်ကိုယ်စာကိုယ်တွင်းမှာပဲ ကြည့်မြင်တတ်ရင် အလင်းရောင်ဆိုတာရှိတယ်။မျှော်လင့်ချက်ဆိုတာရှိ
တယ်။ကြည်လင်စိမ်းလန်းမှုနဲ့ ငြိမ်းချမ်းရေးဆိုတာရှိတယ်။လူငယ်တစ်ယောက်ချင်းစီတိုင်းရဲ့အဲဒီအလင်းရောင်လေးတွေ စုစည်းလိုက်တဲ့
အခါ ပထမ နေသာထိုင်သာမျှော်လင့်ချက်ကို ရရှိမယ်။ဒီလိုနဲ့ အလင်းရောက်လေးတွေ ပိုပိုများလား ပိုအင်အားကြီးလာတဲ့အခါ အဲဒီမှာ
မြင်ရမှာက စည်းလုံးညီညွတ်တဲ့ ငြိမ်းချမ်းစိမ်းလန်းခြင်းလေးကို မြင်ရမှာ။
သေချာပါတယ်လူငယ်ဟာ ခေတ်သမိုင်းတလျှောက် သစ်ရွက်ကလေးတွေ ဘယ်လိုအားတိုက်အင်တိုက် စိမ်းလန်းခဲ့ကြသလဲဆိုတာက
နေ စတင်တွေးခေါ်လိမ့်မယ်။ပရဟိတဆန်တဲ့လုပ်ရပ်၊သူ့ဘ၀တစ်လျှောက်လုံး ကျားကုတ်ကျားခဲ ကာကွယ်ခဲ့ရတဲ့သူ့ရဲ့ကောင်းမြတ်ခြင်း
တရားတွေနဲ့ သူဟာအနာဂတ်အတွက် အရေးပါအရာရောက်တဲ့ စိမ်းလန်းဖွယ့်သစ်ရွက်ကလေးဆိုတဲ့ သူ့ကိုယ်ပိုင်အလင်းရောင်လေးကို
သူပြန်မြင်နိုင်လာလိမ့်မယ်။
လူ့လောကရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်မရှိတဲ့ အမှောင်ကို လွတ်လပ်စွာပြောရေးဆိုခွင့်ရှိအောင် လုပ်ဆောင်မယ်။မမျှတ မယဉ်ကျေးတဲ့
အမှောင်ကို မျှတယဉ်ကျေးအောင်ပြုလုပ်မယ်။ အဲဒိအတွက် သူ့ရဲ့မိုက်ရူးရဲဆန်ခြင်းမဟုတ်တဲ့ရဲစွမ်းသတ္တိုကို တပ်ဆင်ရမယ်။တစ်ချိန်ကြွေ
စေဦးတော့၊လူငယ်ရဲ့သမိုင်းဟာ ကမ္ဘာတည်သရွေ့ ဆက်လက်စိမ်းလင်းတောက်ပနေလိမ့်မယ်။ လူငယ်ဟာသူငေးနေတဲ့ရွက်ကြွေရင်ပြင်
တစ်ခုလုံးကို အလင်းမှုန်ကလေးတွေအများကြီး ဖြန့်ကျက်ထားတယ်လို့ အတွေးအခေါ်လင်းလက်သွားတာနဲ့တပြိုင်နက် သူလျှို့ဝှက်သိမ်း
ဆည်းထားရတဲ့ စိမ်းလန်းဖို့အားအင်နဲ့ အဖိုးမဖြတ်နိုင်တဲ့ ငယ်ရွယ်နုပျိုမှုကို လူငယ်ဟာ ပင့်ဆောင်လာလိမ့်မယ်။ လူငယ်ဟာ တိတ်ဆိတ်
ဆွံ့အပြီး အမြဲတစေသိမ်ငယ်နေရတဲ့လူငယ် မဟုတ်တော့ဘူး။ကြွေသက်သေဆုံးရမှာချင်းအတူတူ အဓိပ္ပာယ်အနှစ်သာရရှိတဲ့(ရောရိရော
ရာနဲ့ ကိုယ်ရောင်ကိုယ်ဝါမရှိတဲ့ အောက်တန်းစားရှင်သန်ခြင်းမျိုးမဟုတ်ဘဲ)ရှင်သန်နိုးထခြင်းနဲ့ စိမ်းလန်းလာလိမ့်မယ်။သူ့ရဲ့အဲဒိလိုရှင်သ
န်နေထိုင်ရခြင်းအပေါ်မှာလည်း သူဟာ ပျော်ရွှင်တက်ကြွနေလိမ့်မယ်။
လူငယ်ကပြောတယ်။ အမှောင်ဟာပြိုကိုပြိုကျရလိမ့်မယ်။မိစ္ဆာစိတ်နေစိတ်ထားတွေ ကွယ်ကိုကွယ်ရလိမ့်မယ်။လူငယ်ဟာ သူ့အားအင်နဲ
တစ်လောကလုံးကို စိမ်းမြနေအောင်သုတ်လိမ်းလိမ့်မယ်။ဒီလိုရည်ရွယ်ချက်တွေကြောင့် လူငယ်ဟာ သူ့ရဲ့ အဖိုးတန်တဲ့ကောင်းမြတ်ခြင်း
တွေကို အသက်နဲ့လဲ ကာကွယ်ခဲ့တာပေါ့။တစ်နေ့ကြွေစေဦးတော့ ၊သူ့ရွက်ကြွေရင်ပြင်ထဲ ဘယ်သူမှ ချနင်းရက်မယ်တောင်မထင်ဘူးတဲ့။
(၆)
ရွက်ကြွေရင်ပြင်ထဲ
ရွက်ကြွေတော့ဖြင့်ရွက်ကြွေပေါ့လေ
သေဆုံးပြီးသားသစ်ရွက်တွေ
သူတို့ရဲ့သူရဲကောင်းသမိုင်းကတော့
မြသားရောင်စိမ်းနေတယ်။ ။
(လူငယ်)
ဝီရထက်နောင်
-မျှတယဉ်ကျေး
မင်းစိုးရာရဲ့လက်ရာတွေမှာ မကြာခဏ သုံးလေ့ရှိခဲ့တဲ့ စကားလုံး။

No comments:
Post a Comment